မော်လမြိုင်၊ သြဂုတ်၁၆

ကျိုက်မရောမြို့နယ်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ကျေးရွာ တချို့ ထံ ကူညီထောက်ပံ့ မှုများ ရောက်ရှိခြင်း မရှိကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ပြောကြားသည်။

ကူညီထောက်ပံ့ မှုမရောက်သေးသည့် ကျေးရွာ အများအပြားရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အစိုးရက တစ်ချက်ပဲလေ လာတော့လာသွားတယ် ။ရေကြီးတယ်ဆိုလို့ လာလိုက်တယ် ။ တာဝန်ကျေ သဘောပဲ၊ အချို့က ပစ္စည်းတွေပို့တာ မရောက်ဘူးဖြစ်နေတယ် ရေကစီးသန်နေတယ်အခါကျတော့ လှေနဲ့ မလာရဲတော့ ပစ္စည်းတွေကို မြို့ပေါ်မှာဘဲ ပုံထားကြတယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၉ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကျိုက်မရောအတွင်း ရေကြီးရေလျှံမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဦးမင်းအောင်မွန်က ဆိုသည်။

“ချောင်းမြောင်းရေတွေကလည်း သူတို့အောက်ရေနဲ့ပဲ ပြည့်နေတဲ့ အခါကျတော့ စီးလို့မရဘူးဖြစ်နေတယ် အဲ့ဒါကြောင့်အပေါ်ရေက လျှံသွားတာပေါ့ ဒီနှစ်ကရေပိုကြီးတယ် ဒီနှစ်ရေတက်တာက မနှစ်ကထက်ကို ၄ပေ၅ပေလောက်ရှိမလားမသိဘူး ဒီနှစ်လိုရေကြီးတဲ့ ပုံစံမျိုး မဖြစ်ဖူးဘူး” ဟု ဦးမင်းအောင်မွန်က ပြောသည်။

ထို့အပြင် ရေဘေးသင့်ပြည်သူများအနေများအတွက် နေထိုင်ရေးနှင့် ကျန်းမာရေးအထောက်အပံ့များလည်း လိုအပ်နေသေးကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

 

 

ကျိုက်မရောမြို့နယ်အတွင်းတွင် ရေဘေးသင့်အိမ်ထောင်စု ၁သောင်းကျော်ရှိနေပြီး လူဦးရေ ငါးသောင်းကျော် ရေဘေးသင့်နေကြောင်း မွန်ပြည်နယ်အစိုးရရုံးထံမှသိရသည်။

ရန်လင်းအောင်

Leave a Reply