Advertisements

မော်လမြိုင်၊ မတ်

ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာတွင် ကောက်ရိုးပုံ မီးရှို့သူနှင့် မီးရှို့ရန် ငွေကျပ် ၅၀၀ ပေး၍ ခိုင်းစေသူတို့ နှစ်ဦးကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန် တရနာရဲကင်းသို့ ယင်းကျေးရွာနေ ဦးဝင်းအေးမှ မတ် ၁၅ ရက်နေ့က လာရောက်တိုင်ကြားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျိုက်မရောမြို့၊ ကျုံစိန်ကျေးရွာနေ ဦးဝင်းအေး၏ နေအိမ်အနောက်ဘက် ကိုက် ၂၀၀ ခန့်ရှိ ကောက်ရိုးပုံမှာ ၂၀၁၈ ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့၍ ကျေးရွာသူ ကျေးရွာသားများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြသဖြင့် အနည်းငယ်သာ မီးလောင်ကျွမ်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့ရမှုနှင့် ပတ်သက်၍ ဦးဝင်းအေးက လိုက်လံစုံစမ်းခဲ့ရာ တစ်ရွာတည်းနေထိုင်သော ဦးထွန်းဦး( ၄၇ နှစ် )ဆိုသူကို ဦးအောင်ဌေးဝင်း (ခ) အိစံကွား (၅၃ နှစ်) မှ ငွေ ၅၀၀ ကျပ်ပေး၍ မီးရှို့ခိုင်းစေခဲ့ကြောင်း သိရှိခဲ့ရပြီး အလုပ်ရှုပ်မည်စိုးကာ အမှုဖွင့်တိုင်ကြားမှု မပြုလုပ်သော်လည်း ကျေးရွာသား ကျေးရွာသူများ၏ ဆန္ဒအရသာ အမှုဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးဝင်းအေး တိုင်ကြားမှုကြောင့် ကောက်ရိုးပုံ မီးရှို့ခဲ့သူ ဦးထွန်းဦးနှင့် မီးရှို့ရန် ခိုင်းစေခဲ့သူ ဦးအောင်ဌေးဝင်းတို့နှစ်ဦးကို ကျိုက်မရောမြို့မရဲစခန်းမှ (ပ) ၇၆ / ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၅ / ၁၁၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply