Advertisements

ချောင်းဆုံ ၊ ဇွန်

ချောင်းဆုံမြို့နယ်မှ ကျေးရွာစျေး ၄ ခုကို ဇွန်လ ဒုတိယပတ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာတွင် အလေးအချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်းချနေကြောင်း တွေ့ရှိရသည့်အတွက် ကျန်စျေးများကိုပါဆက်လက်စစ်ဆေးသွားရန်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။

“မုရစ်ကလေး၊ ကွမ်သဲ၊ ကညှော်၊ မုဒွန်းကျေးရွာစျေး ၄ ခုကိုအခုအပတ်ထဲမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ရာမှာ အလေးအချိန်အတွယ် မမှန်မကန်ဘဲရောင်း၀ယ်နေသူ အယောက် ၂၀ ကို တွေ့ရှိရတယ်။

စည်ပင်ဥပဒေအရတစ်ဦးကို ၂၀၀၀၀ ကျပ်စီဒဏ်ငွေ ပေးဆောင်စေခဲ့တယ်။ ဒါမျိုးနောက်ထပ်ကျူးလွန်ပြန်ရင် ခုထက်ပိုပြီး ဒဏ်ကြေးငွေသတ်မှတ်ပေးဆောင်ရမှာဖြစ်တယ်” ဟု မြို့နယ်စည်ပင်မှ အမှုဆောင်အရာရှိ ဦးအုံးသန့်ကပြောသည်။

ချောင်းဆုံမြို့မစျေး နှင့် ရွာလွတ်၊ ကမာမို၊ ကွမ်ရိုက်၊ တောင်စွန်း၊ သက္ကောကျေးရွာစျေးများကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ၎င်းကဆိုသည်။

ရောင်းသူရော ဝယ်သူပါ မနစ်နာစေရေးအတွက် မျှတသောစျေးနှုန်းများလည်း သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ ဒေသတွင်း အချိန်အတွယ်မှန်ကန်စွာ ရောင်းဝယ်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးကပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply