Advertisements

ချောင်းဆုံ ၊ ဇူလိုင်

ဘီလူးကျွန်းဒေသ၊ ချောင်းဆုံမြို့နယ်ရှိ ကတောင်စိန် – ရွာလွတ် ကျေးရွာချင်းဆက် တောင်ဖြတ်လမ်းကိုလာမည့်ဘတ်ဂျက်နှစ်တွင်အဆင့်မြှင့်တင်ပေးရန်မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း မွန် ပြည်နယ် လွှတ်တော် ၊ ဒုတိယ ဥက္ကဋ္ဌဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဇွန်လ ၃၀ ရက်နေ့ ချောင်းဆုံမြို့နယ်ခရီးစဉ်တွင် လွှတ်တော် ဒုတိယဥက္ကဋ္ဌက ယင်းကိစ္စအတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြေသားလမ်းအဆင့် သာရှိနေသေးတဲ့အတွက်လာမဲ့ဘတ်ဂျက်မှာ လမ်းအရှည် ၂မိုင်ခွဲ အကျယ် ၁၈ ပေရှိတဲ့ ကတ္တရာလမ်းခင်းခြင်းကို ဆောင်ရွက်စေချင်ပါတယ် ”ဟု ၎င်းက ပြောသည်။

လက်ရှိသွားလာအသုံးပြုနေသော ကညှော်၊ မုဒွန်း ၊ ဒေါင်းဥ ၊ ကမာမို ၊ရွာလွတ် ကျေးရွာချင်းဆက်ကျွန်းပတ် လမ်းမှာရွာလွတ်ကျေးရွာသို့ ရောက်ရှိနိုင်ရန် ၇မိုင်ဝန်းကျင်ခန့်သွားလာနေရကြောင်း၊ သို့ဖြစ်၍၂မိုင်ခွဲခန့်သာ ဝေးကွာသော အဆိုပါလမ်းကို ပြုပြင်ပေးရန်ဒေသခံများကလည်းလိုလားနေကြောင်းရွာလွတ်ကျေးရွာနေ နိုင်ကိုကြီးက ပြောသည်။

“ဘီလူးကျွန်းဒေသအတွက်ဖြတ်လမ်းတစ်ခုဖြစ်လာမယ်လို့ပြောလို့ ရတယ်။ ဘီလူးကျွန်းရဲ့တောင်တန်းတွေက ကျေးရွာတွေကို အရှေ့အနောက်ပိုင်းခြားထားသလိုဖြစ်နေတယ် ။ တောင်အရှေ့၊ တောင်အနောက်ကျေးရွာတွေ တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်သွားလာဖို့အတွက် တောင်တန်းတွေ ကိုကွေ့ပတ်သွားလာနေရသလိုဖြစ်နေတယ်”ဟု ၎င်းက ပထဝီအနေအထားကို ဆက်လက်ရှင်းပြသည်။

ဒေါက်တာအောင်နိုင်ဦးက ယင်းလမ်း အဆင့်မြှင့်တင်ရေး အပြင် ကလွီ-ဒရယ်ကျေးရွာချင်းဆက်လမ်းနှင့် တောင်စွန်း-မုနိုင်းဘုရားလမ်းလမ်းအဆင့်မြှင့်တင်ရေးတို့ကိုပါ ဝန်ကြီးချုပ်ထံ တင်ပြခဲ့သည်။

အလားတူ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်၂မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြကလည်း ကမာကေး-တော်ပကောက်ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်ရေး ၊ ဒေါင်းရပ်အနောက်ကွန်ကရစ်တံတား ကျိုးပြတ်နေသည်ကိုပြန်လည်ပြင်ဆင်နိုင်ရေးတို့ကို တင်ပြခဲ့သည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply