(ဓါတ်ပုံ အညွှန်း – တရနာကျေးရွာတွင် ဇန်နဝါရီ ရ ရက် ဆန်စက်နှစ်လုံး မီးလောင်နေမှုမြင်ကွငး်)

မော်လမြိုင်၊ ဇန်နဝါရီ ရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် ဇန်နဝါရီ ရ ရက် နံနက် ၁ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားသဖြင့် ဆန်စက်နှစ်ခုနှင့် စပါးကျီးဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – တရနာကျေးရွာတွင် ဇန်နဝါရီ ရ ရက် ဆန်စက်နှစ်လုံး မီးလောင်နေမှုမြင်ကွငး်)
(ဓါတ်ပုံ အညွှန်း – တရနာကျေးရွာတွင် ဇန်နဝါရီ ရ ရက် ဆန်စက်နှစ်လုံး မီးလောင်နေမှုမြင်ကွငး်)

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ဝါးကပ်ကာ၊ မြေစိုက်(ဟာလာဆန်စက်) နှစ်ခုနှင့် ဖက်မိုး၊ ထရံကာ၊ ဝါးခင်း အလုပ်သမားတဲနှစ်လုံး၊ စပါးတင်း ၅၀ ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ကို မီးသတ်ဦးစီးဌာနက စုံစမ်နေဆဲဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုသည် မြေစိုက်ဟာလာဆန်စက်နှင့် ကပ်လျက်ရှိသော အလုပ်သမားတဲအိမ် အနောက်ဘက်မှ စတင်လောင်ကျွမ်းသည်ဟု အဆိုပါတဲအိမ်တွင် နေထိုင်သည့် ညစောင့်ဖြစ်သူ ဦးကျော်ဦးက မီးသတ်ဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ခံပြောဆိုထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ညစောင့်အလုပ်သမားဖြစ်သူ ဦးကျော်ဦးကို ကျိုက်မရောမြို့မရဲစခန်းတွင် (ပ) ၃/၂၀၁၆၊ ပြစ်မှုပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံသူမရှိကြောင်း မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းက ဆိုသည်။

Leave a Reply