Advertisements

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လတ်တလော ရပ်တည်ချက်နှင့် လက်ရှိဖြစ်ပွားနေသော ရခိုင်ပြဿနာကို ဖြေရှင်းရမည့် နည်းလမ်းများအပါအဝင် NLD အစိုးရ၏ ဆောင်ရွက်ချက် စသည်တို့နှင့်ပတ်သက်ပြီး နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ်က ယင်းအဖွဲ့အစည်းတွင် ဦးဆောင် သူတစ်ဦးဖြစ်သည့် ကိုဂျင်မီနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ဖက်ဒရယ်တိုင်းမ် ။ ။ လက်ရှိ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဘာတွေဆောင်ရွက်နေပါသလဲ။
K J M ။ ။ ကျွန်တော်တို့ကတော့ ပုံမှန်တော့ရုံးလုပ်ငန်းတွေရှိတယ်။ ရုံးလုပ်ငန်းမှာ သူတို့ရဲ့ ကဏ္ဍအလိုက် ဆောင်ရွက်နေတာရှိတယ်။ လယ်သမား ကိစ္စ၊ အလုပ်သမားကိစ္စပေါ့ နောက်ပြီးတော့အမျိုးသမီးကိစ္စပေါ့ အဲဒါတွေလုပ်နေတာရှိတယ်။ ခြုံပြောရရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်းပါတယ်။ နောက်တော့ ဒီမိုကရေစီဖော်ဆောင်ရေးပေါ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေထဲမှာလည်းပါတယ်။ နောက်ခုနက ပြောတဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေလည်း ဆောင်ရွက်နေပါတယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်တယ်လို့ကြားတယ်။ ဘာကြောင့်တင်တာလဲဗျ။
K J M ။ ။ ကျွန်တော်တို့က နိုင်ငံရေးပါတီမဟုတ်ဘူး။ နိုင်ငံရေးပါတီ မဟုတ်ပေမယ့် နိုင်ငံရေးအလုပ်တွေ လုပ်ကြရတယ်။ လုပ်တော့ ပြန်ကြည့်လိုက်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ အဲ့ဒီအောက်မှာရှိတဲ့လူတွေရဲ့ အခွင့်အရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အဲ့ဒါတွေတော်တော်များများကို လုပ်ကြရတာကိုး။ လုပ်ကြရတော့ ကျွန်တာ်တို့အဖွဲ့အစည်းက ပြောရရင် နိုင်ငံရေးအဖွဲ့အစည်းပဲ။ အဲဒီတော့ ကျွန်တော်တို့က အရင်တုန်းက မှတ်ပုံမတင်ဘဲနေခဲ့တယ်လေ။ ဒါပေမယ့် ကျွန်တော်တို့အစိုးရ လက်ထက်မှာ မှတ်ပုံတင်ပြီးလုပ်မှ ပိုပြီးသင့်တော်မယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ အသင်းအဖွဲ့ မှတ်ပုံတင်အနေနဲ့ တင်ပါမယ်။ အဲဒီတော့ အသင်းအဖွဲ့မှတ်ပုံတင်နဲ့ ကျွန်တော်တို့ခေါင်းစဉ်ကတော့ ဒီမိုကရေစီအရေး ငြိမ်းချမ်းရေး တရားဥပ ဒေစိုးမိုးရေးခေါင်းစဉ်နဲ့ ကျွန်တော်တို့မှတ်ပုံတင်မှာဖြစ်ပါတယ်။ အဲ့ဒါကိုဘယ်လိုအ ဖွဲ့အစည်းလည်းမေးရင် နိုင်ငံရေးအဖွဲ့ အစည်း နိုင်ငံရေးပါတီမဟုတ်ဘူး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာမဟုတ်ဘူး။ အဖွဲ့အစည်း အသင်းအဖွဲ့အနေနဲ့ မှတ်ပုံ တင်မှာပါ။

ဖက်ဒရယ်တိုင်းမ် ။ ။ ယခင်အစိုးရ လက်ထက်ကတည်းက ဘာဖြစ်လို့မှတ်ပုံ မတင်တာလဲ။
K J M ။ ။ ကျွန်တော်တို့က မတင်ဘဲနေလို့ရရင် နေချင်တယ်။ ဒါပေမယ့်လည်း အခုကဘာဖြစ်လို့လဲဆိုတော့ တချို့သောမြို့နယ်တွေမှာ လုပ်ရကိုင်ရတာ အထူးသဖြင့် ထွေအုပ်တွေနဲ့စကား ပြောတဲ့နေရာမှာ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုပြီး တချို့ကမပြောချင်ဘူး။ အဲဒီတော့ အဲ့လိုတွေမှတ်ချက်တွေ ပေးလာတော့ လက်ရှိအစိုးရက ကျွန်တော်တို့ ဒီမိုကရေစီအစိုးရ။ အဲ့ဒီအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာ ကြားထဲမှာ ထောက်စရာ ပြုစရာတွေဖြစ်လာမှာ စိုးလို့ ကျွန်တော်တို့မှတ်ပုံတင်ဖို့ ဆောင် ရွက်တာပါ။

ဖက်ဒရယ်တိုင်းမ် ။ ။ မှတ်ပုံတင်ပြီး ဆောင်ရွက်တာနဲ့ မှတ်ပုံမတင်ဘဲဆောင်ရွက်တာက ဘာများကွာဟာချက်ရှိမှာ လဲ။
K J M ။ ။ ဘာမှမကွာဘူး။ မှတ်ပုံမတင်လည်း ဒီအလုပ်တွေလုပ်နေတာ။ မှတ်ပုံတင်ပြီးတော့လည်း ဒီအလုပ်တွေလုပ်နေမှာပဲ။ သို့သော်ငြားလည်း ကျွန်တော်တို့က မှတ်ပုံတင်ထားတဲ့အတွက် ဘာပဲပြောပြော ထောက်စရာပြောစရာမရှိတော့ဘူး။ ဒီသဘောပါပဲ။

ဖက်ဒရယ်တိုင်းမ် ။ ။ ၈၈ အဖွဲ့က ခေါင်းဆောင်အချို့က တတိယပါတီပေါ် ထွက်ရေးနဲ့ပက်သက်ပြီးတော့ ဆောင် ရွက်နေတဲ့အခြေအနေ ဘယ်လိုရှိလဲ။
K J M ။ ။ အဲဒါတော့ ကျွန်တော်မသိဘူး။ ပါတီပိုင်းဆောင်ရွက် နေတဲ့သူတွေကိုမေးကြည့်တာ ပိုအဆင် ပြေလိမ့်မယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ တတိယ ပါတီ ထောင်မယ်ဆိုရင်ရော ၈၈ အဖွဲ့က ဘယ်သူတွေပါမလဲ။
K J M ။ ။ အဲ့ဒါလည်း ကျွန်တော်သေချာမသိဘူး။ အဲ့ဒါတော့ ပါ တီလုပ်တဲ့သူတွေနဲ့ မေးတာပိုပြီးကောင်းလိမ့်မယ်ထင်တယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ လွန်ခဲ့တဲ့နှစ်က ၈၈ အဖွဲ့က ဘတ်ဂျက်ကုန်တော့မယ်ဆို ပြီးကြားခဲ့ရတော့ ခုကကောဘယ်လို အခြေအနေတွေကြောင့် ပြန်လည်ရပ် တည်နိုင်တာလဲ။

K J M ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အလှူရှင်တွေရှိတယ်ဗျ။ အလှူရှင်တွေဆိုတာက ပုံမှန်အလှူရှင် တွေပေါ့။ ကျွန်တော်တို့ ဘတ်ဂျက်လျော့ ပါးလာတာတော့မှန်တယ်။ ကျွန်တော်တို့ ဖြတ်တောက်ပစ်လိုက်ရတာလည်းအများ ကြီးရှိတယ်။ ကျွန်တော်တို့အဖွဲ့ရုံးက အောက်ကအခန်းတွေကိုလည်း စွန့်လွှတ် လိုက်ရတာတွေ အများကြီးရှိတယ်။ နောက်ဒီက အခန်းငှားဖို့ တိုက်ခန်းငှားဖို့ ပြုဖို့ဆိုရင်လည်း ဒါကအလှူရှင်တွေပေါ် လာတာ။ သူတို့ကဆက်ပြီးငှားပေးတာ။ ကျွန်တော်တို့ ထောက်ပံ့ကြေးလျော့သွား တယ်။ အရင်တုန်းကပေးတဲ့ ထောက်ပံ့ ကြေး။ ထောက်ပံ့ကြေးဆိုတာက လမ်း စားရိတ်တို့။ ကျွန်တော်တို့ကတော့ ပိုက် ဆံမယူပါဘူး။ လမ်းစားရိတ်တို့ ဖုန်းကဒ် တွေဘာတို့ထောက်ပံ့တာရှိတယ်။ အဲ့ဒါ တွေလည်းလျော့ကျသွားတယ်။ ကျွန် တော်တို့က လည်ပတ်တဲ့အခါကျတော့ အရင်လောက်တော့ အားကောင်းမောင်း သန်မရှိတော့ဘူး။ လည်ပတ်နိုင်တဲ့အခြေအနေတစ်ခုတော့ရှိတယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ အဓိက ထောက်ပံ့ကြေးက ဘယ်ကရတာလဲ။
K J M ။ ။ ကျွန်တော်တို့အလှူရှင်တွေရှိတယ်လေ။ အရင်တုန်းက ပုံမှန်အလှူရှင်တွေ နိုင်ငံတကာမှာရောက် နေတဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ချွေးနှဲစာနဲ့ရတဲ့အလှူငွေရယ်။ တချို့ကျ တော့လည်း သူတို့မွေးနေ့လိုဟာမျိုး ရှိရင် လာလှူတာတွေရှိတယ်။ နောက်ပြီးတော့ တချို့ကျတော့လည်းကျွန်တော် တို့ကိုယုံ ကြည်လို့ အားပေးချင်လို့ထောက် ခံချင် လို့လာပြီး လှူသွားတာတွေရှိတယ်။ ဒီ အလှူငွေပေါ့။ ပြောရရင်သူတို့ရဲ့ အလှူ ငွေတွေပေါ့။

ဖက်ဒရယ်တိုင်းမ် ။ ။ ပြည်ပ အဖွဲ့အစည်းကထောက်ပံ့တာရှိလား။
K J M ။ ။ မရှိပါဘူး။ ပြည်ပအဖွဲ့အစည်း အဲ့ဒါတွေကိုကျွန်တော် တို့ကရှောင်တယ်။ အရင်တုန်းကအင်မ တန်ရယ်စရာကောင်းတယ်။ ဂျော့ဆိုးလ် ရော့တို့ဘာတို့ Open Society တို့ ဘာတို့ ကျွန်တော်တို့နဲ့ ဘာမှမပတ်သတ် ဘူး။ အဲဒီတော့ တစ်ခုတော့ရှိတာပေါ့ Open Society ဆိုတာ ဂျော့ဆိုးလ်ရော့ ရဲ့ နာမည်နဲ့တူတာတို့ ရှိတာပေါ့။ Open Society ဆိုတာက အဖွဲ့အစည်းနာမည် မဟုတ်ဘူး။ အတွေးအခေါ်ဗျ။ Open Society ဆိုတဲ့ ဒဿနရှိတယ်ဗျ။ အဲ့ဒီ ကနေပြီးတော့ ကျွန်တော်တို့က ယူထား တာ။ နာမည်ချင်းတူတဲ့အတွက် ဂျော့လ် ဆိုးလ်ရော့ဆိုလို့ရှိရင် အရင်တုန်းက ရုံး ကိုလာတာပဲ။ တစ်ခေါက် နှစ်ခေါက် သုံး ခေါက်မြောက်ကျတော့ ကျွန်တော်တို့ မ တွေ့နိုင်တော့ဘူးလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာပဲဖြစ်ဖြစ် လူ တွေပြောတဲ့ဟာကို မခံချင်ဘူး။ မခံချင်တဲ့ အတွက် ကျွန်တော်တို့က ဂျော့ဆိုးလ်ရော့ နဲ့မတွေ့တော့ဘူး။ ကျွန်တော်တို့က No Project No Proposal မတင်ဘူး။ ကျွန်တော်တို့ Project မရှိဘူး။

