ကျိုက်ထီးရိုးတောင် ပေါ်တွင် သတ်မှတ်အမြင့်ပေ ၃၀ ထက် ကျော်လွန်ဆောက်လုပ်ထားသော ရိုးရိုး လေး ဟိုတယ်အပါအဝင် အခြား ဟိုတယ် များ ကိုပိတ်ပင်၍ အလှူခံများ ကန်ထရိုက်ပေးခြင်း စနစ်များကို ဖျက်သိမ်း မည်ဖြစ်ကြောင်း ပြည်ထောင်စု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှု ဦးအောင်ဆန်း ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

khy view

“ ဟိုတယ် ဖျက်သိမ်းရေးနဲ့ အလှူခံ ကိစ္စကို လက်ရှိမှာတော့ ကျွန်တော်တို့ အချိန်မသတ်မှတ်ရသေးပါဘူး၊ ဘယ်တော့စလုပ်မလဲဆိုတာ သတ်မှတ်ပြီးရင် သာသနာရေးရာဝန်ကြီးဌာန ဝက်ဆိုဒ် ကထပ်ကြေညာ ပေးပါမယ့်” ဟု၎င်းက ပြောဆိုသည်။

စက်တင်ဘာ ၁၂ ရက်နေ့ တွင် ထုတ်ပြန်သော သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တွင် ကျိုက်ထီး ရိုးတောင်ပေါ်ရှိ လုပ်ငန်းရှင်များကတည်းခိုခန်းပြုလုပ်ထားသော ဓမ္မာရုံများကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ရဟန်းရှင်လူပြည်သူအများ အခမဲ့တည်းခိုခွင့်ရရှိရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကျိုက်ထီးရိုးသို့ နေ့စဉ် ဘုရားဖူးလာသည့် အများပြည်သူများကို စေတီတော်ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်း စခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေးဆောင်ရွက်ခြင်း လုပ်ငန်း များကို ဖျက်သိမ်း၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် စေတီတော်ဝန်ထမ်းများဖြင့် အစား ထိုးကာ အဆိုပါလုပ်ငန်းများကို ဂေါပကအဖွဲ့မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် သာသနာရေး ရာဝန်ကြီး ဌာနမှ ညွှန်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်းအရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစား မမှန် ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ပြုပြင်နိုင်ရန် ရွှေဆိုင်တင်ဒါပေးသွင်း မှုစနစ် မှန်ကန်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီမံကြီးကြပ်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာ နမှ ထုတ်ပြန်ထားသည်။

Leave a Reply