Advertisements

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄

မော်လမြိုင် – ဘားအံ၊ မော်လမြိုင် – ကျိုက်မရော လမ်းမထက်မှ ကျိုက်မရော လမ်းဆုံ အဝိုင်းကို ယခင်မူလ အတိုင်း သာယာ လှပစေရန် ရေပန်းနှင့် လျှပ်စစ်မီးပေး စနစ်ကို ယခု သီတင်းပတ် အတွင်း ပြန်လည် ပြုပြင် ဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာနွယ် ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိက မိန့်ဆိုသည်။

နဂိုမူလ ဆောက်လုပ်ထားသည့် စနစ်မှာ ကောင်းမွန် သော်လည်း လက်ရှိ အခြေအနေ၌ အဝိုင်းမှ ရေပန်းများမှာ ပျက်စီး နေပြီး မီးအလင်းရောင် မှာလည်း ညအခါတွင် လုံလောက်မှု မရှိကြောင်း ဆရာတော်က မိန့်သည်။


အခြား ပြည်နယ်နှင့် မြို့များမှ ယာဉ်နှင့် ဆိုင်ကယ် များအတွက် မော်လမြိုင် မြို့တွင်းသို့ အဝိုင်းပတ်၍ ဝင်ရောက် ရာတွင် ညဘက်တွင် လျှပ်စစ်မီး အလင်းရောင် လုံလောက်မှု မရှိကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

ယင်းအဝိုင်းရှိ မူလရှိပြီး မီးတိုင် လေးတိုင် အပြင် နောက်ထပ် လေးတိုင်ကို ဖြည့်စွက် စိုက်ထူသွားမည် ဖြစ်ကြောင်း၊ ရေပန်း စနစ် ပုံမှန် လည်ပတ် နိုင်ရေးအတွက် စည်ပင်သာယာရေး အဖွဲ့နှင့် ဆွေနွေး ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဆိုပါသည်။

ပထမအဆင့် အနေဖြင့် လျှပ်စစ်မီးပေး စနစ်ကို မွန်ပြည်နယ် လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး နှင့်အတူ စတင် ပြင်ဆင်မည် ဖြစ်ပြီး ကျန်ရှိသည့် အပိုင်းကို စည်ပင်သာယာ၊ လျှပ်စစ် စသည့် ဌာနဆိုင်ရာ တို့နှင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ဆရာတော်က ဖြည့်စွက် မိန့်ကြား ခဲ့သည်။

ထိုမော်လမြိုင် – ကျိုက်မရော အဝိုင်းရှိ ရေပန်းနှင့် မီးတိုင်များ ပြန်လည် တပ်ဆင်နိုင်ရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် သာသနာနွယ် ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒဇောတိတို့ သွားရောက်၍ ကွင်းဆင်း လေ့လာ ခဲ့သည်။

Written by ရင်ငြိမ်းချမ်း

ဓါတ်ပုံ – ဒေါက်တာ အောင်နိုင်ဦး

Advertisements
<

Leave a Reply