Advertisements

ဘားအံ၊ နိုဝင်ဘာ

ဘားအံမြို့နယ်၊ ဝတ်ကြီးဒေသရှိ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံစီမံကိန်းနှင့် ပတ် သက်၍ ဒေသခံများအနေဖြင့် ပြည်နယ် အစိုးရတာဝန်ရှိသူများထံ အချိန်မရွေးလာရောက် မေးမြန်းနိုင်ကြောင်းနှင့် အစိုး ရမှ လုပ်ဆောင်နေသည်များ ကို သတင်းအချက်အလက် မှန်ကန်စွာ ရှင်းလင်းပြောဆိုသွား မည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင်က ပြောဆိုသည်။

ဖော်ပြပါစီမံကိန်းကို TO-YO THAI POWER MYANMAR CO.,LTD-TTCL မှ တည်ဆောက်ရန် ရှေ့ပြေးပတ်ဝန်းကျင်ဆန်း စစ်မှုကာလ ၁၈ လသတ်မှတ် ၍ မြေပြင်၊ ရေပြင်၊ လေထုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုများ လုပ်ဆောင်နေသလို ပြည်နယ်အစိုးရဘက်မှ လည်း စီမံကိန်းမြေနေရာနှင့် ပတ်သက်၍ မြေယာ၊ သီးနှံထိခိုက်သူများအား လျော်ကြေးငွေများ စတင်ပေးချေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Advertisements
data-language="en"

“ဒေသခံအနေနဲ့ပြောရရင်တော့သူတို့တော့ လာရှင်းပြသွားတာပဲ။သူတို့ခေါ်လာ တယ်၊ ပညာရှင်တို့ နားလည်တဲ့သူတို့ ခေါ်လာပြောတာပဲ။ကျွန်တော် တို့က ဌာနေတိုင်းရင်းသားတွေ၊ ဗမာစကားဆိုတာလည်း အ ကုန်လုံး ကျေကျေလည်လည် နားမလည်ဘူး။ ကျွန်တော်တို့ တကယ်ဖြစ်စေချင်တာက ဒေသကို တကယ်လာလုပ်တဲ့အခါကျရင် ရှင်းရှင်းလင်းလင်း သိရအောင် ဘာသာပြန်အနေနဲ့ရော ခေါ်လာစေချင်တယ်။ ကျွန်တော်တို့ရဲ့ ဒေသခံသဘောထားလည်း သိသွားရအောင်
ပေါ့”ဟု ထုံးတောင်ရွာ၊ ကျောက်မီးသွေးအလိုမရှိ ကန့်ကွက် သူများအဖွဲ့မှ စောဆထူးက ပြောဆိုသည်။

စီမံကိန်းဆိုင်ရာမြေယာ လိုအပ်ချက်အရ ဧက ၃၀၀ ခန့်ဖယ်ရှား ဆောင်ရွက်ရမည်ဟု သိရပြီး ဒေသခံမြေယာရှင် ၅၀ဦးခန့်အား လျော်ကြေးငွေပေး ချေရာတွင် လယ်မြေတစ်ဧက ကျပ်သိန်း ၄၀ နှုန်း၊ စိုက်ပျိုးသီးနှံတစ်ဧက စပါးတင်း ၄၀ အတွက် တစ်တင်းလျှင် ကျပ်၄၀၀၀ နှုန်း၊ ရော်ဘာနှစ်ရှည် ပင် တစ်ဧက ၂၂၀ ပင်အတွက်တစ်ပင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဟူ၍ သတ်မှတ်တွက်ချက်ကာ လျော်ကြေးငွေပေးအပ်လျက်ရှိကြောင်း သိရသည်။

စက်ရုံကို လာမည့် ၂၀၂၃ခုနှစ်တွင် အပြီးတည်ဆောက် မည်ဟုသိရပြီး တစ်နှစ်လျှင် ကျောက်မီးသွေးတန်ချိန် ၅ သန်းဝန်းကျင်ခန့် တင်သွင်း လည်ပတ်သွားမည်ဟုဒေသခံကျောက်မီးသွေးအလိုမရှိ ကန့်ကွက်နေသူများက ပြောသည်။

 

Written by – ရာဟု(ဖားအံ)

Leave a Reply