ဘီးလင်း၊ အောက်တိုဘာလ ၂၉ ရက်

မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်း အကောင်အထည်ဖော်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဘီးလင်းမြို့နယ်၊ အောင်ဇေယျခန်းမ၌ (၂၉-၁၀ ၂၀၁၉ ) ရက်နေ့မှ (၃၀ -၁၀-၂၀၁၉) ရက်နေ့ထိ ( ၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည် ။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာအုပ်စုကိုယ်စားလှယ်များမှ တက်ရောက်ကြပြီး ပထမနေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ် မှ အဖွင့်အမှာစကားပြောကြား ၍ မြို့နယ်ဦးစီးမှူး ဦးမင်းထောစံ မှ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များ ကို ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ကဏ္ဍ၌ ဆွေးနွေးထားသော လုပ်ငန်းများအလိုက် ဆွေးနွေးကြပြီး အဖွဲ့ (၄ )ဖွဲ့ မှ ဆွေးနွေးချက်များကို ပြန်လည်တင်ပြကာ ပထမနေ့အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည် ။

ဒုတိယနေ့အခမ်းအနားတွင် မြို့နယ်စောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံမှ ကျေးရွာအုပ်စုအဖွဲ့ (၄ ) ဖွဲ့ မှ ဆွေးနွေးထားသည်များကို အနှစ်ချုပ်ရှင်းပြပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင်က ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်နှင့်ပတ်သက်ပြီး ရှင်းပြခဲ့ပါသည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မိမိတို့ဌာန နှင့်သက်ဆိုင်သော အခန်းကဏ္ဍများကို ဆွေးနွေးရှင်းလင်းကြပြီး တက်ရောက်လာကြသော ကျေးရွာများမှ သိလိုသည်များကို မေးမြန်းကာ ဌာနဆိုင်ရာများက ပြန်လည် ဖြေရှင်းပြီး မြို့နယ်စီမံကိန်းမန်နေဂျာမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနား ကျင်းပခြင်း ဖြင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ မိမိတို့ ဌာန၏ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်များတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ကဏ္ဍ မှ လုပ်ငန်းများကို ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။

Leave a Reply