(ဓါတ်ပုံ အညွှန်း – ကျိုက်ထို-ကင်မွန်းစခန်းလမ်းတွင် ဘုရားဖူးယာဉ်များပြား၍ ယာဉ်လမ်းကြောင်းများ ပိတ်ဆို့နေစဉ်)

ကျိုက်ထို၊ ဇန်နဝါရီ ၁၃

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် အများဆုံး ဝင်ရောက်လျက်ရှိသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးသို့ သွားရာ ကျိုက်ထို-ကင်မွန်းစခန်း ကားလမ်းမကြီးအား ထပ်မံတိုးချဲ့ခြင်းကို လက်ရှိ အစိုးရလက်ထက်တွင် မြေသားလမ်းအဖြစ်သာ ထားရှိနိုင်အုံးမည်ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းကို ပြုလုပ်နေသည့် AOK ကုမ္ပဏီမှ မန်နေဂျာ ဦးသန်းဝင်းက ပြောသည်။

(ဓါတ်ပုံ အညွှန်း –  ကျိုက်ထို-ကင်မွန်းစခန်းလမ်းတွင် ဘုရားဖူးယာဉ်များပြား၍ ယာဉ်လမ်းကြောင်းများ ပိတ်ဆို့နေစဉ်)
(ဓါတ်ပုံ အညွှန်း – ကျိုက်ထို-ကင်မွန်းစခန်းလမ်းတွင် ဘုရားဖူးယာဉ်များပြား၍ ယာဉ်လမ်းကြောင်းများ ပိတ်ဆို့နေစဉ်)

“ AOK ကုမ္ပဏီ ရတာက မြေသားလမ်းကို တိုးချဲ့တာပဲ၊ တစ်ဖက်ကို ပေ ၃၀ စီ နှစ်ဖက် ပေ ၆၀ ပေါ့၊ ကင်မွန်းစခန်းကနေ ကျိုက်ထိုအထိ၊ တင်ဒါကျပြီး စလုပ်ခဲ့တာ ၁၀ လပိုင်းလောက်က စလုပ်တာပေါ့၊ အခုတော့ တစ်လမ်းလုံးနီးပါး ပြီးသင့်သလောက် ပြီးသွားပြီး၊ ကျောက်ခင်း လမ်းကျတော့ ဘယ်ကုမ္ပဏီ ရမယ်မသိဘူး၊ အဲ့ဒါက နောက်အစိုးရကျမှ တင်ဒါထပ်ခေါ်မယ်၊ အဲ့မှာ တင်ဒါရမယ့် ကုမ္ပဏီက ကျောက်ခင်း လမ်းကို ဆက်လုပ်ရမှာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိ နှစ်လမ်းသွား နိုင်လွန်ကတ္တရာလမ်းကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူ ခင်းပေးခဲ့ပြီး ကုန်ကျငွေကို လမ်းတွင်ပြေးဆွဲနေသည့် လိုင်းတိုဂိတ်၊ တောင်တက် ကားအသင်းတို့မှ အချိုးကျပါဝင်ကာ အများစုကို ဂေါပကအဖွဲ့ဘဏ္ဍာငွေက အကုန်ကျခံကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံး ဝင်ရောက်မှုရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီသို့ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ကျိုက်ထို-ကင်မွန်းစခန်း လမ်းမကြီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် လက်ရှိ ဇန်နဝါရီတွင် ဘုရားဖူးကားများ ပြည်ကြပ်ခဲ့ခြင်းကြောင့် ခရီးမိုင် နှစ်မိုင်ဝန်ကျင်ထိ ယာဉ်တန်းများ ပိတ်ဆိုခဲ့ရကြောင်း ကျိုက်ထိုဒေသခံများထံမှ သိရသည်။

Leave a Reply