မွန်အဆိုတော် မင်းသက္ကနှင့် တွေ့ဆုံခြင်း

မြန်မာ နိုင်ငံတွင် တေးစီးရီးအယ်ဘမ်တစ်ချပ် ပေါက်ဖို့ရာ ခက်ခဲလှသည်။ ဂီတလောက နှင့် အဆက်အသွယ်မရှိ သော လူငယ်အဆိုတော် ဖြစ်ပါက ပိုမိုခက်ခဲသည် ။တိုင်းရင်သား လူငယ်တေးသံရှင်များ အတွက်လည်း အခက် ကပိုများ လေသည်။ ဂီတလောက ဈေးကွက် ရရှိမှု အခက်အခဲ က တိုင်းရင်းသား အဆိုတော် များ အတွက် ပိုမိုရင်ဆိုင်ရ ပြန်သည် ။ ထို ဈေးကွက် အခက်အခဲများ နှင့် ပရိတ်သတ် လက်ခံမှု အခြေနေ ကို မွန် ဘာသာ စကား ဖြင့် သီဆိုသော အဆိုတော် မင်းသက္ကနှင့် တွေ့ဆုံ့မေးမြန်း ၍ ဖော်ပြလိုက်ရပါသည်။

saka

ဟင်္သာ။ ။ ကိုမင်းသက္က ဂီတအသိုင်းဝိုင်းလောကထဲကို ဘယ်အချိန်က စပြီး ဝင်ရောက်ခဲ့တာလဲ၊ ပြောပြပေး ပါဦး

မင်းသက္က။ ။ ၂၀ဝ၉ မှာ ဂီတအသိုင်းဝိုင်းလောကထဲကို ဝင်ရောက်ခဲ့တယ်။ ဂီတအသိုင်းဝိုင်းထဲ မဝင် ခင်ကြားထဲမှာ၂၀ဝ၈ လောက်က Stage ပေါ်မှာဆိုရတာ၊ ကိုယ့်က အသစ်ဆိုတော့ ခက်ခဲတာပေါ့။ ပြောရမယ် ဆိုတော့ ကိုယ်ကအသစ်ဆိုတော့ အလုပ်သမားဆန်ဆန်လောက်ပဲလုပ်ရတာ၊ ရန်ကုန်ကိုသွားမယ်။ ရန်ကုန် ကနေ နယ်ဆင်းမယ်။ အကုန်လုံးက ကိုယ်ကပဲ ဝန်ထမ်းလိုမျိုးပေါ့။ ရန်ကုန်က Player တွေ ခေါ်လာတယ်။ ကိုယ်က သွားကြိုပေးရတယ်။ မွန်ပြည်နယ် Show ဆိုမယ့်နေရာရောက်တော့ ကိုယ်က အကုန်လုံးလိုက် လုပ်ပေးတယ်။ ကျွန်တော်က သီချင်းတအားတော့ ဆိုချင်တာဗျာ။ ဆိုခွင့်တော့မရဘူးပေါ့နော်။ ဆိုခွင့်မရတော့ မရပါစေပေါ့နော် ၊သူတို့နဲ့ အတူနေခွင့်ရရင် ကျေနပ်တယ်။ ပြီးတော့ ဂီတလောကကို မော်လမြိုင် တက္ကသိုလ်မှာ ပထမနှစ်ကစပြီး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့စပြီးဝင်ခဲ့တယ်၊ မွန် welcome တို့၊Power Musicအဖွဲ့၊ အဲဒီမှာ ကျွန်တော်တို့ဆရာ စမိုင်းချမ်း၊ စမိုင်းချမ်းက Power Music အဖွဲ့အသစ်ကို စဖွဲ့ပြီး ကျွန်တော် ကို ခေါ်ခဲ့တယ်။ နွေရာသီမွန်စာပေဆုပေး ပွဲအခမ်းအနားတို့ ဂီတပွဲလုပ်ရင် နည်းနည်း ပါးပါးလုပ်ရင် လိုက်ဆိုခဲ့တယ်၊ ကျောင်း welcome တို့မှာ ဆိုတယ်။၂၀ဝ၉ ခုနှစ်က စပြီးအဆိုတော်ဘဝကို ဝင်ရောက်ခဲ့တယ်။

ဟင်္သာ။ ။ ကိုမင်းသက္က မိဘဆွေးမျိုးအသိုင်းဝိုင်းကရော ခွင့်ပြုခဲ့လား။

မင်းသက္က။ ။ ကျွန်တော်က ဂီတအဖွဲ့ကို ဝင်တာ အိမ်က ခွင့်မပြုဘူး။ အဲလိုပဲ ကိုယ်က ခိုးဝင်တယ်။ ခိုးဝင် လာပြီးတော့ အမေပေးတဲ့လက်စွပ်တွေ ဆွဲကြိုးတွေ ရောင်းလိုက်တာပေါ့။ အဲလိုပဲ စရိတ်ရအောင် ရောင်းပြီး နေလာခဲ့တာပေါ့နော်။ အကုန်လုံးက ကိုယ်ရဲ့ဖြစ်ချင်ဇောနဲ့မြင်နေတော့၊ တေးရေးဆရာတို့ Producer လုပ်နေတဲ့လူတွေ ကိုယ့်ကိုမြင်တော့ သီချင်းအသစ်တွေ ဘာတွေ ရှိလားပေါ့နော်။ အဲမှာ ကိုယ်က ဆိုပြတယ်။ သူတို့က သဘောကျတယ်။ သူတို့က သဘောကျတော့ အခွေထုတ်ပေးတာပေါ့နော်။ သီချင်းတွေ ဆက်ရေးပါလို့ အားပေးတတယ်။

ဟင်္သာ။ ။ အကို့ သီချင်းတွေ ထဲက နေ ဘယ်သီချင်းနဲ့ စပြီးတော့ ပရိသတ်ရဲ့ အားပေးမှုကို ရတယ်ထင်လဲ။

မင်းသက္က။ ။ ကျွန်တော်တစ်ခုပြောချင်တာက ကိုလွီကိုလည်းကျေးဇူးတင်တယ်။ ပထမတော့ အဆိုတော် အဟောင်းသီချင်းတွေ ကိုယ့်ထက်အရင်ထွက်တဲ့အဆိုတော်တွေ အကုန်လုံးကို ပြန်ဆိုခဲ့တယ်။ အဲဒီအချိန်မှာ ကိုလွီသီချင်းက ကျွန်တော်တို့ မွန်ပြည်နယ်မှာ (ဂျေတော့-J Top)ဆိုတာက တအားပေါက်နေတယ်။ တစ်ချို့လူငယ်တွေက မဆိုရဲသလိုဖြစ်သွားတယ်။ ကိုယ်ကလည်းဆိုခွင့် ရလာတာပေါ့နော်။ (ဂျေတော့-J Top)သီချင်းအခွေနာမည် နဲ့စပြီးတော့ လူငယ်တွေ အားပေးလာတယ်။ ပထမတော့ ကျွန်တော့်နာမည်က သက္ကရာဇ်၊ နောက်ပိုင်းကျတော့မှ မင်းသက္ကလို့ပြောင်းလိုက်တာ၊ ကျွန်တော်က သူများသီချင်းတွေ ပြန်ဆိုပြီး တော့ ပရိတ်သတ်တွေ နည်းနည်း ပါးပါးရလာတာပေါ့။

