(ဓါတ်ပုံ အညွှန်း – ကျောက်တန်းရပ်ကွက်မီးလောင်မှုဖြစ်ခဲ့စဉ်)

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ နှင်းဆီလမ်းရှိ ဒေါ်စိန်စိန်စိုးနေအိမ်တွင် ဇန်နဝါရီ ၃၁ ရက် နေ့လည် ၁၂ နာရီ ၄၈ မိနစ်က လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

လျှပ်စစ်မီးပျက်နေရာမှ မီးစတင်ပြန်လာစဉ် နေအိမ်သို့သွယ်တန်းထားသည့် ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲကာ ဒေါ်စိန်စိန်စိုးနေအိမ်ကို မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် ဓနိမိုး၊ ဖက်ကာ၊ ဝါးခင်း အိမ် လေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 (ဓါတ်ပုံ အညွှန်း – ကျောက်တန်းရပ်ကွက်မီးလောင်မှုဖြစ်ခဲ့စဉ်)

(ဓါတ်ပုံ အညွှန်း – ကျောက်တန်းရပ်ကွက်မီးလောင်မှုဖြစ်ခဲ့စဉ်)

“မီးလောင်တယ်၊ မီးလောင်တယ်၊ အော်သံကြားရလို့ ကျွန်မနိုးလာပြီး အိမ်ရှေ့ ထွက်ကြည့်လိုက်တော့ အိမ်တစ်လုံးလုံး လောင်နေပြီး”ဟု မီးလောင်မှုဖြစ်ပွားရာနေရာမှ အိမ်နီးနားချင်းတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် မီးဆက်လက်မကူးစက်နိုင်စေရန် မီးလောင်ရာနေအိမ်၏ ပတ်ဝန်းကျင်နေအိမ် လေးလုံးကိုပါ မီးဝိုင်းဝန်း ငြိမ်းသတ်သူများက ဖျက်ဆီးခဲ့ရကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းရာနေအိမ်မှ ဒေါ်စိန်စ်ိန်စိုးအား မုပွန်ရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၉/ ၂၀၁၆/ ၂၈၅ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Written by –

Leave a Reply