ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များတွင် အမိုးအကာများတပ်ဆင်ပြေးဆွဲရန် မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိထားကြောင်း တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝိတင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

KHY car

ကျိုက်ထီးရိုးတောင်ပေါ်သို့ လာရောက် ဖူးမျှော်ကြသည့် ဘုရားဖူး ပြည်သူများ အန္တရယ် ကင်းရှင်းစေရေးအတွက်တောင်တက် မော်တော်ယာဉ်များ(၁၀)စီးကိုအမိုးတပ်၍ သြဂုတ်လ ၅ရက်နေ့ကစတင် စမ်းသပ်မောင်းနှင်ခဲ့ပြီး၊ ယာဉ်အားလုံးတွင် တပ်ဆင်မောင်းနှင်ရန် သြဂုတ်လ ၁၀ရက်နေ့တွင် မွန်ပြည်နယ် မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားသို့ ခွင့်ပြုချက်တောင်းခံထားခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အမိုးများကို မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု မှ ကြံ့ခိုင်မှုများစစ်ဆေးပြီးလိုအပ်ချက်များမှာကြား၍ အပြီးသတ် တပ်ဆင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်နယ် အစိုးရ၏ ခွင့်ပြုချက် ရရှိထားသည့်အတွက် လက်ရှိကျိုက်ထီးရိုးတောင်ပေါ်သို့ ပြေးဆွဲနေသည့်
တောင်တက်ကားအစီး ၁၅၀ ကိုအမိုးအကာများတပ်ဆင်ထားကြောင်း ၎င်းကဆိုသည်။

ထို့နောက်တောင်ဖွင့်ရာသီရောက်ရှိပါကပြည်နယ် ယာဉ်စစ်အဖွဲ့ကလည်းလာရောက်စစ်ဆေးမည် ဖြစ်ကြောင်းဦးဝိတင်ကပြောသည်။

ထို့အပြင် ရသေ့တောင်လမ်းဆုံတွင် ဂိတ်ကြီးတစ်ခုဆောက်လုပ်နိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြထားကြောင်းကျိုက်ထီးရိုးတောင်တက် ယာဉ်အသင်းထံမှ သိရသည်။

Leave a Reply