ကျိုက်မရော ၊ အောက်တိုဘာလ (၂၈)ရက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အား (၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး ကျေးရွာဖွံ့ဖြိုးရေးစီမံချက်စာအုပ် အား ပြန်လည် Upate ရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနည်း သင်တန်းအား အောက်တိုဘာလ (၁၇) ရက်နေ့မှ (၁၈ ) ရက်နေ့တွင် အထရံကျေးရွာအုပ်စု ၊ အောက်တိုဘာလ (၁၉)ရက်နေ့နှင့် (၂)ရက်နေ့တွင် ကဒါကျေးရွာအုပ်စု ၊ အောက်တိုဘာလ (၂၄)မှ (၂၅ )ရက်နေ့တွင် ဖနုံကျေးရွာအုပ်စု၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၇)ရက်နေ့တွင် ဦးစီးဌာနရုံး၌ သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပါသည် ။ အဆိုပါသင်တန်း ပထမအကြိမ်တွင် ကျေးရွာ (၇)ရွာမှ သင်တန်းသား/သူ (၂၄ )ဦး၊ ဒုတိယ အကြိမ်တွင် ကျေးရွာ (၁၂)ရွာမှ သင်တန်းသား/သူ (၃၃)ဦး တတိယအကြိမ်တွင် ကျေးရွာ (၇)ရွာမှ (၂၁)ဦး၊ စတုတ္ထအကြိမ် ကျေးရွာ (၁၃)ရွာမှ (၁)ဦးဖြင့် သင်တန်းဖွင့်လှစ်ပို့ခဲ့ပြီး ကျန်ကျေးရွာများကို ဆက်လက်၍ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Reply