Advertisements

ကျိုက်ထို၊ စက်တင်ဘာ ၁ ၂၇

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်ကြီးတွင် လာမည့်ဒီဇင်ဘာလ၌ စတင်ပြေးဆွဲဖွင့်လှစ်မည့် ကေဘယ်လ် ကားစီးဧည့်သည်များအတွက် တောင်တက်ကား သီးသန့်ပြေးဆွဲပေးရန်အစီအစဉ်မရှိကြောင်း စက်တင်ဘာလ၁၈ရက်က တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

အဆိုပါကေဘယ်လ်ကားများမှာ ရသေ့တောင်ဂိတ်မှ ကျိူက်ထီးရိုးတောင်ပေါ်ထိ အမြင့် ၃၈ မီတာတွင် ပြေးဆွဲမည်ဖြစ်ကြောင်း SKY ASIA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကေဘယ်လ်ဆီကိုတော့ ကားသီးသန့်ပြေးဆွဲဖို့တော့မရှိဘူး။ ပုံမှန်အတိုင်းရသေ့တောင်နဲ့တောင်ပေါ်ထိပဲဆွဲမှာပါ။ ရသေ့တောင်ကားဂိတ်ကနေ ကေဘယ်လ်ဂိတ်ကိုသွားပေါ့။ တောင်တက်ကားလည်းအစီးရေထပ်မတိုးပါဘူး။ ယခင်ဆွဲနေကျအတိုင်း အစီး၁၅၀ပါပဲ“ ဟု ဦးမျိုးမြင့်က ဖြည့်စွက်ပြောသည်။

အဆိုပါ ကေဘယ်လ် ကားလိုင်းကို သီတင်းကျွတ် လပြည့်၊ ပွဲတော်ချိန်အမီ ဖွင့်နိုင်မည်ဟု ယခင်ကပြောကြားထားသော်လည်း ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပေ။

ကေဘယ်လ်ကားတစ်စီးလျှင် လူ၈ဦးလိုက်ပါနိုင်ပြီး တစ်ကြိမ်လျှင်၄၃စီးပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ တစ်တွဲလျှင်၅၆၀ ကီလို အလေးချိန်လက်ခံမည်ဖြစ်ပြီး ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ၃၀၀၀ ကျပ် ပြည်ပဧည့်သည် တစ်ဦးလျှင် ၅ ဒေါ်လာနှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ရွေစင်

Advertisements
<

Leave a Reply