Advertisements

လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါ ဖြစ်သည် ဟု ဂရိအတွေးအခေါ် ပညာရှင်ကြီးတစ်ယောက် က ကောက်ချက်ချ ပြောဆိုခဲ့တာဖတ်ဖူးသည်။ကျွန်တော်အနေဖြင့် ထိုအဆိုကို ကိုးကား၍ ညီ လာခံတစ်ခုတွင် ဆွေးနွေးခဲ့ဖူးသည်။ ၁၉၉၅ ခု နှစ်ကကျင်းပသည့် ရောင်နီဦးညီလာခံတွင် ဖြစ် သည်ဟု မှတ်မိသည်။ စတုတ္ထအကြိမ် ညီလာခံ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ယခုလိုပင် နေ ကြတ်သည်ကို ရောင်နီဦးညီလာခံမှာ ကြုံဖူး သည်။ အောက်တိုဘာလဟု ထင်သည်။ နေ ကြတ်သည့်အကြောင်းကို ထည့်ပြောရခြင်းမှာ နေကြတ်မည့်နေ့တွင် ညီလာခံ၌ နိုင်ငံရေးလုပ် ငန်းစဉ် ဆွေးနွေးနေစဉ်ဟု မှတ်မိသည်။ ထိုအ ချိန်က အမျိုးသားညီလာခံ ကျင်းပနေချိန်ဖြစ်ပြီး အမျိုးသားညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သပိတ်မှောက်ကျောခိုင်းလျှင် ကျွန်တော် တို့က ဘာလုပ်ကြမလဲဟု ဆွေးနွေးနေချိန်ဖြစ် သည်။ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက် နှုတ်ထွက်မည်ဟု တွက်ချက်ထားသည်။ ယခု ပြန်တွေး ကြည့်တော့ ကျွန်တော်တို့၏ နိုင်ငံရေး သုံးသပ်ချက်များသည် ဂုဏ်ယူစရာဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသားညီလာခံက နှုတ်ထွက် လိုက်သည့်အကြောင်းကို ညဘက် BBC မြန်မာ ပိုင်းအစီအစဉ်တွင် ကြားသိရသောကြောင့်ဖြစ် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရထား သောပါတီ။ လူထုထောက်ခံထားသော အနိုင် အရပါတီ နှုတ်ထွက်လိုက်သဖြင့် အမျိုးသားညီ လာခံ၏ legitacy တရားဝင်မှုသည် ကျဆင်း သွားရသည်။ ကျွန်တော်တို့အနေဖြင့် စစ်အာဏာ ရှင်စနစ်ကို မနှစ်သက်သူများပီပီ စစ်တပ်၏ နိုင်ငံ ရေးတွင် ပါဝင်ပတ်သက်မှုကိုမကြိုက် လက်မခံ ကြသူများဖြစ်သည်။ အမျိုးသားညီလာခံမှတစ် ဆင့် အာဏာသိမ်းစစ်အစိုးရက သူ၏ တရားဝင် မှုကိုရယူရန် ကြိုးပမ်းနေသည်ဟုမြင်သည်။

ကျွန်တော်က နိုင်ငံရေးတွင်စစ်တပ်ပါ ဝင် ခြင်း လက်မခံဟု ဆွေးနွေးနေကြစဉ် လူဆိုသည် မှာ နိုင်ငံရေးသတ္တဝါဖြစ်ကြောင်း စစ်တပ်၏ နိုင်ငံ ရေးပါဝင်မှု တားဆီးပိတ်လျှင် မတရားဟု ထင် ကြောင်းဆွေးနွေးရာ ကျွန်တော့်ထက် နိုင်ငံရေး အတွေ့အကြုံ အများကြီးရှိသူ ကျွန်တော်တို့ ကျောင်းသားလူငယ်များ မသိ နားမလည်မှုများ ကို ကြိုးစားပြီးရှင်းပြတတ်သူ ဦးအောင်ထူးက လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါဖြစ်သည်ဆို သည့်အယူအဆကို လက်ခံပါကြောင်း