Advertisements

ထားဝယ်၊ ဇူလိုင်

ယခုလာမည့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ဆရာမများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ယာ အလုံး၆၀ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်း က ပြောသည်။

“တိုင်းဒေသကြီးဘတ်ဂျက်က ဝန်ထမ်းအိမ်ယာဆောက် ပေးတယ်ဆိုတာမရှိဘူး ။ ရအောင်ထိုးဖောက်ပြီး ဒီနှစ် အလုံး ၆၀လောက်ပေးဆောက်မယ်၊ ခန့်မှန်းခြေ တစ်မြို့နယ်ကို ၆လုံးလောက် ဆောက်ပေးမယ်”ဟု ၎င်းက ဆိုသည်။

၃ ဦးမှ ၄ဦးအထိ နေထိုင်နိုင်သော ၂ခန်းတွဲ ဝန်ထမ်းအိမ်ယာ တစ်လုံးလျှင် ငွေကျပ် သိန်း ၁၅၀ခန့် အကုန်ကျခံ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း

ရပ်ရွာတိုင်းတွင် ဆရာ/ဆရာမများ နေထိုင်ရန်အခက်အခဲရှိ၍ နယ်စွန်နယ်ဖျားဒသ၊ တိုင်းရင်းသားကျေးရွာများတွင် ဦးစားပေးဆောက်လုပ်သွားမည်ြဖ်ကြောင်း၊ လတ်တလောတွင် ဝန် ထမ်းအိမ်ယာဆောက်လုပ်မည့်စာရင်းပြုစုနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ဖြည့်စွက်ပြောသည်။

ကျေးရွာများတွင် ဝန်ထမ်းအိမ်ယာမရှိ၍ တာဝန်ကျ ဆရာ/ဆရာမများအဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၊ သို့မဟုတ် ရပ်ရွာမ ှစီစဉ်ပေးရာနေရာတို့တွင် စတည်းချ နေထိုင်လျက် နေရေးကိစ္စကို ဖြေရှင်းနေရသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း ကာယကံရှင်တို့ထံမှတဆင့် သိရသည်။

တိုင်းပညာရေးမှူးရုံးမှ ပြုစုထားသော စာရင်းအရ တစ်မြို့နယ်လျှင် ဝန်ထမ်းအိမ်ယာမရှိသောကျေးရွာ ၁၀၀ကျော်ရှိသည်ဟု ဝန်ကြီးက ထပ်လောင်းပြာဆိုသည်။

Written by တင့်လွင်

Leave a Reply