ရိုးရိုးလေးဟိုတယ် အခန်းပို (၁၀၆) ခန်း ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုကာလ ကျော်လွန်ပါက ယခင် အစည်းအဝေး ဆုံးဖြတ်ချက် များအတိုင်း ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ရိုးရိုးလေးဟိုတယ် အခန်းပို (၁၀၆) ခန်း ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုကာလ ကျော်လွန်ပါက ယခင် အစည်းအဝေး ဆုံးဖြတ်ချက် များအတိုင်း ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ရိုးရိုးလေးဟိုတယ် အခန်းပို (၁၀၆) ခန်း ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုကာလ ကျော်လွန်ပါက ယခင် အစည်းအဝေး ဆုံးဖြတ်ချက် များအတိုင်း ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

မော်လမြိုင်၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်ပေါ်တွင် ဆောက်လုပ် ထားသော ရိုးရိုးလေးဟိုတယ် အခန်းပို (၁၀၆) ခန်း ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုကာလ ကျော်လွန်ပါက ယခင် အစည်းအဝေး ဆုံးဖြတ်ချက် များအတိုင်း ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

“ဟိုတယ် လိုင်စင် ပိတ်သိမ်း ထားတဲ့ အခန်း (၁၀၆) ခန်း ကိစ္စကို သက်ဆိုင်ရာ ဦးစီးဌာနက ဟိုတယ် လိုင်စင် တရားဝင် ထုတ်ပေးဖို့ စီစဉ် နေတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဘုရားဖူးတွေက ကျွန်တော်တို့ဆီကို ဖုန်းတွေနဲ့ လှမ်းလှမ်း မေးတယ် ကျွန်တော်တို့ ကတော့ ယခင် အစည်းအဝေးမှာ ပြုလုပ် ခဲ့တဲ့ ဆုံးဖြတ် ချက်အတိုင်း ဆက်လက် ဆောင်ရွက် သွားမှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းအပြင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အခန်း(၁၀၆)ခန်း ဖျက်သိမ်း ရမည့် ကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သဘောထား ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၁၂ ရက်နေ့တွင် အောက်ပါ အတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ပရဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်း အသီးသီးအား ဥပဒေနှင့် အညီ ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၇.၆.၂၀၁၆ တွင် ကျင်းပခဲ့ပြီး ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် အထပ်မြင့် တည်ဆောက်ထားသည့် အခန်း (၁၀၆) ခန်းအား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက စီမံကြပ်မတ် ဖျက်သိမ်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ထိုသို့ ဆုံးဖြတ်ချက် ချမှတ် ခဲ့သော်လည်း သက်ဆိုင်ရာ လုပ်ငန်းရှင်မှ ပြည်ပ ဘုရားဖူး ဧည့်သည်များ ကြိုတင် လက်ခံ ထားသည်ကို အကြောင်းပြ၍ အသနားခံစာ တင်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက (၃) လ လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ထိုမှတစ်ဖန် ဆက်လက်တောင်းခံသဖြင့် နောက်ထပ် ၃ လ ထပ်မံ၍ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့ပြင် ရိုးရိုးလေးဟိုတယ်အား စိစစ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ခွင့်ပြုချက် တောင်းခံခဲ့မှု မရှိခြင်း၊ စေတီတော်ပရဝုဏ်နှင့် ဆက်စပ် ဧရိယာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၌ ဩဝါဒ ဆရာတော်ကြီး များထံမှ ဩဝါဒခံယူမှု မရှိခြင်း၊ အဆောက်အဦး နှင့် ဆောက်လုပ်မည့် ပုံစံဒီဇိုင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့တို့ထံ ခွင့်ပြုချက် တောင်းခံမှု မရှိခြင်း၊ အထပ်မြင့် ဟိုတယ်များ တည်ဆောက် ပြီးစီးချိန်တွင် ဟိုတယ် လုပ်ငန်း လိုင်စင် ရယူမှု မရှိခြင်း၊ အခွန် အရပ်ရပ်အား တိမ်းရှောင်ခြင်း၊ ယခင်ဂေါပကအဖွဲ့များအား စည်းရုံး၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်မဲ့ တည်ဆောက်ထားသော ဟိုတယ် အခန်းများသည် တည်းခိုခန်းခ မြင့်မားစွာ ပေး၍ တည်းခိုရခြင်း၊ ခွင့်ပြု ချက်မဲ့ ဆောက်လုပ် ထားသော ဟိုတယ်များသည် သတ်မှတ်အမြင့်ပေထက် ပိုမို ဆောက်လုပ်ခဲ့ခြင်း စသည့် လိုက်နာရန် ပျက်ကွက် ခဲ့မှုများနှင့် ရှိခဲ့ကြောင်း ထုတ်ပြန် ကြေငြာ ထားပါသည်။

လက်ရှိအချိန်တွင် အဆိုပါ ဟိုတယ်တည် ဆောက်ထားသည့် မြေနေရာ များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင် ပညာရှင် များက မီတာ ၃၀ အနက်အထိ မြေသား တူးဖော်၍ စစ်ဆေး တွေ့ရှိချက် များကို ပြည်ထောင်စု ဝန်ကြီးထံ ဆက်လက်တင်ပြရန် ဆောင်ရွက်လျက်ရှိကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရိုးရိုးလေး ကုမ္ပဏီ၏ လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးသိန်းနိုင်အား ဟင်္သာမီဒီယာမှ ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

ဟိန်းထက်

Leave a Reply