မော်လမြိုင် မေ

မော်လမြိုင် မြို့သံလွင်ဈေး မှ ကျောက်မီးသွေးရုံ သား၊ ငါးလက်ကားဈေး သို့ပြောင်းရွေ့လုပ်ကိုင်နေသော သား၊ ငါး ဒိုင်များ အနေနှင့် ရေလုံလောက်စွာ မရသောကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ယင်းဈေးရှိ ငါးဒိုင်များထံမှသိရသည်။

“ အစိုးရ ပေးတဲ့ ရေမလုံလောက်တာ ကြောင့် အခက်အခဲရှိတယ်။ ငါးစျေးကတော့ငါးနံထွတ်မှာပဲ တအားကြီးမထွတ်စေချင်ရင် ရေလုံလုံလောက်လောက်ပေးဖို့ လိုတယ်”ဟု ဒေါ်လုံးတုံး ငါးပုစွန်ရောင်းဝယ် ရေး မှ ကိုရန်နိုင် ကပြောကြားသည်။

ထို့အပြင် သားငါးများ ထွက်ရှိလာသော အညစ်အကြး များစွန့်ပစ်ရန် လည်း နေရာအခက်အခဲ ဖြစ်နေကြောင်း ငါးဒိုင်တစ်ဦးကဆိုသည်။

“ဒီမှာကျတော့သန့်ရှင်းရေး မရှိတာပေါ့အရင်သံလွင်စျေးမှာတန်းကဆို ညနေ၄နာရီ ၅နာရီ လောက်ဆို သံလွင်မြစ်ထဲကရေကိုစုပ်ယူပြီး စျေးမှာသန့်ရှင်ရေလုပ်တာတွေရှိတာပေါ့” ဟု အဆိုပါ ငါးဒိုင်က ထပ်လောင်း ပြောကြားသည်။

ထို့အပြင် ဆိုင်ခန်းများ ကျဉ်းမြောင်းသည့် အတွက် နေရာအခက်လည်း အနည်းငယ်ရှိကြောင်း သား၊ငါး ဒိုင်းများ ကဆိုသည်။

သံလွင်ဈေး မှ ကျောက်မီးသွေးရုံ သား၊ငါးဈေး သို့ ပြောင်းရွေ့လာခြင်းကြောင့် အဆိုပါ အခက်အခဲများ ရှိသော်လည်း ဈေးတံခါးပေါက် နှင့် ကားပါကင်နေရာ တို့ မှာ အဆင်ပြေကြောင်း ယင်းဈေးသူဈေးသားများထံမှသိရှိရသည်။

ကျောက်မီးသွေးရုံ သား၊ ငါးလက်ကား စျေးတွင်ငါးဒိုင်ကြီးများအတွတ် ၂၂ခန်း၊ကြက်ဒိုင်များအတွတ် ၃ခန်း၊လက်လီဆိုင်ခန်း၃၆ခန်း ရှိကြောင်းသိရှိရသည်။

စိုင်းထွန်းစံ ၊ လဲ့လဲ့ဝင်

Leave a Reply