Advertisements

မော်လမြိုင် ၊ စက်တင်ဘာ ၂၇

မော်လမြိုင် မြို့ အ.ထ.က (၆) တွင် အဋ္ဌမတန်းကျောင်းသားနှစ်ဦးဋ္ ဘောလုံးကန်ရာမှ ခိုက်ရန်ဖြစ်ပွာပြီး ဓားထိုးမှု ဖြစ်ခဲ့သည့် အပေါ် နှစ်ဖက်မိဘများ က ကြေအေးလိုက်ကြောင်း မော်လမြိုင် အ.ထ.က (၆)ကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးမင်းပန်းအောင် ကပြောကြားသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ကျောင်း တာဝန်ရှိ သူများ က ဖြေရှင်းပေးခြင်း မရှိကြောင်း ပျံနှံ ခဲ့သော်လည်း ကျောင်း အုပ်ဆရာကြီး မင်းပန်းအောင်က မှု ယင်းအမှုမှာ နှစ်ဖက်ကျောင်းသား မိဘများကြေအေး လိုက်ခြင်း သာ ဖြစ်ကြောင်း ပြောသည်။

Advertisements
data-language="en"

“ကလေးတွေကတော့ အစကဘောလုံးကန်ရင်း တစ်ယောက်နဲ့တစ်ယောက် ယောင်္ကျားလေးတွေဆိုတော့ သိတဲ့အတိုင်းပဲ သူမခံနိုင်ငါမခံနိုင်ဖြစ်ပြီး ရန်ဖြစ်ရာကနေ အဲ့မှာအခန့်မသင်လို့ ဓားနဲ့ထိုးမိသွားတာ သူတို့ဦး လေးအချင်ချင်ကလဲသိနေကြတာဆို တော့တစ်ယောက်နှင့်တစ်ယောက် အမှုမလုပ်တော့ပဲကြေအေးပေးထား ကြပါတယ်” ဟု အ.ထ.က (၆)ကျောင်းအုပ်ဆရာကြီး ဦးမင်းပန်းအောင် ကပြောသည်။

ကျောင်းစည်းကမ်းထိန်းသိမ်းရေး အရ အဆိုပါဓား ဖြင့်ထိုးသည့် ကလေးကို ခံဝန်လက်မှတ်ထိုးခိုင်ပြီး ကျောင်း ပြောင်းခွင့် လက်မှတ်ပေးခဲ့ကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူများ ထံမှသိရှိရသည်။

“ဖြစ်ဖြစ်ချင်း ကျောင်းကဆရာ၊ ဆရာမတွေက ဆေးရုံလိုက်ပို့ပေးတယ် ပြီးတော့သူတို့မိဘတွေလဲခေါ်ပေးတယ် ။ သိနေကြတယ်ပေါ့ သူတို့နဲ့က ဘာအမှုမှမလုပ်ပဲနဲ့လဲကျေအေးပေးထားပါတယ် ။ ကလေးကိုလည်း ကျောင်းပြောင်း ခိုင်းတယ် ။ ကျူရှင်ကလဲတူနေကြတော့ ကျူရှင်ထုတ်ပေးတယ်။”ဟု ဓာဖြင့်ထိုးခံရသည့် ကျောင်းသား မိခင် က ဆိုသည်။

ဓာဖြင့်ထိုးခံ ရသည့်ကျောင်းသားသည် ကျောင်းမှခွင့်ပေးထားပြီ ရရှိခဲ့သည့် ဒဏ်ရာများလည်း သက်သာနေပြီဖြစ် ကြောင်း ၎င်း ကထပ်လောင်းပြောကြားသည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Photo from facebook

Leave a Reply