Advertisements

ဘားအံ၊ နိုဝင်ဘာ ၂၃။

Ultra-Super Critical (USC) နည်းပညာ အသုံးပြု၍ လျှပ်စစ် မဂ္ဂါဝပ် ၁၂၈၀ ထုတ် နိုင်မည့် ဘားအံမြို့နယ် ဝတ်ကြီး ကျေးရွာ အုပ်စု အနီးတွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းအား ဆောက်လုပ်ခွင့် ပြု၊ မပြုကို ပြည်ထောင်စု အစိုးရနှင့် ဆွေးနွေး ညှိနိုင်းဆဲ အခြေအနေ တွင်သာ ရှိသေးကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဌာနဝန်ကြီး ဦးစိုးလှိုင်က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က သုမေဓါရာမ (ကြားတောရ) ကျောင်းတိုက်၌ ကျင်းပသည့် ပြည်နယ် အစိုးရအဖွဲ့ ၊ ဝတ်ကြီး ကျေးရွာ ဒေသခံများ၊ TTCL ကုမ္ပဏီ တာဝန်ရှိသူများ တွေ့ဆုံပ ွဲတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“နေရှင်နယ် လိုင်းချိတ်ဖို့ကိစ္စ၊ ဓါတ်အားခ နှုန်းထား ကိစ္စ ၊ တည်ဆောက်မည့် စက်ရုံ မော်ဒယ် ကိစ္စတွေကို ပြည်ထောင်စု လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာနမှာ သွားရောက်ပြီး ကုမ္ပဏီအ နေနဲ့ရော ပြည်နယ် အစိုးရ အနေနဲ့ရော ပေါင်းစပ် ဆွေးနွေး ဆဲပါ” ဟု ပြည်နယ် လျှပ်စစ်/စက်မှု ဝန်ကြီး ဦးစိုးလှိုင်က ပြောဆိုသည်။

အဆိုပါ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း အမြင ်အမျိုးမျိုး ကွဲပြားကာ စိုရိမ် မှုများ ဖြစ်ပေါ်နေသည့် အပေါ် သိုက်တောကျေးရွာ

ဆရာတော်၏ တောင်းဆိုချက်ဖြင့် ယခု တွေ့ဆုံပွဲအား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် ပါဝင် တက်ရောက်၍ ကုမ္ပဏီ တာဝန်ရှိသူ များနှင့် အတူ လာရောက်၍ ရှင်းလင်း တင်ပြခြင်း ဖြစ်သည်။

“ဒေသခံတွေ အမြင် မရှင်း သေးဘူးလေ၊ ဒေသခံတွေ စိုးရိမ် နေတာ တွေကို အစိုးရ ဌာနဆိုင်ရာ ဘက်ကလည်း ထိုက်သင့် သလောက် လိုက်ပြီးတော့ ပြောပေးတယ်၊ ရှင်းပေးတယ်၊ ဒါပေမယ့် အပြန်အလှန် နားလည်မှု လေးတွေက အားနည်း သေးတယ်” ဟု သိုက်တောကျောင်းဆရာတော် ဦးကုသလဗုဒ္ဓိက မိန့်ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ကျွဲ၊ နွား တို့ အတွက် စားကျက် မြေများ၊ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက် လာနိုင်သည့် အခြေအနေများ၊ လယ်ယာမြေ လျှော်ကြေး၊ နစ်နာကြေး ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများ ဘက်မှ စိုးရိမ် ပူပန် နေမှုများ ရှိ နေသည့် အပေါ် ကုမ္ပဏီ တာဝန်ရှိသူမှ စီမံကိန်း ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း ကိုသာ လုပ်ဆောင်နေသည့် ကာလ ဖြစ်ကြောင်းလည်း ပြန်လည် ကုမ္ပဏီ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြ ခဲ့သည်။

တိုင်းနှင့် ပြည်နယ်များအနက် အစိုးရ လျှပ်စစ်မီး ရရှိမှု အနည်းဆုံး ပြည်နယ် တစ်ခုတွင် ပါဝင် နေသည့် ကရင်ပြည်နယ်၌ လျှပ်စစ် ဖူလုံ စေရန်နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အရေးကြီး အခြေခံ အဆောက်အအုံ ဖြစ်သည့် လျှပ်စစ်မီး လိုအပ် ချက်အား ဖြည့်ဆည်း နိုင်ရန် အဖက်ဖက်မှ စဉ်းစား ခဲ့ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

“စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာရန် လျှပ်စစ်မီးသည် လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း၊ လျှပ်စစ်မီး ရရှိရေး အတွက် ဆိုလာ၊ ရေအား၊ လေအား စသည်ဖြင့် ကြိုးစား ခဲ့သော်လည်း ကုန်ကျစရိတ် များပြီး အကျိုး ဖြစ်ထွန်းမှု နည်းသည့် အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း” ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်က အဆိုပါ တွေ့ဆုံ ပွဲတွင် ပြောကြား ခဲ့သည်။

ဆန်းစစ်မှုများကို အပြီးသတ် လုပ်ဆောင်ပြီး ပါက အစိုးရနှင့် ဒေသခံ များထံသို့ ထပ်မံ၍ ချပြ ရှင်းလင်း ထုတ်ပြန်သွားရန် အတွက်လည်း ကုမ္ပဏီ တာဝန်ရှိသူများက ဂတိပေး ပြောကြား ခဲ့သည်။

Written by – ရာဟု (ဘားအံ)

Leave a Reply