မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးမည့် ကိစ္စရပ်ကို ဦးစားပေး အဆင့် သတ်မှတ်ပြီးနောက် ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ပြောကြားသည်။

logo-copy

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် အမှတ်(၃)လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး၏ ကျိုက်မရော မြို့နယ်အတွင်းရှိ အခြေခံပညာ ရေး ဝန်ထမ်းများအတွက် အိမ်ရာ များကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဆောက်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နိုင်ခြင်း ရှိ/မရှိမေးမြန်းရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ရယူပြီး ဦးစားပေးအဆင့် သတ်မှတ်ကာ ရန်ပုံငွေတင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်းနဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားလိုပါတယ်”ဟု ဗိုလ်ချုပ်သန်းထွဋ် ကဆိုသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ဒေသများတွင် တာဝန် ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများသည် နေ့ချင်းပြန် သွားရောက်နိုင်ခြင်း မရှိသောကြောင့် တာဝန်ကျရာ ကျေးရွာများရှိ လစ်လပ်သော အိမ်များတွင် အခကြေးငွေဖြင့်သော် လည်ကောင်း၊ အကူ အညီတောင်း၍သော်လည်း နေထိုင်နေရကြောင်း ဦးခင်ဇော်ဦးကဆိုသည်။

“ပညာရေးဝန်ထမ်းတွေဟာ အမိုးအကာမရှိတဲ့ အိမ်တွေမှာလည်း တစ်ခါတစ်ရံနေရတာကို ကြားသိရပါတယ်” ဟု၎င်းကထောက်ပြပြောဆိုသည်။
ယခု၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသရှိ ပညာရေးဝန်ထမ်းအိမ်ရာ ၁၁ လုံးအတွက် ငွေကျပ် (၈၂၆၅ ဒသမ ၄၀ဝ) သန်းကို ပြည်ထောင်စုအစိုးရထံမှ ရန်ပုံငွေခွင့်ပြုချက် ရရှိထားပြီးဖြစ် ကြောင်း လည်း နယ်စပ်ရေးရာဝန်ကြီးဌာနထံမှသိရသည်။

Leave a Reply