(ဓါတ်ပုံအညွှန်း – ကျိုက်ထီိးရိုး ဘုရား တောင်တက်လမ်းအား အပေါ်စည်းမှ မြင်ရစဉ်)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီ တည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်သို့ ကိုရီးယားကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ Cable Car ၄၇ စီးကို ၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်းတွင် ပြေးဆွဲနိုင်မည်ဟု မျှော်မှန်းထားကြောင်း မွန်ပြည်နယ် လွှတ်တော် မှတ်တမ်းအရ သိရသည်။

Cable Car တစ်စီးလျှင် စီးနင်းလိုက်ပါနိုင်သူ ရှစ်ဦးအထိ ပျမ်းမျှလျာထားပြီး တစ်ဦးလျှင်ငွေကျပ် ၃၀၀၀ နှုန်းနှင့် နိုင်ငံခြားသားတစ်ဦးကို ငါးဒေါ်လာ သတ်မှတ်ထားကြောင်းကို မြန်မာ့ရင်းနှီမြုပ်နှံမှု ကော်မရှင်တွင် တင်ပြထားသည် ဟု ၎င်းမှတ်တမ်းအရ သိရသည်။

 (ဓါတ်ပုံအညွှန်း – ကျိုက်ထီိးရိုး ဘုရား တောင်တက်လမ်းအား အပေါ်စည်းမှ မြင်ရစဉ်)

(ဓါတ်ပုံအညွှန်း – ကျိုက်ထီိးရိုး ဘုရား တောင်တက်လမ်းအား အပေါ်စည်းမှ မြင်ရစဉ်)

စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ မှာယူပြီး ကိုရီးယားနိုင်ငံ၏ နည်းပညာများအသုံးပြုကာ တည်ဆောက်မည်ဖြစ်ကြောင်း ပထမကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေး၏ ထုတ်ပြန်သည့် မှတ်တမ်းအရ သိရသည်။

၎င်းစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂၀) ဖြစ်ပြီး ကိုရီးယားကုမ္ပဏီဘက်က ၈၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ ကုမ္ပဏီဘက်က ၂၀ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြုပ်နှံထားကြောင်း ၎င်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။

Cable Car ၀န်ဆောင်မှုလုပ်ငန်း၏ ပင်မနေရာကို ရသေ့တောင် ကားစခန်းအနီး သစ်တောမြေဧရိယာ ၅ ဒသမ ၅ ဧကတွင်လည်းကောင်း၊ ကျိုက်ထီးရိုးတောင်ပေါ် Cable Car Station ကို တောင်တက် ကားလမ်းဟောင်းနှင့် ကားလမ်းသစ် ဆုံရာ အနီး၏ မြောက်ဘက်တွင် သစ်တောမြေဧရိယာ ၁ ဒသမ ၅ ဧကတွင်လည်းကောင်း စုစုပေါင်း ၁၃ ဒသမ ၅ ဧကမြေကို သစ်တောရေးရာဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်းထားပြီးဖြစ်ကြာင်း အဆိုပါမှတ်တမ်းအရ သိရသည်။

Leave a Reply