Advertisements

မော်လမြိုင် အောက်တိုဘာ

ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်၌ ဈေးရောင်းချမည့် ဆိုင်ခန်းခများအတွက် ယခုနှစ် ဘုရားဖူး ရာသီမှ စ၍ ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဘုရား ယာယီ ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောဆိုသည်။

အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်မဟုတ်ပဲ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လာမည့်ဂေါပကအဖွဲ့သစ် တာဝန်ထမ်းဆောင်ချိန်တွင် စတင်ကောက်ခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်မှာတော့ အရင်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံဖို့ ညွှန်ကြားထားတယ် ဒါကလည်း ဈေးသူဈေးသားတွေက အရင်လူဟောင်းပေးစနစ်နဲ့ပဲလုပ်ပါ အခွန်တိုးမြှင့်ကောက်ခံတာ သူတို့ပေးပါ့မယ်ဆိုပြီး ဝန်ကြီးချုပ်ဆီ တင်ပြထားတာတွေရှိတဲ့အတွက် တိုးမြှင့်ကောက်ခံတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယခုလိုအခွန်တိုးမြှင့်ကောက်ခံမှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် ယခင်နှစ်ထက် ဈေးနှုန်းမြင့်တတ်လာနိုင်ဖွယ်ရှိကြောင်း တောင်ပေါ်ရှိ ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“အခုက ကုန်ဈေးနှုန်းတွေလည်း တတ်နေတယ် အခွန်လည်း ၂၀ ရာခိုင်နှုန်းတိုးရင်တော့ အရင်ထက် ဈေးတတ်လာနိုင်တယ် အရင်က ထမင်းနဲ့ဟင်း တစ်ပွဲကို ၂၅၀၀ ဆို ဒီနှစ်မှာ ၃၅၀၀ လောက် ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားသော်လည်း ဈေးဆိုင်ခန်းများ ပြန်လည်ချထားခြင်း ဆိုင်းခန်းခများ ပေးသွင်းခြင်းကို လက်ရှိအချိန်ထိ မဆောင်ရွက်ရသေးကြောင်း ယာယီဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းလှိုင်က ပြောသည်။

“အရင်ကဆို ဒီအချိန်လောက်က ဆိုင်ခန်းခပေးသွင်းတာတွေ လုပ်နေပြီး ဒီနှစ်က ဂေါပကအဖွဲ့ ပြန်ရွေးတဲ့အခါကျတော့ အချိန်နည်းနည်းကြန့်ကြာသွားတာပေါ့ ဆိုင်းခန်းခပေးသွင်းတာတွေက နောက်တတ်မယ့် ဂေါပကအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခင်လူဟောင်းပေးစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ဈေးဆိုင်ခန်းအချို့ကိုမူ လုပ်ကိုင်ခွင့်မပြုပဲ ပိတ်သိမ်းခဲ့သည်။

သက်ပိုင်

Leave a Reply