မော်လမြိုင် ၊ ဇွန် ၁၃

မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ်ရှိ ကျေးရွာတချို့တွင် လူဦးရေ ၅၀ ခန့်ဆင်တုပ်ကွေးရောဂါ ခံစားနေရ ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနထံမှသိရှိရသည်။

အဆိုပါ ဆင်တုပ်ကွေးရောဂါ ကို ယခုလ ပထမပတ်အတွင်းမှ စတင်ပြီး ကျိုက်မရောမြို့နယ်က ကျေးရွာ တချို့ တွင် စတင်ဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်ရှိအချိန် တုပ်ကွေး ကူးစက်ခံရသူများရှိနေကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန မှသိရှိရသည်။

အဆိုပါ ရောဂါ ဖြစ်ပွားနေသော ကျေးရွာများ ကို ဇွန်လ ၁၉ ရက်နေ့ မှစတင်ကာ ကွင်းဆင်းစစ်ဆေးပြီး ရောဂါ မကူးစက်စေရန် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ် ငှက်ဖျား ရောဂါ တိုက်ဖျက်ရေး ဌာန မှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ စည်သူရဲနောင် ထံမှသိရှိရ သည်။

အဆိုပါ ရောဂါသည်ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်သောကြောင့် ခြင်များမပေါက်ပွားစေရန် ရေတွင်း၊ ရေကန်များသို့ ဆေးခက်ခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွတ်သွားမည် ဖြစ်ကြောင်း ၎င်း ကထပ်လောင်းပြောကြားသည်။

“ဧပြီလလောက်တုန်းက တစ်ခါကွင်းဆင်းပြီးဆေးတွေခက်ပြီးပြီး ဆေးတစ်ခါခက်ရင် သုံးလခံတယ် ခုဇွန်လရောက်ပြီးဆိုတော့ နောက်တခါထပ်ခက်ရဦးမယ် ပြည်နယ်အစိုးရအဖွဲ့ကတော့ကွင်းဆင်းစစ်ဆေး ပြီးပြီး မွန်၊ကရင် တိုင်းရင်းသားအဖွဲ့ပိုင် နယ်ဘက်တွေမှာလဲ အဲ့ဒီအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ကျန်မာရေး အသိပညာ ပေးပွဲတွေ ရွာတွေမှာ ခြင်တွေမပေါက်ပွားနိုင်အောင် ပိုးသတ်ဆေးခက် ခြင်းတွေလုပ်ဆောင် သွားမယ်”ဟု ၎င်းကဆိုသည်။

Chikungunya (ခ) ဆင်တုပ်ကွေးရောသည် အဆိုပါရောဂါပိုး ပါရှိသည့် ခြင်ကိုက်ခံရပြီး သုံးရက်မှ ၅ ရက်အကြာတွင် ရောဂါဝေဒနာ စတင်ခံရပြီး ကိုယ်အပူရှိန် ပြင်းထန်ခြင်း ၊ အပြင်းဖျား ခြင်း ၊ ကိုယ်လက် အဆစ်အမြစ်များ ကိုက်ခဲခြင်း ၊ ဖောယောင်ခြင်း ဝေဒနားခံစားရပြီး အသက်အန္တရယ် မရှိကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနထံမှသိရှိရသည်။
အဆိုပါ ရောဂါသည် မွန်ပြည်နယ်တွင် ၂၀၀၉ခုနှစ် အစပိုင်းတွင် ရေးမြို့နယ် မှာ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး လက်ရှိအချိန်ထိလည်း ဖြစ်ပွားနေဆဲဖြစ်သည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply