ကျိုက်ထီးရိုးတောင်ပေါ်ရှိဝန်ဆောင်မှုလုပ်ငန်းများကိုဘုရားဖူးခရီးသည်များကဝေဖန်နေကြသည့်အတွက်
ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဈေးဆိုင်ခန်းများ၏ စည်းမျဉ်းစည်းကမ်းများကိုစနစ်တကျ သတ်မှတ် မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များကပြောကြားသည်။

kty

အဆိုပါ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်နိုင်ရေးအတွက် အောက်တိုဘာလ ၆ရက်နေ့တွင် ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့အသစ် နှင့် ဈေးဆိုင်ခန်းပိုင်ရှင်များ တွေ့ဆုံမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်မျိုးကပြောသည်။

“အဓိကဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ဘုရားဖူးခရီးသည်တွေ၊ဈေးနှုန်းသက်သက်သာသာနဲ့ တည်းခိုစားသောက်နိုင်ဖို့အတွက်ကို ဘယ်လိုလုပ်ဆောင်ပေးနိုင်မလဲဆိုတာ ပိုင်ရှင်တွေနဲ့တွေ့ပြီးအသံတွေကိုနားထောင်မယ်၊စည်းကမ်းပိုင်းတွေ သတ်မှတ်မယ်”ဟု၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ပြဿနာတစ်စုံတစ်ရာမရှိသောဈေးဆိုင်ခန်းများကို လာမည့်တောင်ဖွင့်ချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိဆိုင်ခန်းတွေကိုပဲ ကြိုတင်ပြင်ဆင်ခိုင်းထာတယ်၊ တင်ဒါကိစ္စတွေကိုတော့ သူတို့နဲ့ဆွေးနွေးပြီးမှပဲသတ်မှတ်ဖို့ စီစဉ်ထားတယ် ”ဟုဦးမောင်မောင်မျိုးကရှင်းပြသည်။

သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုဈေးဆိုင်ခန်းများကလိုက်နာမှုရှိမရှိဂေါပကအဖွဲ့ကစနစ်တကျစောင့်ကြည့်ကာ စည်းကမ်းဖောက်ဖျက်ပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး ကျိုက်ထီးရိုး ဘုရားပေါ်ရှိ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ဘုရားပွဲရာသီကလည်း နီးကပ်နေပြီ၊ ခုထိ ဆိုင်ခန်းတွေ ကိုလည်းမပြင်ဆင်ရသေးဘူး၊ ကျသင့်တဲ့အခွန်တွေ လည်းမတင်သွင်းရ သေးဘူး၊ အပြောင်းအလဲဘာတွေဖြစ်မလဲဆိုတာကို ဈေးသူဈေးသားတွေကလည်း စိုးရိမ်ပူပန်မှုတွေရှိနေ ကြတယ်” ဟုဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦးကပြောဆိုသည်။

ထို့အပြင် ကျိုက်ထီးရိုးတောင်ပေါ်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်းများဈေးနှုန်းများမြင့်မားနေမှု၊ တည်းခို စရိတ်များ မြင့်တက်နေမှုများ ကို စီမံကြီးကြပ် မည်ဖြစ်ကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Leave a Reply