Advertisements

ချောင်းဆုံ ၊ ဇန်နဝါရီ

ဘီလူးကျွန်းဒေသရှိကျေးရွာများတွင် ယစ်မျိုးလုပ်ငန်းလိုင်စင်ရယူထားသူများ အရွယ်မရောက်သေးသော ကလေးငယ်များအား အရက်သေစာများရောင်းပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဟု ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က သတိပေးပြောကြားသည်။

“အသက်အရွယ်မပြည့်သေးတဲ့ကလေးငယ်တွေကို အရက်သေစာရောင်းတာတွေ ဆေးလိပ်ရောင်းတာတွေမ လုပ်ကြဖို့လုပ်ငန်းလိုင်စင်ရယူထားသူတွေကိုသတိပေးလိုတယ် သတိပေးထားရက်နဲ့နောက်ထပ်ဖြစ်လာရင် တော့လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမှာဖြစ်တယ်”ဟု ၎င်း ကပြောသည်။

အရွယ်မရောက်သေးသောကလေးငယ်များအရက်သေစာသောက်စားနေခြင်းကိုသိရှိရ၍ယခုကဲ့သို့သတိပေးရခြင်းဖြစ်ကြောင်း ကလေးငယ်များဘဝအနာဂတ်ကောင်းမွန်ရေးအတွက် မလိုလားအပ်သောပြသနာများမဖြစ်ပွား နိုင်ရန်လည်း ရည်ရွယ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကညှော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စုံညီပွဲတော်ကျင်းပခဲ့ရာ သတ္တမနှင့် အတ္ထမကျောင်းသား ၁၅ ဦးစာသင်ခန်းတွင်အရက်သေစာသောက်စားမှုဖြစ် ပွားခဲ့ပြီးအပစ်ပေးအရေး ယူထားကြောင်းအဆိုပါကျောင်းအုပ်ဆရာမကြီးကသိရသည်။

“အရပ်ထဲမှာလည်းကျောင်းသားတွေအရက်သေစာသောက်စားနေတာကြားသိနေရတယ် အခုစာသင်ခန်းမှာ အရက်သေစာတွေသောက်စားတဲ့အထိဖြစ်လာတယ် အပစ်ပေးအရေးယူမှုအနေနဲ့ကလေးတွေကို စာဖြေခွင့် တော့ပေးထားတယ် ကျောင်းဆက်တက်ခွင့်မပေးတော့ဘူး သက်ဆိုင်ရာမိဘတွေထံပြန်လည်အပ်နှင်းခဲ့ခြင်း ဖြစ်တယ်”ဟု ကျောင်းအုပ်ဆရာမကြီးကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသားမိဘများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက သက်ညှာစွာပြန်လည်စဉ်းစားပေးရန်သက်ဆိုင်ရာကျောင်းအုပ် ဆရာမကြီး နှင့်အကြိမ်ကြိမ်သွားရောက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုများမရရှိသေးကြောင်းသိရသည်။

“အပစ်ပေးအရေးယူခံထားရတဲ့ကလေးတွေက ပြင်ပမှာဘာမှလုပ်ကိုင်နိုင်သေးတဲ့အရွယ်လည်းမဟုတ်သေးဘူး ကျောင်းတက်ရတဲ့အရွယ်မှာကျောင်းတက်ခွင့်မရလို့လေလွင့်သွားမှာလည်းစိုးရိမ်မိတယ် သက်ညှာစွာပြန်စဉ်း စားပေးဖို့အဆင့်ဆင့်ညှိနှိုင်းခဲ့ တာလည်းအဆင်ပြေမှုမရသေးဘူး”ဟု ကညှော်ကျေးရွာက ဦးတင်လှက ပြောသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply