Advertisements

မိုးမိတ်၊ အောက်တိုဘာ(၁)ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ ကျောက်မော်ရဲကင်းမှ သက်သေခံပစ္စည်းများလာပို့သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ခုတ်သွားသူ(၂)ဦးအနက် လွတ်မြောက်နေသူတစ်ဦးကို စက်တင်ဘာ(၃၀)ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“မနေ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ နမ်ခမ်းမြို့နယ်ဖက်မှာဖမ်းမိပါတယ်။ အခုကျွန်တော်တို့ တာဝန် ရှိသူတွေသွားခေါ်နေပါတယ်။ မုံးဝီးကျေးရွာဖက်လို့သိရပါတယ်။”ဟု မိုးမိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

အဆိုပါ လူနှစ်ဦးသည် နွား(၅)ကောင်းဖြင့်တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့မှမသင်္ကာသောကြောင့် သွားရောက်မေးမြန်းစဉ် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ၂၁ရက်တွင် ပြင်ဦးလွင်၌ တစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြောင်းလဲလာတဲ့ခေတ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ပါဝင်လာတယ်လို့ဆိုလို့ရတာပေါ့။ တကယ် အလုပ်လုပ်တယ်ဆိုတာ မြင်မိပါတယ်။ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာတယ်လို့ မြင်မိပါတယ်။”ဟု မိုးမိတ်မြို့နေ ကိုစိုင်းထွန်းမြတ်ကပြောသည်။

အဆိုပါ ဓားခုတ်မှုဖြင့် ဖမ်းဆီးထားသူ(၂)ဦးကို မိုးမိတ်မြို့မရဲစခန်းမှ (ပ)၁၆၆/၂၀၁၇၊ လက်နက်ပုဒ်မ ၂(၁)(က)ဖြင့်လည်းကောင်း (ပ)၁၆၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၃ တို့ဖြင့်လည်းကောင်း အမှုဖွင့်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း မိုးမိတ်ရဲစခန်းမှ သိရသည်။

Written by – MMK

Advertisements
<

Leave a Reply