(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီသို့ ၂၀၁၅ ခုနှစ် နှစ်စပိုင်းမှ ဒီဇင်ဘာလ ပထမအပတ် အထိ နိုင်ငံခြားသား ဝင်ရောက်မှုမှ ပြည်နယ် ဘဏ္ဍာငွေ ကျပ်သိန်း ၆၀၁၃ ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဦးစီီးအရာရှိ ဒေါ်တင်တင်အေးက ပြောကြားသည်။

(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)
ကျိုက်ထိီးရိုး စေတီသို့ လာရောက် ကြသော နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ငွေခွန် ၆၀၀၀ ကျပ် ရရှိပြီး၊ ရရှိလာသည့် အခွန်ငွေကို ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ငွေစာရင်း ထဲသို့ လစဉ် လွှဲပြောင်း ပေးရကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှု ဇုန်သို့ လာရောက်ကြသည့် နိုင်ငံခြားသားများမှာ ထိုင်းနိုင်ငံသား အများစု ဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ဗြိတိန်နှင့် ဥရောပ နိုင်ငံများမှလည်း တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက် သော်လည်းကောင်း လာရောက် ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အခြေအနေကြောင့် နိိုင်ငံခြားသား ဝင်ရောက်မှု လျော့နည်း ခဲ့ပြီး ဒီဇင်ဘာတွင် ပြန်လည် မြင့်တက် လာကြောင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

မွန်ပြည်နယ် တစ်ခုလုံး အနေဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ နိုင်ငံခြားသား ဝင်ရောက် မှုသည် ၁၃၀၀၀၀ ဦး ရှိပြီး၊ သိန်းကျော်သော် နိုင်ငံခြားသား ခရီးသွား များသည် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ကြခြင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာန၏ မှတ်တမ်း များအရ သိရသည်။

Leave a Reply