သို့ရာ တွင်လူဆိုသည်မှာ ယေဘုယျကိုဆိုလိုပြီး စစ် တပ်ကိုနိုင်ငံရေးတွင် မပါဝင်စေခြင်းမှာ ဝိသေသ ကြောင့်ဖြစ်ကြောင်း စစ်တပ်သည် လက်နက်ကိုင် ထားသည့် အဖွဲ့အစည်းဖြစ်ပြီး တိုင်းပြည်ကိုကာ ကွယ်ရန် တာဝန်ရှိကြောင်း ပြန်လည်ဆွေးနွေးရှင်း ပြသည်။ အထူးသဖြင့် စစ်တပ်၏ အမျိုးသားနိုင်ငံ ရေး ဦးဆောင်အခန်းကဏ္ဍပါဝင်ရေး ဆိုသည့် အချက်သည် လက်မခံနိုင်ခြင်း ဖြစ်ကြောင်းဆွေး နွေးသည်။ နိုင်ငံရေးဦးဆောင်မည့် အုပ်ချုပ် မည့်အစိုးရသည် ပြည်သူလူထု၏ ဆန္ဒအရဖြစ် ရမည်ဟုသူက ရှင်းပြသည်။ ကျွန်တော်တို့ နား လည်ထားသည်မှာ နိုင်ငံရေးဆိုသည်မှာ နိုင်ငံ၏ အရေးအရာများကို ဆောင်ရွက်ခြင်း ဖြစ်သည်။ အိမ်ထောင်ရှင်မများ၏ မီးဖိုချောင် စားသောက် ကုန်ဈေးနှုန်းများ တက်ခြင်းမှစပြီး လမ်းထိပ်လမ်း မကြီးချိုင့်ဖြစ်နေခြင်း အပါအဝင် ရွေးကောက်ပွဲ များတွင် မိမိယုံကြည်ကိုးစားသူကို မဲပေးခြင်း။ ကိုယ်တိုင်ဝင်ရောက် အရွေးချယ်ခံခြင်း အထိနိုင် ငံရေးဖြစ်သည်။ တပ်မတော်၏ သဘောထားဖြစ် သော အမျိုးသားနိုင်ငံရေးဆိုပြီး နိုင်ငံရေးကိုဝိသေ သပြုလုပ်ကိုင်ခြင်းကိုလည်း လက်ခံလို့မရပေ။

နိုင်ငံရေးပါတီများသည် နေရာလု၊ ကုလား ထိုင်လု၊ အာဏာလုနေကြပြီး မြန်မာ့နိုင်ငံရေးပါ တီများသည် သုံးယောက်ရှိလျှင် နှစ်ခြမ်းကွဲနေ ကြသည်။ ထို့ကြောင့် ပါတီနိုင်ငံရေးသည် ကိုယ် ကျိုးရှာနေကြသည်ဟု နိုင်ငံပိုင် သတင်းစာများ တွင် ဝါဒဖြန့်ခဲ့သည်။ တပ်မတော်သည် အချုပ် အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန် အသက်သွေးများ ပေးဆက်ခဲ့ရသည်ဟု ဆိုပြီး အမျိုးသားနိုင်ငံရေးကသာ မွန်မြတ်ပြီး တပ်မ တော်က အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်း ကဏ္ဍတွင် ပါဝင်ရမည်ဟုဆိုသည်။ တကယ် တော့ နိုင်ငံတော်ဆိုသည်မှာ နိုင်ငံနယ်နိမိတ်၊ ပြည်သူ၊ ပြည်သူ တင်မြှောက်သော အစိုးရ၊ လွတ်လပ်ရေးဆိုသော လေးချက်ရှိမှသာ အချုပ် အခြာအာဏာ ပိုင်ဆိုင်သည့် လွတ်လပ်ရေးဖြစ် သည်။ ယင်းအချက်ကို နဝတ၊ နအဖအစိုးရလက် ထက်များတွင် နိုင်ငံတော်၏ စေတနာ၊ နိုင်ငံ တော်၏ လုပ်ဆောင်ချက်များဟု ဝါဒဖြန့်ခဲ့သည်။ နိုင်ငံတော်နှင့် အစိုးရကို လုံးထွေးပြီးပြည်သူကို အမြင်ရှုပ်ထွေးအောင် လုပ်ထားသည်။ အင်္ဂလိပ် ဝေါဟာရအရ နိုင်ငံတော်သည် State ဖြစ်ပြီး အစိုးရသည် Government ဖြစ်သည်။ ပြည် သူက ရွေးချယ်တင်မြှောက်သည့် အစိုးရဖြစ်စေ၊ အာဏာသိမ်းအစိုးရဖြစ်စေ တိုင်းပြည် ဖွံ့ဖြိုးတိုး တက်အောင် ပြည်သူများ စားဝတ်နေရေးအဆင် ပြေအောင် စီမံခန့်ခွဲပေးရသည့် တာဝန်ရှိသည်။ ထို့ပြင် တပ်မတော်တွင်လည်း အားပြိုင်မှုများ အာဏာလွန်ဆွဲမှုများ ရှိခဲ့ဖူးသည်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့ ဖယ်ရှား ခြင်းသည် သိသာမြင်သာသည့် အာဏာလွန်ဆွဲပွဲ ဖြစ်သည်။ ထို့ပြင် အစိုးရတစ်ရပ်၏ လမ်းဖောက် တံတားဆောက်ခြင်းသည် မည်သည့် နိုင်ငံတွင်မ ဆိုအစိုးရများ၏ ပုံမှန်လုပ်ရိုးလုပ်စဉ် တာဝန်သာ ဖြစ်သည်ဟု ကျွန်တော်တို့က နားလည်ထား သည်။ တပ်မတော်ကြွေးကြော်နေသည့် တို့တာ ဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲ ရေး၊ အချုပ်အခြာတည့်တံခိုင်မြဲ၊ လွတ်လပ်ရေး သည် ကျွန်တော်တို့ ကျောင်းသားသူပုန်များလို လားသည့် နိုင်ငံ့ ရည်မှန်းချက်များနှင့် သိပ်မကွာ လှပေ။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုမ ပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် လက်နက်ဖြင့်ဆောင်ရွက်၍မရ တိုင်း ရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်ကို လေးစားတန်ဖိုးထားသော အာဏာများ ကို ဗဟိုချုပ်ကိုင်စီမံခန့်ခွဲမည့် တစ်ပြည်ထောင်နိုင် ငံရေးစနစ်အစား အာဏာများကို ဖွဲ့စည်းအုပ်ချုပ် ပုံနှင့်အညီ ညှိနှိုင်းခွဲေ၀ စီမံခန့်ခွဲသောဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့်သာ ပြည်ထောင်စုကြီး မပြိုမကွဲ စုစည်းနေမည်ဟု မြင်သည်။ အထူးသ ဖြင့် နဝတ၊ နအဖခေတ်တွင် တစ္ဆေခြောက်ခံခဲ့ရ သော ခေတ်သစ်ကိုနီ နယ်ချဲ့ဝါဒကို ခုခံကာကွယ် လိုလျှင် စစ်အင်အားဆိုသည့် လက်နက်အင် အားဖြင့် မရနိုင်သလို တပ်မတော် တစ်ခုတည်း ကလည်း ခုခံကာကွယ်၍မရနိုင်ပေ။ တကယ် တမ်း ခေတ်သစ်ကိုနီချဲ့ဝါဒကို ဆန့်ကျင်လိုလျှင် နှလုံးရည်ပြည့်ဝမှုဖြင့်သာ ကာကွယ်လို့ ရရှိနိုင် သည်။

နှလုံးရည်ပြည့်ဝမှုဆိုသည့် Soft Power သည်ပညားရေးနှင့် ဆိုင်သည့် ပညာရေးဆိုရာ တွင် ကျောင်းတွင်းနံတွင်း ပညာရေးသာမက နံ ရံပြင်ပ ပညာရေးလည်း လိုအပ်သည်။ နံရံပြင်ပ ပညာရေးအတွက်ဆိုလျှင် သတင်းစာ လွတ်လပ် ခွင့်၊ စာပေလွတ်လပ်ခွင့် ရှိဖို့လိုသည်။ စာပေ လွတ်လပ်ခွင့်ရှိရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက်ဆိုလျှင် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးလိုသည်။ ကျွန်တော်တို့မြင်သည့် တိုင်း ပြည်နိုင်ငံရေး လိုအပ်ချက်နှင့် တပ်မတော်မြင် သောနိုင်ငံရေး