မေလ ၂၆ ရက်နေအား မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အဖြစ် သတ်မှတ်ထားပြီး ယခု ပညာသင်နှစ် အတွက် မွန်ပြည်နယ်ရှိ အစိုးရကျောင်းများ၌ မည့်သည့်အတန်းတွက်မဆို ကျောင်းအပ်ခ စရိတ် ပေးရန်မလိုကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ကျောင်းအပ်နှံရာတွင် ငွေကြေး တောင်းခံမှုများ ရှိပါက မွန်ပြည်နယ်ပညာရေးမှူးရုံးထံသို့ တိုင်ကြားနိုင်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မော်လမြိုင်မြို့ရှိ အ.ထ.က (၆)၊ (၈)၊ (၉) တို့၌လည်း ကျောင်းအပ်ရာတွင် မည်သည့်အဖိုးအခမျှ ပေးရန် မလိုကြောင်း မေတ္တာရပ်ခံချက်များ ကပ်ရှိထားသည်။

Leave a Reply