ဖက်ဒရယ်တိုင်းမ် ။ ။ NLD အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေ အနေရဲ့ အားနည်းချက်ကဘာလဲ။
K J M ။ ။ အားနည်းချက်ကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေလုပ်တဲ့ အခါမှာ မလိုက်ပါနိုင်တဲ့လူအချို့ရှိတယ်။ မလိုက်ပါနိုင်တဲ့ လူဟောင်း တချို့ရှိ တယ်။ အဲ့ဒီလူဟောင်းတစ်ချို့ကို ကိုင်ရ တွယ်ရတဲ့အခါ အခက်အခဲလေးတွေရှိ တယ်။ အားနည်းချက်လို့ ကျွန်တော်မသုံး ချင်ဘူး။ အားနည်းချက်ဆိုတဲ့ စကားဆို တာထက် အခက်အခဲလို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရအသစ်ဗျာ မူဝါဒအသစ်နဲ့ သွားတာမှန်ပေမယ့် အောက်က အကောင်အထည်ဖော်မယ့် ယန္တရားကြီးကအဟောင်းဗျ။ Mindset တွေကအစ ခေါက်ရိုးကျိုးနေတဲ့ Mind -set တွေ။ ဒီလူတွေကို ပြုပြင်ပြောင်းလဲ ရေးအတွက် လိုက်ပါဖို့ဆိုရင် မလိုက်ပါနိုင် တဲ့လူလည်းရှိတယ်။ ရှိနေတဲ့အတွက် ဘာ ပဲဖြစ်ဖြစ် ပြောရမယ်ဆိုရင် ဝန်ထမ်း ယန္တရားကြီးပေါ့။ ဝန်ထမ်းယန္တရားထဲက ဝန်ထမ်းအကြီးအကဲတွေပေါ့ဗျာ အဲဒီတော့ ခုပဲစပြီးတော့ အရေးယူမှုတွေလုပ်နေပြီ။ ဘယ်ပြည်နယ်က အတွင်းဝန်တွေ စသည် ဖြင့်ပေါ့။ အဲ့တော့ ဒီလူတွေကို ကိုင်ရတွယ် ရတဲ့နေရာမှာတော့ အခက်အခဲရှိတယ်။ ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ဥပဒေ ဘောင်နဲ့ တရားဥပဒေနဲ့ ညီညွတ်မှအ ထောက်အထားခိုင်လုံမှ ကိုင်ရတွယ်ရ အ ရေးယူရတာတွေရှိတာကိုးဗျ။ အာဏာရှင် ခေတ်ကလို ရော့ဖြုတ် ရော့တတ်ဆိုတာ မျိုးလည်း မရပြန်ဘူး။ မရပြန်တဲ့အတွက် အဲ့အခက်အခဲတွေရှိတယ် အားနည်းချက် ဆိုတာထက် အခက်အခဲဆိုတာပိုမှန်မယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ လက်ရှိအစိုးရ ရခိုင်အရေးကို ကိုင်တွယ်တာကို ဘယ်လို မြင်မိသလဲဗျ။
K J M ။ ။ အဲတာကတော့ အင်မတန်မှန်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအတိုင်ပင်ခံပုဂ္ဂိုလ်က ပြည် တွင်းပြည်ပမှာ ဖြေရှင်းနိုင်တဲ့နည်းလမ်း တစ်ခုချတယ်ပေါ့။ ပြည်တွင်းမှာတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့အညီပေါ့ နော်။ လူသားချင်းစာနာမှုရော လူ့အခွင့် အရေးကိစ္စတွေလည်း ထောက်ညှာပြီး တော့ အဲဒီစံချိန်စံညွှန်းတွေနဲ့အညီ ဒီအ ရေးကို ဖြေရှင်းဖို့ကြိုးစားနေတယ်ပေါ့။ နောက်တစ်ပိုင်းကတော့ နိုင်ငံတကာအ ထင်အမြင် လွဲမှားနေတဲ့ဟာတွေကို ဖြေ ရှင်းဖို့ကိစ္စကတော့ ကိုဖီအာနန် ဦးဆောင် တဲ့အကြံပေးကော်မရှင်ကို ဖွဲ့တယ်။ အကြံ ပေးကော်မရှင်ကနေတစ်ဆင့် ဖြေရှင်းဖို့ ကြိုးစားနေတယ်။ ပြောရမယ်ဆိုရင် ဒီ ပြဿနာတွေကို ဥပဒေကြောင်းအရ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင်ကြိုးစား နေတယ်။ ဒါဟာနည်းမှန်လမ်းမှန်ပါပဲ။

ဖက်ဒရယ်တိုင်းမ် ။ ။ ကိုဖီအာနန် ကော်မရှင်ကို အတိုက်အခံပါတီတွေရော၊ ဒေသခံတိုင်းရင်းသားတွေကပါ ကန့်ကွက် တာတွေ လက်မခံတာတွေလည်းရှိတော့ အဲ့ဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။
K J M ။ ။ အဲ့ဒါတွေကတော့ ဗျာ သူတို့ရဲ့ခံစားချက်တွေကို နားလည်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတ ကာ အဖွဲ့အစည်းတွေလာပြီဆိုရင် သူက ဒေသခံ တိုင်းရင်းသားတွေအပေါ်ကို ကာ ကွယ်ပေးတာမရှိဘူး။ ဒါပေမယ့် တစ်ဖက် အဖွဲ့အစည်းတွေကိုတော့ လူ့အဖွဲ့အစည်း နှစ်ခုကြားထဲမှာ သူတို့ခွဲခြားတယ်လို့ခံစား နေရတယ်။ ဒါကို အသိအမှတ်ပြုပေးရ မယ်။ ဒါကို ကျွန်တော်တို့အသိအမှတ်ပြု ပေးရမယ်။ အဲဒီတော့ ဒီကိုဖီအာနန်ကို အကြံပေးကော်မရှင် နေရာထည့်တဲ့အခါ မှာလည်း ဒီလိုပဲလာပြန်ပြီးလားဆိုတဲ့အ တွေးတွေ ရှိနိုင်တာပေါ့။ တစ်ဖက်စောင်း နင်းဖြစ်နေမလားဆိုတဲ့ အတွေးတွေ ရှိနိုင် တာပေါ့။ ဒါပေမယ့် တစ်ချိန်မှာ တစ်ဖက် စောင်းနင်းမဟုတ်ဘဲနဲ့ မျှမျှတတဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့တာပဲ။

ဖက်ဒရယ်တိုင်းမ် ။ ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဘင်္ဂါလီတွေကို ဘင်္ဂါလီလို့ တရားဝင်ပြောဆိုတာတွေရှိ တယ်။ ဒီဘက် အစိုးရလက်ထက်မှာတော့ ဘင်္ဂါလီဆိုတာလည်းမသုံးဘူး ရိုဟင်ဂျာ လို့လည်းမသုံးဘူး မူဆလင်အသိုင်းအဝိုင်း လို့ သုံးနှုန်းတဲ့အပေါ်ကို ဘယ်လိုမြင်လဲ။
K J M ။ ။ အဲ့ဒါလည်း ဒီလိုဗျ။ ပြဿနာဖြစ်နေတဲ့အချိန်မှာ မျှခြေတစ်ခု တော့ချရမယ်။ ဥပမာ ကျွန်တော်ဆိုရင် ရိုဟင်ဂျာဆိုတာကို ကျွန်တော်လက်မခံ ဘူးဗျာ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်သဘောမတူဘူး။ ဒီအခြေအ နေမှာ တစ်ဖက်ကလည်း နိုင်ငံတကာက ဘင်္ဂါလီဆိုတာကို သိပ်ပြီးလက်မခံချင်ဘူး ဖြစ်တဲ့ ဒီနာမည်အပေါ်မှာ ကျွန်တော်တို့က အငြင်းပွားနေရရင် နာမည်စပြောလိုက် တာနဲ့ ပြဿနာကဖြေရှင်းလို့မရဘူး။ အဲဒီ တော့ ရိုဟင်ဂျာလို့စရင် ကျွန်တော်တို့က ဆက်ပြီးစကားပြောလို့မရတော့ဘူး။ အဲဒီ တော့မပြောနဲ့။ မပြောဘဲနဲ့ လက်ရှိအခြေအနေကိုဖြေရှင်းလို့ရတဲ့ ပုံစံတစ်မျိုးကို ကျွန်တော်တို့ ဝိုင်းပြီးတော့စဉ်းစားရမယ်။ အဓိကကတော့ ပြဿနာကိုအဖြေရှာဖို့ အဖြေထုတ်ဖို့အတွက်ပဲ။ ပြဿနာဆို တာကရှင်းရတာဗျ ရှာရတဲ့အမျိုးမ ဟုတ်ဘူး။ ပြဿနာကိုရှင်းရတာ။ အဲဒါကို ရှင်းနိုင်တဲ့နည်းလမ်းတွေကို ကျွန်တော် တို့စဉ်းစားထားတာ။ အဲလိုပဲ မြင်တယ်။ စဉ်းစားရင်းနဲ့ ဒါကို ရခိုင်ပြည်နယ်
က မွစ်စ်လင်တွေဆိုပြီး ယေဘုယျသုံးထား တယ်လို့မြင်ပါတယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာလည်းထွက်လာပြီ။ ဒီဘက်ကလည်း ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်တဲ့ ရခိုင်ကော်မတီတစ်ရပ်လည်း ဖွဲ့လိုက်ပြီဆိုတော့ ဒီကော်မတီကရော ရခိုင်ပြည်နယ်က ပြဿနာတွေကိုတကယ်ပဲ ဖြေရှင်းနိုင်ပါ့မလား။
K J M ။ ။ အခက်အခဲတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် တူတဲ့စိတ် ဆန္ဒထဲမှာတော့ ပြေလည်အောင်ဖြေရှင်းဖို့ကြိုးစားကြပါလိမ့်မယ်။ ဒါက ဆန္ဒအမှန် ပါပဲ။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ဆို တာကလည်း ကျွန်တော်တို့ရဲ့ အသွေးအ သားပဲ။ အသားချင်းဆက်နေတဲ့ နေရာ တစ်ခုပဲ။ အဲဒီတော့ ကျွန်တော်တို့ဒီတိုင်း ရင်းသားညီအစ်ကိုတွေ ရခိုင်ပြည်နယ် တွင်းမှာရှိတဲ့ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အ တွက် အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် ကတော့ ကျွန်တော်တို့ သူတို့အကောင်းဆုံးဆောင်ရွက်ပါလိမ့်မယ်။ အခက်အခဲ တွေတော့ ရှိပါလိမ့်မယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ အခက်အခဲ ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဘယ်လိုပုံ စံမျိုးရှင်းရင် အဆင်ပြေနိုင်မလဲ။
K J M ။ ။ လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုဟာ နောက်ဆုံးဖြစ်သွားတဲ့ အစွန်းရောက်အကြမ်းဖက်တွေက စတင် လိုက်တဲ့ ပြဿနာတွေကနေစပြီးတော့ အဖွဲ့အစည်း နှစ်ခုကြားထဲမှာ တော်တော် လေးကို မျက်နှာချင်းမဆိုင်ချင် လောက်တဲ့ အနေအထားတွေဖြစ်သွားပြီ။ သို့သော် ငြားလည်း လောလောဆယ်လုပ်ရမှာက အဲ့ဒါတွေကို ခဏထားလိုက်ပြီးတော့ သူ တို့စားဝတ်နေမှုဘဝတွေ ပြန်ဖြစ်အောင် တည်ငြိမ်အောင်လို့ အေးချမ်း