ရည်မှန်းချက်သည် သိပ်မကွာဟု ပြောနိုင်သော်လည်း တန်ဖိုးထားမှု စေတနာနှင့် လုပ်နည်းလုပ်ဟန်တော့ တော်တော် ကွာခြား သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံကို ချစ်မြတ်နိုးသော နိုင်ငံရေးသမားဖြင့်ဖွဲ့ စည်းထားသော နိုင်ငံရေးပါတီများက အဓိကကျ သည်။ အကယ်၍ လူသားများဖြစ်သည့်လွှတ် တော်အမတ်များ အပါအဝင် နိုင်ငံရေးသမား များသည် ဖောက်လွဲဖောက်ပြန် အကျင့်ပျက်ခြ စား ဖိုးသင်းမျောက်များ ဖြစ်လာလျှင် ရွေး ကောက်ပွဲနည်းလမ်းဖြင့် ပြန်လည်ပြောင်းလဲလို့ရ သည်။ နိုင်ငံတကာကို ကြည့်လျှင်လည်း လက် နက်အားကိုးဖြင့် အာဏာသိမ်းပိုက်သော အစိုးရ များကို ပြောင်းလဲဖို့ခက်သည်။ ပြင်ဆင်ရန်ခက် သည်။ နိုင်ငံရေးသမားများကို တိုင်းပြည်အ တွက် အခိုင်းခံ အစေခံများအဖြစ် ယှဉ်ပြိုင်မောင်း နှင်စေခြင်းဖြင့် တိုင်းပြည်ကိုရွေ့အောင် ဖွံ့ဖြိုးတိုး တက်အောင် ခိုင်းစားလို့ရသည်။ ဒီမိုကရေစီ စနစ်တွင် နိုင်ငံသမားများကို ရွေးချယ်တင် မြှောက်ခြင်းသည် Button up ဆိုသည့်အောက် မှ အထက်သို့ ကိုယ်စားပြုခိုင်းစေသည့် စနစ်ဖြစ် သည်။ တပ်မတော်၏ သဘော သဘာဝသည် အမိန့်နာခံမှုအပေါ်အခြေခံသည်။ အထက်မှ အမိန့်ကို အောက်မှ နာခံဆောင်ရွက်ရသည်။ တပ်မတော် အာဏာရယူထားစဉ် မီဒီယာလွတ် လပ်ခွင့် မရှိသဖြင့် ဝေဖန်ထောက်ပြမှုမရှိသဖြင့် ဖြစ်သင့် မဖြစ်သင့် မှန်၏မမှန်၏ ပြောဆိုဖို့ ခက် သည်။ အကြောက်တရားကို အခြေခံထားသဖြင့် လူသားများလွတ်လပ်စွာ တွေးခေါ်ကြံဆမှုများ တီထွင်ဖန်တီးမှုများ ပျောက်ဆုံးကုန်သည်။ ထို့ ကြောင့် အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ် မတော်က ဦးဆောင်ပါဝင်နေခြင်းကို ကျွန်တော် တို့က နိုင်ငံရေးအရ လက်မခံနိုင်ခြင်းဖြစ်သည်။ တပ်မတော်က အနာဂတ်အမျိုးသား နိုင်ငံရေး တွင် ဦးဆောင်အခန်းမှ ပါဝင်လိုခြင်းသည် အ တိတ်နှင့် ပစ္စုပ္ပန်အခြေအနေကြောင့် ဖြစ်သည်ဟု နားလည်သည်။ အထူးသဖြင့် အာဏာသိမ်း အ စိုးရများ၏ အခက်အခဲအကြပ်အတည်း ဖြစ် သောအတိတ်နှင့် ပစ္စုပ္ပန်တွင် လုပ်ကိုင်ခဲ့မှုများကို အနာဂတ်တွင် နောက်ကြောင်းပြန် အရေးယူခံရ မည်ကို စိုးရိမ်ကြသည်။ တပ်မတော်အနေဖြင့် သိက္ခာရှိသော နိုင်ငံရေး ထွက်ပေါက်လိုနေသည် ကို ကျွန်တော်တို့ညီလာခံများ၊ ဗဟိုကော်မတီအ စည်းအဝေးများတွင် သုံးသပ်မိကြသည်။

