မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိရိုးရိုးလေးဟိုတယ် အခန်းပို ၁၀၆ခန်းကို
ချိပ်ပိတ်မည်ဖြစ်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောကြားသည်။

kyaik htee yoo

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကတစ်လအတွင်းဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်းရိုးရိုးလေးဟိုတယ်ပိုင်ရှင်က နိုင်ငံတော် အကြီးအကဲများထံအသနားခံစာတင်သွင်းထားသည်။

သို့သော် ချိပ်ပိတ်ရန်သာလုပ်ဆောင်မည်ဖြစ်ကြောင်းမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆိုသည်။

“အကယ်၍တစ်လပြည့်သွားရင်လည်းကျွန်တော်မဖျက် သိမ်းခိုင်းသေးပါဘူး၊ချိပ်ပိတ်တဲ့အနေအထားလောက်ပဲကျွန်တော်လုပ်သွားမှာပါ”ဟုဦးမင်းမင်းဦးကဆိုသည်။
အဆိုပါ ဟိုတယ်အခန်းပို ၁၀၆ ခန်းကိစ္စနှင့်ပတ်သက်ပြီးပြည်ထောင်စုအစိုးရအဖွဲ့နှင့်အစည်းအဝေးထိုင်ကာဥပဒေဘောင်ထဲမှ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရိုးရိုးလေးဟိုတယ် ပိုင်ရှင်သည် နိုင်ငံတော် သမ္မတထံအသနားခံစာတင်ပြထားရာလက်ရှိအချိန်တွင် နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်များကတစ်စုံတစ်ရာလမ်းညွှန်ထားခြင်းမရှိသေးသောကြောင့် ဖျက်သိမ်းရန်အချိန်ကာလတစ်ခုအထိစောင့်ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျိုက်ထီးရိုးစေတီတော်အနီးဆောက်လုပ်ထားသည့် တည်းခိုခန်းများတွင် သတ်မှတ်ချက်နှင့် မညီသောဆောက်လုပ်မှုအချို့ရှိနေသောကြောင့် ယင်းတည်းခိုခန်းများကိုသတ်မှတ်ချက်နှင့် ညီစေရန် တစ်လအတွင်း
ဖျက်သိမ်းရမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနက ဇွန်လ ၂၇ရက်နေ့
ကညွှန်ကြားလိုက်သည်။

ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၇ ရက်နေ့မှ စ၍ အကျုံးဝင်မည်ဖြစ်ပြီးကြေညာချက်အတိုင်းလိုက်နာမှု မရှိ
ပါကဟိုတယ်များကိုပိတ်သိမ်းမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Leave a Reply