ယခင်အစိ်ုးရ လက်ထက်ကပင် လမ်းခင်းကျောက် ထုတ်လုပ်ဖို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားတဲ့ ကျောက်မိုင်းလုပ်ငန်း အများအပြားဟာ မွန်ပြည်နယ် ပေါင်မြို့နယ်ထဲက ကုလားမတောင်မှာ အခြေစိုက် လုပ်ပ်ကိုင်နေပါတယ်။ ထိုတောင်ရှိ သစ်တောကြိုးဝိုင်းအတွင်း လုပ်ကိုင်နေတဲ့ Long Life Aggragate Mining ကုမ္ပဏီဟာလည်း ကျေးရွာ ရွာသားများ၏ ကန့်ကွက်ခြင်းကို ခံနေရသလို အလားတူ မွန်ပြည်နယ်အတွင်းရှိ အခြားကျောက်မိုင်းများမှာလည် ဒေသခံများ၏ ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။