ထို့အတွက် တပ်က အနာဂတ်အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်လိုနေ ခြင်းဖြစ်သည်။ တပ်မတော်က အကြောင်းပြလေ့ ရှိသော ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးအတွက် အကြောင်းပြ လေ့ရှိသည့်အချက်များသည် မခိုင်မာလှပေ။ အ ထူးသဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည်ဟု ဆိုသည်။ ရှိတော့ဘာဖြစ်လဲ ဟု ရိုးရိုးသားသားတွေးမိသည်။ ၁၃၅ မျိုးကို တစ်မျိုးတည်းဖြစ်အောင် လုပ်၍မရ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးအရ လူသားတိုင်းသည် တန်းတူ အခွင့်အရေးရှိမည်။ လွတ်လပ်စွာပြော ဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် အပါ အဝင် နိုင်ငံသားတိုင်း၏ အခွင့်အရေးများသည် တန်းတူသာ ဖြစ်သည်။ တိုင်းရင်းသား ၁၃၅ မျိုး ရှိလျှင် ၁၃၅ နှင့် ညှိနှိုင်းသဘောတူညီချက် ယူပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံတစ်ခု ရေးဆွဲ ကာ စီမံအုပ်ချုပ်ဖို့သာ ဖြစ်သည်။ သေချာသည် ကတော့ ၁၉၆၂ ကစပြီး စစ်တပ် နိုင်ငံရေးလုပ်ခဲ့ သည်။ အမျိုးသားနိုင်ငံရေးပဲပြောပြော နိုင်ငံ ရေးလုပ်ခဲ့သည့်အတွက် အနှစ်ငါးဆယ်လောက် မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံ ချွတ်ခြုံကျသွား သည်။ ၁၉၈၈ နောက်ပိုင်းတွင် တိုင်းပြည်၏ သစ် တောများအပါအဝင် သယံဇာတများ တော် တော်ကုန်သွားသည်။ တချို့ ပညာရှင်များက မြန်မာနိုင်ငံ၏ သယံဇာတ ပေါကြွယ်ဝမှုကိုပင် ကျိန်စာဟု သုံးသပ်ကြသည်။ သယံဇာတပေါ ကြွယ်မှုကြောင့် လက်နက်ခဲယမ်း ဝယ်ယူပြီးစစ် တိုက်နေကြ၍ ပြည်တွင်းစစ်မီး သက်ဆိုးရှည် နေရသလို ပြောဆိုကြသည်။ နိုင်ငံဆိုသည်မှာ လေးလေးနက်နက် စဉ်းစားပြီး လက်တွေ့ကျကျ လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည်။ ဒီဇိုင်းထိုင် ဆွဲသော နိုင်ငံရေးဒီဇိုင်းများ လက်တွေ့တွင် အ လုပ်မဖြစ်ပေ။ တကယ်တော့ တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး လုံခြုံရေးကို တာဝန် ယူရသည်။ ယင်းသို့ တာဝန်ယူရခြင်းသည် ပြည် သူလူထု၏ကိုယ်စား ဆောင်ရွက်ရခြင်းဖြစ်သည်။ ပြည်သူလူထု ရွေးချယ်သော တင်မြှောက်ထား သော အစိုးရသည် ပြည်သူလူထုကိုယ်စား တိုင်း ပြည်ကိုအုပ်ချုပ်ခြင်း ဖြစ်သည်။ ဒီမိုကရေစီစနစ် တွင် အာဏာသည်ပြည်သူလူထုထံမှ ဆင်း သက်သည်ဆိုသည်။ မော်စီတုန်းက အာဏာ သည် သေနတ်ပြောင်းကထွက်သည်ဟု ဆို သည်။ မည်သည့်နည်းလမ်းသည် ပြည်သူလူထု အတွက် အဆင်ပြေမည် တွေးဆနိုင်ပါသည်။မြန်မာနိုင်ငံ၏ အတွေ့အကြုံများက သင် ခန်းစာယူသင့်သည်။ အထူးသဖြင့် ကျွန်တော်တို့ ကျောင်းသားတပ်မတော်တွင် စစ်မကော်မရှင် ရှိပြီးစစ်ရေးကို စုပေါင်းဆုံးဖြတ် တာဝန်ယူတာဝန် ခံရသည်။ စစ်ကော်မရှင်ကို ညီလာခံက ရွေး ချယ်သော ကိုယ်စားလှယ်များက တာဝန်ယူရ သည်။

