မော်လမြိုင်ကျွန်း၊ အောက်တိုဘာ ၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာဆန်းမှစတင်၍ ဆောင်းသီးနှံ အဖြစ် ပြောင်းများ စိုက်ပျိုးရန်ပြင်ဆင်နေကြောင်း ဒေသတွင်း ပြောင်းစိုက်တောင်သူများထံမှ သိရှိရသည်။

”အခုလ စောစောလေးစိုက်ထားလိုက်ရင် လာမယ့်ပြောင်းပေါ်ကာလမှာ စောစောပေါ်တော့ ဈေးကောင်း ကောင်းရတာပေါ့။ ဒါကြောင့့်လည်း အခုလိုစိုက်ဖို့ပြင်နေတာပါ။ အခုစိုက်မယ့်ပြောင်းမျိုးက ကျန်ခဲ့တဲ့နှစ်က စိုက် ခဲ့တဲ့ အထဲက အသန့်ဆုံးမျိုးကို ရွေးထုတ်ပြီး ပျိုးထောင်စိုက်သွားမယ်။”ဟု ကျိုက်လတ်မြို့နယ်၊ ညောင်ပင်ဝိုင်း ကျေးရွာမှ ဦးထွန်းလှက ပြောသည်။

ပြောင်းများကို သရက်ချောင်း၊ ရွာသစ်စု၊ ငါးအိမ်တန်း၊ ညောင်ပင်ဝိုင်း၊ အောက်ဂုံး၊ အထက်ပိုင်း၊ လှိုင်းတာ၊ ချွန်း ဒိတ် စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ပြီး အောက်တိုဘာလအတွင်း စိုက်ပျိုးထားခြင်းဖြင့် လက်ကျန်မိုးအစိုဓာတ်ရရှိ၍ ပျက်စီးလေလွင့်မှုနည်းကာ အပင်ပေါက်လွယ်ကူကြောင်း သိရသည်။

”အဓိကစိုက်တာကတော့ စပါးပေါ့။ ဒါပေမဲ့ အိမ်မှှာနေ့စဉ်ဝင်ငွေလေးရဖို့ ကိုယ့်ဒေသနဲ့ကိုက်မယ့် ရာသီကုန်သီး နံှလေးတွေကို ရွေးချယ်စိုက်ပျိုးတာပါ။ အခု ပြောင်းသီးသန့် (၃)ဧကလောက်စိုက်ဖို့လုပ်နေပါတယ်။ အိမ်ခြံကွက် တွေထဲမှာလည်း စိုက်မှာပါ။ နှစ်တိုင်းစိုက်ဖူးပါတယ်။ ဒါကြောင့် အခြား ဘာအခက်အခဲမှ သိပ်မရှိပါဘူး။ မြေနေရာပြင်ဆင်ပြီးတာနဲ့ စစိုက်တော့မှာပါ။”ဟု သရက်ချောင်းကျေးရွာမှ ဦးစန်းလွင်ကပြောသည်။

ကျိုက်လတ်မြို့နယ်ရှိကျေးရွာအချို့တွင် ပြောင်းကို စပါးနှင့်ယှဉ်တွဲ၍ ရာသီကုန်အဖြစ် နေ့စဉ်ဝင်ငွေရရန် စိုက် ပျိုးနေကြပြီး တစ်ဦးလျှင် တစ်ဧကမှ သုံးဧကအထိ စိုက်ပျိုးနေကြကြောင်း သိရသည်။

 

Written by – MMK

Leave a Reply