Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၁

မော်လမြိုင် သမိုင်းဝင် ကျိုက်သလ္လံဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ကျပ် ၃ ဒသမ ၂ဘီလီယံထိ လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး  ဦးမြင့်သန့်ဝင်းက သြဂုတ်လ ၃၁ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

” ပြည်ထောင်စုက ပညာရှင်တွေ တွတ်ချက်ပေးထားတာက  အောက်ခြေကနေ အပေါ်နေရာထိ ထပ်မပြိုကျဖို့အတွက်ဆိုရင် သန်းလေးထောင်လောက်ကျမယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ ဘုရားပြုပြင်ရန်အတွက် အလှူငွေများကို လက်ခံလျက်ရှိရာ သြဂုတ် ၃၁ ရက်အထိ အလှူငွေ စုစုပေါင်း သိန်း ၈၀၀၀ ကျော် ရရှိထားပြီး ယင်းထဲမှ သိန်း ၃၇၀ မှာ ပြန်လည် ပြုပြင်ရာတွင် အသုံးပြုထားကြောင်း ၎င်းက ပြောသည်။

ဘုရား ပြုပြင်ရန် ပညာရှင်များကမြေအမျိုးအစားများကို စမ်းသပ်တိုင်းတာကာ ပြန်လည်ဆောက်လုပ်မည့် ဒီဇိုင်ပုံစံများကိုလည်း ရေးဆွဲပြီဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ကျိုက်သလ္လံဘုရားသည် ဇွန်လ ၁၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနောက်ဘက်စောင်တန်းနှင့် အရှေ့တောင်ဘက်အနီးရှိ နတ်နန်းများ ပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကျိုက်သလ္လံဘုရားမှာ ၁၉၅၄ ခုနှစ်တွင်လည်း ယခုကဲ့သို့ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုစဉ်က ဘုရားအနီးရှိ နေထိုင်သူ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း ဘုရားသမိုင်း မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

သက်ပိုင်

Advertisements
<

Leave a Reply