ညီလာခံကိုယ်စားလှယ်ကို တပ်ရင်း အောင် ခြေရဲဘော်ထုက ရွေးချယ်ရသည်။ တပ် ရင်းကိုယ်စားပြု ကိုယ်စားလှယ်များက ညီလာခံ တွင် ဆွေးနွေးညှိနှိုင်းငြင်းခုန်ကာ နိုင်ငံရေးလမ်း စဉ်၊ နိုင်ငံရေးလုပ်စဉ်များကို ချမှတ်ကြရခြင်း ဖြစ်သည်။ လက်နက်နှင့် အာဏာလုပ်ကိုင်ခွင့် များသည် လူများကို ဖျက်ဆီးတတ်သည်။ လူဆို သည့်သတ္တဝါသည် ပြောင်းလဲတတ်သည်ဖောက် လွဲဖောက်ပြန် ဖြစ်သည်ဆိုသော တရားအရစည်း မျဉ်းကမ်းများမူများဖြင့် တပ်ကို ဦးဆောင်မှုပေး ရသည်။ တကယ်တော့ သူက ထိုင်ခုံမှာထိုင်နေ တယ်။ တိုက်စရာရှိတော့ ငါတို့ ကျိုးစရာ၊ ကန်းစ ရာ၊ ပြတ်စရာ သေစရာရှိတော့ ဆိုသောအ မြင်သည် မြင်ကွင်းကျယ်အမြင် မဟုတ်ပေ။ တ ကယ်တော့ ကျွန်တော်တို့ တိုက်ပွဲဝင်နေခြင်း သည် ဗဟိုကော်မတီအတွက်မဟုတ် အဖိနှိပ်ခံ ပြည်သူများအတွက် ခံယူတိုက်ပွဲဝင်ခဲ့သာ ဖြစ် သည်။ ဗဟိုကော်မတီက ကျွန်တော်တို့ကို အုပ် ချုပ်ခြင်းမဟုတ် ဦးဆောင်မှု ပေးခြင်းခံယူသည်။ ဆိုသည်မှာ ဦးဆောင်သူ ခေါင်းဆောင်မှုတာ ဝန်မကျေလျှင် အကျင့်စာရိတ္တ ဖောက်ပြန်လျှင် နောက်တစ်ကြိမ် ညီလာခံတွင် ပိုကောင်းသည့်ဦး ဆောင်မှုကို ထပ်ရှာလို့ရသည်။ ဤသည်ကိုဒီမို ကရေစီကျင့်စဉ် အခြေခံ တပ်မတော်တစ်ရပ်၏ တာဝန်ခံမှု တာဝန်ယူမှုရှိသည့် စနစ်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင်လည်း တပ်များသည် နိုင်ငံရေးဦးဆောင်မှုကို ခံယူရ သည်။ KIA သည် KIO ၏ နိုင်ငံရေးဦးဆောင်မှု ကို ခံယူရသည်။ KNLA သည် KNU ၏နိုင်ငံ ရေးဦးဆောင်မှုကို ခံယူရသည်။ တိုင်းရင်းသား အဖွဲ့အစည်းများကို တပ်မတော်က နှစ်ပေါင်း၇၀ နီးပါးအချိန်အထိ အပြုတ်မတိုက်နိုင်ခြင်းမှာ လူ ထုထောက်ခံနေ၍ ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ သောင်းကျန်းသူဟု အ နှစ် ၅၀ ကျော် ကင်မွန်းတပ် ဝါဒဖြန့်ခဲ့သောနှစ် ပေါင်း ၇၀ ကျော် ရပ်တည်နေနိုင်ခြင်းသည် နိုင်ငံခံယူချက် ယုံကြည်မှုကြောင့် ပြည်သူလူထု ထောက်ခံနေခြင်း ဖြစ်သည်။ ကျွန်တော်သည် ကချင်တစ်ယောက် ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ် ၈၈ မတိုင်ခင်က ကေအိုင်အေကို စစ် သားစုဆောင်းသည့် စနစ်ကိုမကြိုက် မထောက် ခံခဲ့ပေ။ ၈၈ မတိုင်ခင်က ပြသည့် ကျော်သူသရုပ် ဆောင်သည့် တိမ်ကော့နော်ဂျာ ဇာတ်ကားကို နှစ်သက်ခဲ့သည်။ ယခုတော့ ကေအိုင်အေသည် လူထုထောက်ခံမှု ရရှိနေသည်။ အထူးသဖြင့် လူငယ်ထု၏ထောက်ခံမှု ရရှိနေသည်ကို သုံးသပ် သင့်သည်။ ကျွန်တော်တို့အနေဖြင့် နိုင်ငံကာ ကွယ်ရေးအတွက် တပ်မတော်တစ်ခုတည်း ရှိရ မည်ဆိုသည့်အယူအဆ အစဉ်တစ်စိုက် ထောက် ခံခဲ့။ ရန်ဘက်အဖြစ် တိုက်ခိုက်နေသည့် တပ်မ တော် ပြိုကွဲမည်ကိုလည်း မလိုလားဘဲ တပ်မ တော်ပြုပြင်ပြောင်းလဲရေးကိုတော့ လိုလားခဲ့ သည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်း စုံနေထိုင်သည့် နိုင်ငံတွင် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များတွင် တိုင်းရင်းသားများ တာ ဝန်ပေးမခံရခြင်းကို မကြိုက် အရည်ချင်းရှိလျှင် ရှိသလို တိုင်းရင်းသားဟုတ်သူဖြစ်စေ တိုင်းရင်း သားမဟုတ်သူဖြစ်စေ တာဝန်ပေး ခံရဖို့လိုသည်။ ကျွန်တော်တို့ တွဲခဲ့သည့် တိုင်းရင်းသားများထဲ တွင် ဗီဇအရကို စစ်တိုက်တာ ထူးချွန်သည့်လူ များရှိသည်။

ကယန်းရဲဘော်များသည် စခန်းချ နေရာ ရွေးချယ်ရာတွင်လည်းကောင်း စစ်တိုက် ရာတွင်လည်းကောင်း အတော်လေးတော်သည့် အကြောင်းရင်းကို လေ့လာကြည့်တော့ သူတို့ ဒေသတွင် တောင်ယာအတွက် နယ်မြေသတ် မှတ်ရာတွင် စစ်တိုက်ခဲ့သည့် အစဉ်အလာရှေး တုန်းကတည်းက ရှိခဲ့သည်။ ၀ တိုင်းရင်းသားများ သည်အမိန့်နာခံမှုအားကောင်းသည်။ ကယော ရဲဘော်များ တစ်ဦးဆိုလျှင် မင်းဒီနေရာက ငါ လာမခေါ်ချင်းမရွေ့နဲ့ဟု ညွန်ကြားထားရာ ခါချဉ် များအုံခဲကိုက်နေသည်ကိုပင် မရွေ့မပြောင်း ပေ ခံနေသော အမိန့်နာခံမှုကောင်း ရဲဘော်များကြုံ ခဲ့ဖူးသည်။ လစာမရှိသော ကျောင်းသားတပ်မ တော်တွင် ခေါင်းဆောင်ကို ကာကွယ်ရန် လက် ပစ်ဗုံးဖြင့် ရှေ့ကသွားသော ရဲဘော်များရှိခဲ့ဖူး သည်။ ကျွန်တော် ဆိုလိုသည်မှာ တပ်မတော် တစ်ရပ်၏ အသက်ဖြစ်သော အမိန့်နာခံမှုနှင့် သစ္စာရှိမှုတွင် တိုင်းရင်းသားစံပြ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ် တပ်မတော်၏ ပင်မတာဝန်ဖြစ် သော ကာကွယ်ရေးအလုပ် လုပ်ရန် အမျိုးသား နိုင်ငံရေးဟု မျက်နှာဖုံးတပ်ထားသော အာဏာ နိုင်ငံရေးမှ နောက်ဆုတ်ပေးပြီး ပြည်သူကရွေး ချယ်တင်မြှောက် အာဏာအပ်နှင်းသော အစိုးရ များ၏ ဦးဆောင်မှုကိုခံယူရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါသလို တပ်မတော်ကိုလည်း ပြည်သူလူထု ပြန်လည်ယုံ ကြည်အားကိုးလာပေမည်။

 

Written by – မာန်လုငယ်

Advertisements
<

Leave a Reply