ထားဝယ်၊ မေ ၁၃

ထားဝယ်ခရိုင် ၊ ဘန်းချောင်းဒေသ ၊ကွမ်းချောင်းကြီး ကျေးရွာရှိ ကျောက်မီးသွေးမိုင်း တူးဖော်ခြင်းလုပ်ငန်း ကို ထာဝရ ရပ်ဆိုင်းပေးရန် ဘန်းချောင်းဒေသခံများက နိုင်ငံတော် သမ္မတထံ မေလ တတိယ အပတ်တွင် အိတ်ဖွင့် ပေးစာပေးပို့ ၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရမှ ဖွဲ့စည်းပေးထားသော ကျောက်မီးသွေးမိုင်းစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ စောတင်ဦးက ပြောကြားသည်။

“ ဒီလိုမျိုးသာ ဆက်လုပ်နေမယ်ဆိုရင် ကရင်တိုင်းရင်းသားလူမျိုးများ ဘယ်လိုမျိုးဘဝနဲ့နေသွားရမယ်ဆိုတာ စိုးရိမ်တဲ့အတွက် ကျောက်မီးသွေးမိုင်းကို ထာဝစဉ်ရပ်ဆိုင်ပေးအောင် သမ္မတဆီ တောင်းဆိုသွား မယ်“ဟု စောတင်ဦး ကဆိုသည်။

အဆိုပါကျောက်မီးသွေးမိုင်းအနီး မေလ၁၁ရက်နေ့ကကျင်းပပြုလုပ်သည့် ကျောက်မီးသွေးမိုင်း ယာယီရပ်တန့်ခြင်း(၂)နစ်ပြည့်ဆုတောင်းပွဲအခမ်းအနားတွင် စောတင်ဦးကအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ် သည်။

ယင်းဆုတောင်းပွဲပြုလုပ်သည့်နေ့မှစ၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်စာပေးပို့ရန်အတွက် ဘန်းချောင်း ဒေသခံများထံမှ လက်မှတ်များ စတင်စုဆောင်းနေပြီဖြစ်ကြောင်း၎င်းက ပြောသည်။

ယင်းကျောက်မီးသွေးမိုင်းတူးဖော်ခြင်း၂နှစ်တည်းရပ်ဆိုင်းသွားသလိုမျိုးမဟုတ်ဘဲ့ ထာဝရရပ်ဆိုင်း သွားရန်အတွက် တာဝန်ရှိသူများ၊ ကူညီပေးသည့်အဖွဲ့အစည်းများ၊ဒေသခံများက ဆက်လက်တွန်းလှန်သွား ကြရန် ယင်းဆုတောင်းပွဲတွင် ဘန်းချောင်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က တိုက်တွန်းသည်။

၂၀၁၀ခုနှစ်က ဘန်းချောင်းဒေသတွင် ကျောက်မီးသွေးမိုင်းတူးဖော်ရန် Mayflower Mining Enterprises ကုမ္ပဏီ က မြေဧက ၁၅၀၀ ခန့်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ၂၀၁၂ခုနှစ်တွင် မြေ ၆၀၀ဧက ထပ်မံ၍ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

၂၀၁၁ခုနှစ်တွင် Mayflower လုပ်ပိုင်ခွင့်ရထားသည့်မြေဧရိယာအတွင်း Thai East Star ကုမ္ပဏီမှ ကွမ်းချောင်းကြီးကျေးရွာရှိ မြေ ၆၀ဧကတွင် ကျောက်မီးသွေးမိုင်းတူးဖော်ခဲ့သည်ဟု သိရသည်။

ယင်းသို့ကျောက်မီးသွေးတူးဖော်ရာမှ မိုးရာသီတွင် မြေစာနှင့်မိုင်းရေများဥယျာဉ်ခြံအတွင်းသို့စီးဆင်း၍ ကွမ်းသီးပင်များသေခြင်း၊ မိုင်းရေများချောင်းအထဲ့သို့စီးဆင်းခြင်းနှင့် ၂၀၁၅ခုနှစ်၊ဧပြီလမှစ၍ ကျောက် မီးသွေးမိုင်းစွန့်ပစ်မြေစာပုံမီးလောင်ရာမှ အနံ့ဆိုးများထွက်ခြင်း စသောထိခိုက်မှုများ ကြုံတွေ့ရသည် ဟု ကွမ်းချောင်းကြီးကျေးရွာမှ ဒေသခံများက ပြောသည်။

ယင်းသို့ အခြေအနေများဖြစ်ပေါ်ခဲ့၍ ဒေသခံများတိုင်ကြားမှုကြောင့် တနင်္သာရီတိုင်း ဒေသကြီးအစိုး ရအဖွဲ့မှဝန်ကြီးများ ကွင်းဆင်းလေ့လာပြီးနောက် ၂၀၁၇ ခုနှစ်၊မတ်လတွင် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းအား ယာယီရပ်ဆိုင်းရန်၊ ကျောက်မီးသွေးစွန့်ပစ်မြေစာပုံများ မီးလောင်ကျွမ်းမှုငြိမ်းသတ်ပြီး သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးအစီအစဉ်ကိုရေးဆွဲရန် ကုမ္ပဏီအားတိုင်းအစိုးရက ညွန်ကြားခဲ့သည်။

သို့သော် ကျောက်မီသွေးမိုင်းစွန့်ပစ်မြေစာပုံမှာ ယခု၊မေလ ဒုတိယအပတ်အထိ မီးလောင်ကျွမ်းဆဲဖြစ်ပြီး အနံ့ဆိုးများထွက်ပေါ်နေဆဲဖြစ်သည်။

ယခင်က ဘန်းချောင်ဒေသမှာ မြန်မာ့တပ်မတော်နှင့်KNUတို့ နှစ်ပေါင်းများစွာ စစ်ပွဲများဖြစ်ပွားခဲ့သည့် ပဋိပက္ခနယ်မြေဖြစ်ခဲ့သည်။

ဘန်းချောင်းဧရိယာအတွင်း ကျေးရွာ ၂၂ရွာရှိပြီး လူဦးရေ ၁၆၀၀၀၀န်းကျင်ရှိကာ သက်မွေးဝမ်း ကျောင်းလုပ်ငန်းဖြင့် တောင်ယာနှင့်ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို လုပ်ကိုင်သည်။

တင့်လွင်

Leave a Reply