အောင်လို့ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေလုပ် ပေးရမယ်။ ကျန်းမာရေး ပညာရေး ဂရုစိုက်မှုတွေလုပ်ပေးရမယ်။ နောက်ပြီး တော့ အဲ့ဒီဒေသကို ဖွံ့ဖြိုးရေးတွေလုပ် ပေးရမယ်။ ဒါကတော့ ခုနကရေတို သဘောခုကတော့ ရေရှည်သဘောပေါ့။ ဖွံ့ဖြိုးရေးလုပ်ပေးရမယ်။ ပြီးတော့ နှစ်ဖက် ကြားထဲမှာ နားလည်အောင် တစ်ယောက် နဲ့တစ်ယောက် စိတ်ရှည်သည်းခံအောင် ဒါကတော့ရေရှည် ကိစ္စတွေဖြစ်သွားပြီ။ လက်တလောမရ နိုင်ဘူးပေါ့။ သို့သော်ငြား လည်း ရေရှည်ဖြစ်သော်လည်း ကျွန်တော် တို့ ကြိုးစားကြရမှာပေါ့။ အဓိကကတော့ ဒီတစ်ဖက်နဲ့တစ်ဖက် အမုန်းပွားမှုတွေဖြစ် စေမယ့်ဟာမျိုးကို အရင်ရပ်ရမှာပေါ့။ တစ် ယောက်နဲ့တစ်ယောက် ဆိုရှယ်လ်မီဒီယာ တွေမှာ ပြောဆိုနေတဲ့ကိစ္စတွေ တိုက်ခိုက် နေတဲ့ကိစ္စတွေ အဲဒါတွေကအစ အကုန် လုံးကိုုရပ်ဆိုင်းလိုက်ရမှာပေါ့။ ဒါကတော့ လက်ငင်း ဖြေရှင်းရမယ်။ ပြန်လည်ထူ ထောင်ရေးတွေလုပ်ကြရမယ်။ ရေတိုရေ ရှည်ခွဲပြီး လုပ်ရမှာပေါ့။

ဖက်ဒရယ်တိုင်းမ် ။ ။ ဆိုရှယ်လ် မီဒီယာတွေမှာ ပြောဆိုနေတာတွေနဲ့ပတ် သက်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းရ မလဲ။
K J M ။ ။ ဒါတော့ ဥပဒေနဲ့ လည်းဆိုင်တာပေါ့။ လုံခြုံရေးပိုင်းနဲ့လည်းဆိုင်တာပေါ့။ သူ့ကိုဘယ်လိုအရေးယူနိုင်မလဲဆိုတာကတော့ ကျွန်တော်တို့ နည်း လမ်းတော့ရှာဖွေရလိမ့်မယ်။ တကယ်သိ လို့ရှိရင်တော့ သိရင် အကြောင်းကြားပြီး တော့ဖမ်း။ ဖမ်းပြီးတော့ ရုံးတင်တရားစွဲ ကျွန်တော်တို့ ဒါမျိုးတွေလုပ်ရမှာပေါ့။ Hate Speech(အမုန်းစကား) လုပ်တဲ့ တစ်နည်းအားဖြင့် ဒါအကြမ်းဖက်မှုကိုလှုံ ဆော်တာပဲ Hate Speech မုန်းတရား တွေပွားတယ် ဆိုတာကတော့ ဒါက ပြည်သူ တစ်ရပ်လုံးရဲ့ အကူအညီ လည်းလိုလာတာပေါ့။ ပြည်သူတစ်ရပ် လုံးရဲ့ အကူအညီလည်းလိုလာတယ်။ နည်းပညာတွေရဲ့ အကူအညီတွေလည်း လိုလာတယ်။ အခု ဆိုရှယ်လ်မီဒီယာတွေရဲ့ အရင်းအမြစ်ပေါ့။ အဲ့ဒီအရင်းအမြစ်ကနေ စပြီးတော့ သူတို့တွေကို အကူအညီတွေ တောင်းပြီးတော့ ဒီလူတွေကို သူတို့ရဲ့ ID အမှန်ကို ဘယ်လိုဖော်ထုတ်နိုင်လဲ။ တ ကယ်လို့ အဲဒီလူတွေတက်လာပြီဆိုရင် ID အမှန်မဟုတ်ဘဲနဲ့တက်လာပြီဆိုရင် ဒီလူ တွေကိုဘယ်လို ရုပ်သိမ်းနိုင်လဲ ဆိုတဲ့ နိုင်ငံတကာရဲ့ အကူအညီပါတောင်းဖို့လို လာတယ်ဗျ။