ဟင်္သာ။ ။ ကိုမင်းသက္ကက ဘာကြောင့်မွန်သီချင်းတွေပဲ ဆိုဖြစ်တာလဲ။

မင်းသက္က။ ။ ကျွန်တော့်ဝါသနာက သီချင်းဆိုချင်တဲ့ဝါသနာက အဓိကပေါ့နော်။ သီချင်းကတော့ အကုန်လုံး ဆိုတယ်။ ဒါပေမယ့် ကျွန်တော်က မွန်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် မွန်သီချင်းကို ပိုပြီးအလေအနက် ထားဆိုတယ်။ ကျွန်တော်ဘော်ဒါတွေရော ကျွန်တော်အသိုင်းဝိုင်းကရော မွန်အဆိုတော်မှာ ကျင်လည်နေတယ် ဆိုတော ကျွန်တော်က ဒီလောကကို ရောက်လာတယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားတာပေါ့။ တစ်ခြား ဘာသာစကားသီချင်းဆိုကြည့်ရင်ကောင်းမလားပေါ့နော်။ အခုကျွန်တော်ခံယူထားတာက ဒီမွန်Music ကကျွန် တော် ဘဝအတွက် ဘယ်လောက်ထိ အထောက်အပံ့ပေးနိုင်မလဲဆိုတာကိုကြည့်ပြီး မွန်သီချင်းကိုပဲ ဆက် လက်ပြီးတော့ ဆိုသွားမယ်။ ဒီမွန်ပြည်နယ်အကြောင်းသီချင်းတွေကို မြန်မာလိုဆိုရင် ကျွန်တော် အဆဲခံပြီး တော့ ဆိုသွားမယ်။ “ရာမညဖိတ်စာ”ဆိုတဲ့သီချင်းက ဗမာလိုဆိုခဲ့တာ ပထမဆုံးပဲပေါ့ဗျား။

ဟင်္သာ။ ။ အဲဒီလို မြန်မာ ဘာသာနဲ့ဆိုရတာ ဘယ်လိုခံစားရလဲ။

မင်းသက္က။ ။ ကျွန်တော်က ဒီမွန်ပြည်နယ်အကြောင်းကို မြန်မာလိုဆိုရတဲ့အတွက် ကျွန်တော် တစ်ယောက်ထ ဲအနေနဲ့ကျတော့ ဂုဏ်ယူတာပေါ့။ ဒါပေမယ့် အခွေစ စထွက်ခြင်းမှာတော့ ကျွန်တော်ကို အွန်းလိုင်ပေါ်မှာပေါ့ ဆဲတာတို့ ဘာတို့ ရှိတာပေါ့။ ဆဲတာလည်း ကိုယ်က ခံရတာပေါ့။ နောက်ဆို ကိုယ့်အပေါ် သူတို့ ပြန်ပြီးနား လည်းသွားရင် ဂုဏ်ယူစရာကောင်းသွားတာပေါ့။

ဟင်္သာ။ ။တိုင်းရင်းသားဘာသာစကားနဲ့ သီချင်းခွေထုတ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

မင်းသက္က။ ။ ကျွန်တော်တို့အခက်အခဲကတော့ တောသားမြို့တက်ဆိုတော့ အခက်အခဲတွေ နည်းနည်းကြုံ ရတာပေါ့။ အခုကျတော့ ဒီအခက်အခဲတွေက အေးဆေးဖြစ်သွားပါပြီး။ကျွန်တော်တို့ မွန်အသိုင်းဝိုင်းတွေမှာ ကိုယ့်ဘာသာကိုယ်ဖြန့်ရတယ်လေ။ အရင်တုန်းက အခွေဆိုင်တွေမှာ ထားတယ်၊ နောက်ပြီးတော့ ထိုင်း Show မလေရှား Show စင်္ကာပူ Show တို့နဲ့ဆုံရင် ကိုယ်ကိုတိုင်ယူသွားရတာပေါ့နော်။ မွန်အမျိုးသားနေ့အဖွဲ့ဝင်တွေ၊ လူငယ်အဖွဲ့တွေနဲ့ အကူအညီတောင်း ရတာပေါ့နော်။ ကျွန်တော်တို့မွန် သီးချင်းက ကိုယ့်တိုင် ရောင်းရတယ်။ အခု နောင်အခွေထုတ်မယ်ဆို ရင် အွန်းလိုင်ကနေလည်း ရောင်းဖို့ စဉ်းစားထားပါတယ်။

ဟင်္သာ။ ။ ကိုမင်းသက္က နောက်အခွေအသစ် ဘယ်တော့လောက်ထွက်ဖြစ်မလဲ။

မင်းသက္က။ ။ အခုကျွန်တော် စုစုပေါင်းတစ်ကိုယ်တော်အခွေသုံးခွေ ထွက်ထားပြီးပြီး။ အခုသီချင်းတွေကို အသေး စိတ်ရွေးပြီးတော့ ထပ်ကြိုးစားပါ့ဦးမယ်။ မိုးတွင်းကာလရောက်ရင် ကျွန်တော်တို့ MMBအဖွဲ့ သီချင်းခွေ တစ်ခွေကိုစပြီးတည်ယူမယ်။ ကျွန်တော်တစ်ကိုယ်တော်အခွေ ၂၀၁၇ ခုနှစ် ၂ လပိုင်းလောက် ထွက်ဖြစ်အောင် ကြိုးစားမယ်။

ဟင်္သာ။ ။ အခုကျတော့ သီချင်းခွေအသစ်အတွက် ဘယ်နှစ်ရာခိုင်နှုန်းလုပ်ပြီးပြီးလဲ။

မင်းသက္က။ ။အခုအချိန်မှာဆိုရင် သီချင်းခွေအသစ်အတွက် ၅ ပုဒ်လောက် တီးထားပြီးပြီး ဆိုထားပြီးပြီး။ MTV အနေနဲ့တော့ အကြမ်းတော့ ရိုက်ထားပြီးပြီး။ ဒါရိုက်တာ ဂျိုး ကပဲ။

ဟင်္သာ။ ။ ကိုမင်းသက္ကအနေနဲ့ ဘယ်သီချင်းအမျိုးအစားတွေကို သီဆိုရတာ နှစ်သက်လဲ ။

မင်းသက္က။ ။ သီချင်းအမျိုးအစားတော့မဟုတ်ဘူး။ တစ်ခါတစ်လေတော့။ ကိုယ်ကြိုက်မယ်ဆိုရင်တော့ ဘယ်လို ပြောမလဲ အခြေအနေပေးလို့ နားထောင်လိုက်တာ ကြိုက်ရင်အကုန်လုံးကြိုက်သွားတယ်။ အရင်းကမွန် အဆို တော်အဟောင်းတွေ အခုလက်ရှိဆိုနေတုန်း မွန်အဆိုတော်အသစ်တွေ အကုန်းလုံးက ကျွန်တော်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေပါ။ အားလုံးကို ကြိုက်နှစ်သက်တယ်။

ဟင်္သာ။ ။ ကိုမင်းသက္ကအနေနဲ့ စာဖတ်ပရိတ်သတ်တွေကို ဘာမှာကြားချင်လဲ။

မင်းသက္က။ ။ ကျွန်တော်တို့က ဒီမွန် Music ကို အတတ်နိုင်ဆုံးပေါ့နော်။ ခေတ်မှီအောင်ရယ် နောက်ပြီးတော့ တစ်ခြား ဒီလောလောဆယ်ကျတော့ ကျွန်တော်တို့ ကျွန်တော်တို့ပဲ ပြိုင်ရတယ်လေ။ တစ်ခွေထက်တစ်ခွေ ကောင်းအောင် တစ်ခြားတိုင်းရင်းသားတွေထက် သာတာတော့မဟုတ်ဘူးပေါ့နော်။ အတူတကွ Music ကိုကောင်းအောင် ဖန်တီးမယ်။ သီချင်းတွေ အဆင့်အတန်းမှီအောင်မြှင့်တင်မယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ မွန်ဂီတကို အားပေးပါဦး၊ ကျွန်တော်တို့အဖွဲ့ကလည်း MMB(Mon Music Band) ဖြစ်ပါတယ်။

Leave a Reply