Advertisements

ကျောက်ဖြူ၊ အောက်တိုဘာ ၁၂ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာ၊ ပုန်းဆိုးစုရပ်ကွက်တွင် အရက်ချင့်ချိန်သောက်ရန် ပြော ဆိုသည့် အဒေါ်အရင်းအား ဓားဖြင့်ခုတ်သတ်ပြီး ရှောင်တိမ်းထွက်ပြေးနေသူကို အောက်တိုဘာ ၁၁ ရက်တွင် ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ သိရှိရသည်။

တရားခံဖြစ်သူ မောင်ဝင်းကြည်(၂၁)နှစ်သည် အောက်တိုဘာ ၉ ရက်၊ ညနေပိုင်းက အရက်သောက်ပြီး အဒေါ် အိမ်သို့ပြန်လာစဉ် အဒေါ်က အရက်ဆိုးကျိုးနှင့် အရက်အား ချင့်ချိန်လျှော့ပေါ့သောက်သုံးရန်ပြောဆိုရာမှ အ ချေအတင်စကားများကာ အရှည်(၁)ပေကျော်ခန့်ရှိ အိမ်သုံးဓားမဖြင့် အဒေါ်လည်ပင်းနားတစ်ဝိုက်ကို (၃)ချက် တိတိခုတ်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရသည်။

“တရားခံဖြစ်သူ တူကို တစ်ရက်ကျော်အကြာမှာပဲ ဖမ်းမိတာပါ။ ရဲတပ်ဖွဲ့တွေက နာရီပေါင်းများစွာ ပိုက်စိတ် တိုက်ရှာဖွေမှုနဲ့ မနေ့က ဖမ်းဆီးရမိတာပါ။”ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်နီထွန်းက ပြောသည်။

အိမ်သုံးဓားမဖြင့်ခုတ်ခံရခြင်းကြောင့် အဒေါ်ဖြစ်သူ ဒေါ်ကြာနုဦး(၅၅)နှစ်သည် ဓားဒဏ်ရာများဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“ဒီမှုခင်းသတင်းကြားလို့ လူတွေက စုတ်တသပ်သပ် အံ့သြစိတ်မကောင်းဖြစ်နေကြတယ်။ တရားခံက အရက် သောက်ရင်လည်း၊ ပါးစပ်က မကျေနပ်တဲ့လူတွေကို ရမ်းကားတာတို့၊ ဆဲရေးတိုင်းထွာတာတို့ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလောက် မိဘထက် ကျေးဇူးပြု၊ ကျွေးမွေးမှုကြီးမားတဲ့အဒေါ်ကိုမှ ဒီလိုလုပ်ရက်တာက မူးယစ်ဆေး ကြောင်တာလို့လည်း တချို့က ပြောဆိုသုံးသပ်တာတွေရှိနေတယ်။”ဟု ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာ မှ ဦးရဲထွန်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ မောင်ဝင်းကြည်(၂၁)နှစ်အား ကျောက်ဖြူမြို့နယ်ရဲစခန်းက ပုဒ်မ ၈၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်းမှ သိရသည်။

Written by – MMK

 

Advertisements
<

Leave a Reply