ဖက်ဒရယ်တိုင်းမ် ။ ။ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဒေသခံတိုင်းရင်းသားတွေက လက်မခံ တော့ ရခိုင်ကော်မတီက ဒေသခံတိုင်းရင်း သားတွေရဲ့ စိတ်ဆန္ဒမပါဘဲနဲ့ ဖြေရှင်းလို့ အဆင်ပြေပါ့မလား။

K J M ။ ။ ခြုံပြီးပြောမယ် ဆိုရင်တော့ ရခိုင်ဒေသတွင်းမှာရှိတဲ့သာ မန်ပြည်သူအများစုကတော့ အေးအေး ချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ကြ တယ်။ လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြ တယ်။ ကောင်းရောင်းကောင်းဝယ်နဲ့ စီး ပွားရှာချင်တဲ့ သူတွေများပါတယ်။ ဒါပေ မယ့်ခုနကလို နိုင်ငံရေးကိုယ်ကျိုးစီးပွား တွေ နိုင်ငံရေးသြဇာတွေထူထောင်ချင်တဲ့သူတွေ တစ်ချို့ကလည်းရှိတယ်။ ရှိတဲ့အခါ ကျတော့ ပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို မစဉ်းစားဘူး။ ဘယ်လိုကန့် ကွက် ရမလဲဆိုတာကို အရင်စဉ်းစားတယ်။ အဲဒါကိုက အဲဒီ Mindset ကလွဲ နေတယ်။ အဲဒီတော့ ကျွန်တော်မြင်တာက တော့ ပူးပေါင်းဆောင်ရွက်ကြည့်လိုက်ပါဦး။ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ လည်း နိုင်ငံရေးအမြတ်ထုတ်တယ်လို့ဘာတို့ ပူးပေါင်းကြည့်တယ် အဆင်မပြေဘူး ကွာဆိုပြီးတော့ ပြန်ထွက်တာမျိုးလည်း မဖြစ်စေနဲ့။ တကယ်ပူးပေါင်းကြည့်လိုက် ဆောင်ရွက်ကြည့်လိုက် စိတ်ရောကိုယ်ပါနှစ် ပြီးလုပ်ကြည့်လိုက်။ လုပ်ကြည့်လို့မှ တကယ်မရိုးသားဘူး ဒီအစိုးရက တကယ် ဟိုဟာမဖြစ်ဘဲနဲ့ မှန်မှန်ကန်ကန် မလုပ် ဘူးဆိုရင် အဲဒီအချိန်ကျရင်ချဗျာ ဆိုလို ချင်တဲ့သဘောက။ ကျွန်တော်ပြောနေတဲ့ အဓိပ္ပာယ်ကဘာလဲဆိုတော့ အစိုးရချင်း မတူပါဘူး။ လက်ရှိတက်နေတဲ့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြည့်ပါ။ ပူးပေါင်း ဆောင်ရွက်ကြည့်စမ်းပါ။ ဒီလက်ရှိဖြစ်နေ တဲ့အစိုးရအဖွဲ့ခေါင်း ဆောင်တော်တော် များများက နှစ်ပေါင်းများစွာ ဒီမိုကရေစီ အရေး ငြိမ်းချမ်းရေး ဖက်ဒရယ်အရေး အတွက် ဘဝတွေကိုစတေးပြီးမှ နှစ်သုံး ဆယ်လောက် ရုန်းကန်လာတဲ့သူတွေ အစိုးရဖြစ်နေတာ။ အဲဒီတော့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လုပ်ကြည့်ပါ။ သူတို့ ကိုထောက်ခံပြီးတော့ အားပေးကူညီပြီး တော့ ပြုပြင်ပြောင်းလဲရေး လုပ် ကြည့်ပါ။ ကျွန်တော်က အဲဒီလိုပဲ အကြံပေးချင် တယ်။

ဖက်ဒရယ်တိုင်းမ် ။ ။ ဘာများ ဖြည့် စွက်ပြောစရာရှိသေးလဲ။
K J M ။ ။ မရှိတော့ပါဘူး။

ဖက်ဒရယ်တိုင်းမ် ။ ။ အခု လို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply