ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာလ ၈ ရက်နေ့က အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီနှင့် သတင်းမီဒီယာများ မေးမြန်း ဖြေကြားမှုများကို မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ပက်ထရစ်မာဖီ ။ ။ အမေရိကန် အတွက် အရေးကြီးတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအကြောင်း အနည်းငယ်ပြော ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရခိုင် ပြည်နယ်ကကိစ္စတွေနဲ့ပတ်သက်လို့ ကျွန် တော်တို့အနေနဲ့ အဓိကရည်မှန်းချက်တွေ ကိုဆက်ပြီး အာရုံစိုက်နေမှာပါ။ ပထမ ဆုံးအနေနဲ့ အကူအညီလိုအပ်နေသူတွေ ကို မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ အကူအညီပေးဖို့ လူသား ခြင်းစာနာထောက်ထားမှု အကူအညီတွေ ပြန်ပေးဖို့ပါပဲ။ အဲဒီလို အကူအညီပေးတာ တွေ ပြန်လုပ်လိုက်ရင် လိုအပ်တဲ့လူတွေ ဘယ်လောက် ရှိသလဲဆိုတာ သိခွင့်ရမှာ ပါ။ ဒီနေရာက မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှ တဲ့ဒေသဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် ရခိုင်ပြည်နယ်ရဲ့ အရှုပ်ထွေးဆုံး ဒေသလည်းဖြစ်ပါတယ်။ လိုအပ်နေတာ တွေ၊ မြေပြင်အခြေအနေတွေကို အနည်း ငယ်သိထားတာရှိပါတယ်။

ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ အရှုပ်ထွေးဆုံး ဒေသက ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေကို တိတိကျကျ သိရှိနိုင် ဖို့အတွက် မီဒီယာတွေကို ဝင်ခွင့်ပြုတာကို မြင်လိုပါတယ်။ ကျွန်တော်တို့အနေနဲ့လုံခြုံ ရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ၊ အရပ်သားတွေကိုတိုက်ခိုက်တာ၊ အရပ် သားတွေက တိုက်ခိုက်တာ စတဲ့တိုက်ခိုက် မှုအားလုံးကို ရှုတ်ချပါတယ်။ လူတွေအ များကြီး ရွှေ့ပြောင်းနေထိုင်ရစေတဲ့ ကျူး လွန်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို လည်း စိုးရိမ်မိပါတယ်။ တင်းမာမှုတွေ လျော့ချရေး လုပ်ဆောင်ကြဖို့ သက်ဆိုင် သူအားလုံးကို တိုက်တွန်းပါတယ်။ အဲဒီလို ပဲ မြန်မာအာဏာပိုင်တွေ၊ ပြီးတော့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ဆံဆောင် ရွက်သူတွေအနေနဲ့လည်း အခုရှိနေတဲ့စိန် ခေါ်မှုတွေရဲ့နောက်ကွယ်က အကြောင်းတ ရားတွေကို ဆက်လက်ဖော်ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီလို ဖော်ထုတ် တာတွေဟာ နောက်တောင်ကျနေပါပြီ။

တိုးတက်တဲ့ အခြေအနေတွေတော့ အနည်းငယ်ရှိနေပါပြီ။ ကုလသမဂ္ဂနဲ့ သူရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ မြန်မာ ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက် ပြေးသူတွေကို လေ့လာစိစစ်မှုတွေ လုပ် နိုင်ခဲ့ပါတယ်။ ကိန်းဂဏန်းတွေဟာ တက် ပြီးတက်နေပုံပါပဲ။ သြဂုတ် ၂၅ ရက်က စလို့ အဲဒီလိုထွက်ပြေးလာတဲ့ အရေ အတွက် တော်တော်ကိုများလာတာဟာ သံသယဝင်စရာ မလိုပါဘူး။ အခုဆိုရင် လူပေါင်းနှစ်သိန်းကျော်လောက်တောင် ရှိ မယ်ထင်ပါတယ်။
လူသိနည်းတာက ဘင်္ဂါလီ (မူရင်း တွင် ရိုဟင်ဂျာဟုသုံး) ဘာလဲဆိုတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်ရတဲ့ အရေအတွက်ပါ။ အဲဒီထဲမှာ ဘင်္ဂါလီ(မူ ရင်းတွင် ရိုဟင်ဂျာဟုသုံး) တွေတင်မက ဘူး၊ ရခိုင်တိုင်ရင်းသားတွေ၊ ရခိုင်ပြည်နယ် မှာနေထိုင်တဲ့ တခြားလူနည်းစုတွေ ပါဝင် ပါတယ်။
ကျွန်တော်တို့အနေနဲ့ သံအမတ်ကြီး စကော့မာရှယ်နဲ့ သူ့အဖွဲ့သားတွေက တစ် ဆင့် တပ်မတော်နဲ့ အရပ်သားအစိုးရတာ ဝန်ရှိသူတွေနဲ့ ဆက်ပြီးဆွေးနွေးနေသလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လိုအပ်နေ တဲ့ လူသာချင်းစာနာ ထောက်ထားမှုအ ကူအညီတွေ ပေးနိုင်ဖို့အတွက် အလှူရှင် တွေ၊ ကြက်ခြေနီအဖွဲ့တွေနဲ့လည်း ဆွေး နွေးနေပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်လို အိမ်နီး ချင်းနိုင်ငံတွေနဲ့လည်းဆွေးနွေးနေပါတယ်။
အခု သတင်းမီဒီယာများ မေးမြန်းတဲ့ မေးခွန်းများကို ဖြေကြားပါမယ်။

မေး ။ ။ မြန်မာအစိုးရဟာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ခံအစိုးရ အဖြစ်မကြာခင်က ပြောင်းလဲခဲ့တာပါ။ ဒီ တော့ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ပြောရရင် တော့အစိုးရပေါ့။ ဒါပေမယ့် ရခိုင်ပြည် နယ်လုံခြုံရေးက စစ်တပ်ရဲ့အောက်မှာရှိ နေတာလား၊ အရပ်သား အစိုးရလက် အောက်မှာရှိနေတာလား။ ပြီးတော့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တာတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် မဟုတ်သူတွေက အ ရပ်သားတွေကို တိုက်ခိုက်တဲ့အပေါ် ကာ ကွယ်ဖို့ ပျက်ကွက်တာတွေက ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

ဖြေ ။ ။ ဒီမေးခွန်း မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က မြန်မာပြည်ရဲ့ ရှုတ်ထွေးမှုကို ထောက်ပြလိုက်တာပဲလ့ို ထင်ပါတယ်။ ပြောရရင် ရာစုနှစ်ဝက် လောက်အတွင်းမှာ ပထမဆုံးအနေနဲ့ရွေး ကောက်ခံ အရပ်သားအစိုးရစနစ်ကို ပြောင်းလဲနိုင်တာကို ကျွန်တော်တို့ အ ရမ်းသဘောကျပါတယ်။ ဒီလို ကူးပြောင်း တာဟာ မျိုးဆက်များစွာအတွင်းမှာ ဖွံ့ဖြိုး တိုးတက်ဖို့ တိုင်းပြည်ရဲ့ အကောင်းဆုံး အခွင့်အရေးကို ကိုယ်စားပြုနေပါတယ်။ တကယ့် အရှိတရားကတော့ အရပ်သား အစိုးရဟာ တပ်မတော်ကို အာဏာတော် တော်များများ ခွဲပေးထားတဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို အမွေရခဲ့တာဖြစ်ပါတယ်။ အဲဒီအာဏာထဲမှာ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ ကြီးမာတဲ့အခန်းကဏ္ဍက ရယူ ထားတာလည်းပါပါတယ်။
ဒီတော့ ကျွန်တော်တို့ ဆွေးနွေးတာ ကတော့ တိုင်းပြည်အတွက် တာဝန်ရှိတဲ့ အရပ်သားအစိုးရရော၊ တပ်မတော်နဲ့ တခြားလုံခြုံရေးတပ်ဖွဲ့ အကြီးအကဲတွေနဲ့ ရောဆွေးနွေးပါတယ်။ ကျွန်တော်တို့ပြော တာကလည်း အရင်အတိုင်းပါပဲ။ သြဂုတ် ၂၅ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုအပေါ် တာဝန် ယူမှုရှိတဲ့ တုံ့ပြန်မှုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ လုံခြုံရေးတပ်ဖွဲ့အနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ အုပ်ချုပ် ရေးကို ခြိမ်းခြောက်လာမှုတွေကိုကိုင်တွယ် ဖို့ အဲဒီဒေသမှာရှိနေဖို့လိုပါတယ်။ တစ်ချိန် တည်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေ နဲ့ တရားဥပဒေအတိုင်း၊ နိုင်ငံတကာ လူ့ အခွင့်အရေး စည်းမျဉ်းတွေအတိုင်း လုပ် ဆောင်ဖို့ လိုပါတယ်။ ဒါဟာ အရပ်သားအစိုးရနဲ့ တပ်မ တော်ခေါင်းဆောင်တွေကို ကျွန်တော်တို့ ပြောတဲ့သတင်းစကားပါပဲ။

မေး ။ ။ ဒီအခြေအနေမှာ အမေရိ ကန် အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေ အပေါ်မှာ အထူးသဖြင့် တပ်မတော်အပေါ် မှာ leverage (ဖိအားပေးနိုင်တဲ့ အနေ အထား) အများကြီးရှိတယ် မဟုတ် လား။ နိုင်ငံတကာက ဝေဖန်ရှုတ်ချတာ တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထဲက ထွက်ပြေးလာတဲ့ ရိုဟင် ဂျာအရေအတွက်နဲ့ အကြမ်းဖက်မှုတွေက ဆက်ပြီး ဖြစ်နေတုန်းပါပဲ။ ဒီတော့ အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု ခေါင်းစဉ်အောက်ကနေပြီး တော့ မြန်မာနိုင်ငံက တချို့အဖွဲ့အစည်း တွေ၊ ဥပမာ တပ်မတော်လိုအဖွဲ့အစည်း တွေအပေါ် အရေးယူပိတ်ဆို့မှုတွေပြန်လုပ် ဖို့ စဉ်းစားဖို့ရှိသလား။

ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံနဲ့ဆက်ဆံရေးကို ဖိအားတွေဘာတွေ နဲ့ ချဉ်းကပ်ခဲ့တယ်လို့ ကျွန်တော်မမြင်ဘူး။ တကယ်တော့ ဒါဟာ ပူးပေါင်းဆောင် ရွက်မှု partnership ပါ။ ရွေးကောက်ခံ အစိုးရစနစ်ကို ပြောင်းလာကတည်းက ကျွန်တော်တို့ကြားမှာ နားလည်မှုရှိတဲ့ ဆွေးနွေးမှုတွေ၊ ပြောဆိုမှုတွေရှိ ခဲ့ပါ တယ်။ လက်တွဲဖော်တွေအနေနဲ့ ဒီမို ကရေစီ အသွင်းကူပြောင်းရေး အောင်မြင် ဖို့အတွက် အကူအညီပေးဖို့ စောင့်ကြည့် နေပါတယ်။ ကျွန်တော် စောစောကပြော ခဲ့သလိုပါပဲ။ အခုကာလဟာ လမ်းမှန် ပေါ်ကိုရောက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ။ အစိုးရသစ်ဟာလည်း နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပျောက်ကွယ်သွားခဲ့တဲ့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ပြန် လည်ရရှိဖို့တွေ၊ လူ့အသိုင်းအဝိုင်း နှစ်ခု ကြားက ပဋိပက္ခတွေ၊ ရခိုင်ပြည်က အခြေ နေစတဲ့ များပြားလှတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတာပါ။ ဒါတွေဟာ နှစ်ပေါင်း ပဝေဏသီကတည်းကရှိခဲ့တဲ့ ပြဿနာ တွေပါ။ အစိုးရသစ်ကလည်း အာဏာ လက်ခံပြီး ပထမနေကတည်းကစလို့ ဒီ ဟာတွေကို ဖြေရှင်းဖို့ကြိုးစားနေပါတယ်။
ဒီတော့လက်တွဲဖက်အနေနဲ့ ကျွန်တော် တို့ရဲ့ ချဉ်းကပ်မှုကတော့ နောက်ကွယ်မှာ ရှိနေတဲ့ ပြဿနာတွေကိုု ရှင်းလင်းဖော် ထုတ်ရေး လိုအပ်တာတွေအတွက် သူတို့ ရဲ့စွမ်းရည်တွေ တည်ဆောင်ရေး အကူ အညီပေးဖို့ပါပဲ။ ဒါပေမယ့် ဒါဟာ လိုအပ်လာတဲ့အချိန်မှာ ကျွန်တော်တို့ ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဝေဖန်ထောက်ပြမှုတွေ မလုပ်ဘဲနေမှာပဲဆိုတဲ့ သဘောမဟုတ် ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ အခုအကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အကြမ်း ဖက်မှုဆီ ဦးတည်သွားစေမယ့် တင်းမာမှု တွေကိုလျှော့ချဖို့ တိုက်တွန်းနေပါတယ်။

အရေးယူပိတ်ဆို့မှုတွေ (sanctions) အကြောင်း ပြောရမယ်ဆိုရင် ကျွန်တော် တို့ဟာ နှစ်ပေါင်းနှစ်ဆယ်လောက် အရေး ယူပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုလုပ် တာကလည်း ဒီမိုကရေစီစနစ်ဆီ ရောက် လာအောင် တွန်းအားပေးဖို့၊ လူ့အခွင့် အရေးတွေ တိုးတက်လာဖို့ပါ။ အရေးယူ ပိတ်ဆို့မှုတွေ အားလုံးနီးပါးကို ဖယ်ရှား လိုက်တာကလည်း အောင်မြင်တဲ့ရွေး ကောက်ပွဲနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ တွေမှာ အစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ် အခြေခံပြီး ဖယ်ရှားလိုက်တာပါ။ ဒီလို လုပ်လိုက်လို့လည်း သူတို့မှာလုပ်စရာရှိ တာတွေ အကုန်လုပ်ပြီးပြီဆိုတဲ့ သဘော မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်စရာတွေ ကျန်ပါသေးတယ်။ ဒါပေ မယ့် လက်တွဲဖက်တွေအနေနဲ့ ကျွန်တော် တို့ဟာ တိုက်တွန်းအားပေးလို့ရပါတယ်။ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ကူညီ ထောက်ပံ့ပေးလို့ ရပါတယ်။ ရှုပ်ထွေးလှတဲ့ ရခိုင်ကိစ္စမှာတောင် ကျွန်တော်တို့က ဒီလို လုပ်ဖို့ ကြိုးစားနေပါတယ်။
လိုအပ်မှုတွေကတော့ ရှိတာပေါ့ လေ။ ကျွန်တော်တို့က ထောက်ပြနေသလို မြန်မာအစိုးရနဲ့ တပ်မတော်က အရေးပေါ် လိုအပ်နေတာတွေကို အလေးထားလုပ် ဆောင်နေပါတယ်။ ဒါတွေကတော့ တင်း မာမှုတွေကို အဆုံးသတ်တာ၊ လူ့အခွင့်အ ရေး အကူအညီတွေပေးဖို့ လမ်းဖွင့်ပေး တာ၊ တင်းမာမှုတွေ ဖြစ်ပွားစေတဲ့နောက် ကွယ်က အကြောင်းတရားတွေကို ဖော် ထုတ်တဲ့ ခက်ခဲလှတဲ့ လုပ်ငန်းစဉ်ကို စလုပ်နေတာတွေပါပဲ။

မေး ။ ။ ခင်ဗျားအနေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီထက်ပိုလုပ်ဖို့လို တယ်လို့ ပြောခဲ့ပါတယ်။ အရပ်သားခေါင်း ဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မူဆလင်လူနည်းစုအပေါ် ဆက် ဆံမှုတွေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြော ဆိုတာမျိုး မလုပ်သင့်ဘူးလား။

ဖြေ ။ ။ ပထမဆုံးအနေနဲ့ မြန်မာ နိုင်ငံဟာ လူမျိုးရာချီရှိနေတဲ့ လူမျိုးစုံနေ ထိုင်တဲ့တိုင်းပြည်၊ လွတ်လပ်ရေးရဖို့ ခေတ် သစ်နိုင်ငံတည်ထောင်ဖို့အတွက် ရှုတ်ထွေး ရှည်လျားလှတဲ့ သမိုင်းကြောင်းကို ဖြတ် သန်းခဲ့ရတဲ့နိုင်ငံဆိုတာသိထားဖို့ အရေး ကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာအပေါ်ခွဲခြား ဆက်ဆံမှုတွေရှိပါတယ်။ ရခိုင်ပြည်နယ် မှာဆိုရင် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ ဟုသုံး)တွေ ထွက်ပြေးရတဲ့ကိစ္စဟာ အဲဒီ ဒေသမှာ အကြီးမားဆုံးဝမ်းနည်းဖွယ်ရာ ကိစ္စပါပဲ။ အဲဒီဒေသမှာတောင် စိန်ခေါ်မှု တွေကို ကြုံနေတဲ့လူနည်းစုက သူတို့တင် မဟုတ်ပါဘူး။ ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ။ ရခိုင်တိုင်း ရင်းသားတွေ ကိုယ်တိုင်လည်း လူနည်းစုတွေဖြစ်ပြီး မဖွံ့ ဖြိုးတဲ့ဒဏ်၊ အခွင့်အရေး ကန့်သတ်ခံရ မှုတွေ နှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ ဟုသုံး)တွေအရေးပဲ ရှေ့ရောက်လာတာ ပါ။ တစ်သန်းလောက်ရှိတဲ့ သူတို့တစ်တွေ အခြေခံအခွင့်အရေးတွေ မရရှိတဲ့ကိစ္စဟာ အရင့်အရင်ကတည်းက ရှိခဲ့တဲ့ကိစ္စပါ။ အမေရိကန်က ကျွန်တော်တို့ စိုးရိမ်ရတဲ့ ကိစ္စပါ။ ဒီကိစ္စကို ဖြေရှင်းဖို့ လိုပါတယ်။
မြန်မာအစိုးရ လုပ်ခဲ့တာနဲ့ပတ်သက် ပြီး အကောင်းဘက်ကပြောရင် ရခိုင်ပြည် နယ်က စိန်ခေါ်မှုတွေကို ဖော်ထုတ်အဖြေ ရှာဖို့ လိုအပ်တယ်ဆိုတာကို အသိအမှတ် ပြုလက်ခံတာပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့ တစ်နှစ်လောက်က ဒေါ်အောင်ဆန်းစု ကြည်နဲ့ သူ့အစိုးရက ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ကို ဖွဲ့စည်းခဲ့တာပဲလေ။ သြဂုတ်လ ၂၅ ရက်နေ့မှာ အဲဒီကော်မရှင် က အဆုံးသတ်အစီရင်ခံစာနဲ့ အကြံပြု ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါနဲ့ အချိန်ကိုက်ပြီးတော့ ဒီတိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုး ရက ဒီအကြံပြုချက်တွေကို လက်ခံခဲ့ပါ တယ်။ ကျွန်တော်တို့အနေနဲ့ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းပါ တယ်။ လွယ်တော့လွယ်မှာ မဟုတ်ပါဘူး။ အချက်ပေါင်း ၈၀ လောက်ရှိပါတယ်။ ဒါပေမယ့် အဲဒီအကြံပြုချက် တော်တော် များများက ရခိုင်ပြည်နယ်မှာ ပွတ်တိုက်မှု တွေ၊ စိန်ခေါ်မှုတွေဖြစ်စေတဲ့ နောက်ကွယ် က အကြောင်းတရားတွေကို ဖော်ထုတ် ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ကိစ္စတွေဖြေရှင်းရာမှာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုပါတယ်။ ဒါပေမယ့် ကျွန် တော်ပြောသလိုပါပဲ။ ဒီကော်မရှင်ကို ဖွဲ့ခဲ့ တာ၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လက်ခံခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ဖြစ် နေပါတယ်။ ဒါဟာ သိပ်ကိုအားရဖို့ကောင်း ပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ပူးပေါင်း ဆောင်ရွက်ချင်တယ်။

မေး ။ ။ ကျွန်မသိချင်တာရှိပါတယ်။ တပ်မတော်နဲ့ လုံခြုံတပ်ဖွဲ့ဝင်တွေရဲ့ လို အပ်ချက်တွေကို အစိုးရနဲ့ ဆွေးနွေးခဲ့တယ် လို့ရှင်ပြောခဲ့ပါတယ်။ လိုအပ်ချက်တွေက ဘာတွေလဲဆိုတာ ကျွန်မတို့ကို ရှင်းပြလို့ ရမလား။ ပြီးတော့အခုကိစ္စက မွတ်စလင် တွေပဲ ပစ်မှတ်ထားခံနေရတာ မဟုတ်ဘဲ ရခိုင်ပြည်နယ်ကလူတိုင်း ပစ်မှတ်ထားခံရ တယ်လို ရှင်ထင်ပါသလားဆိုတာ တိတိ ကျကျလေး သိချင်ပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံက စိန်ခေါ်မှုတွေ၊ ကျွန်တော်တို့နဲ့ မြန်မာအစိုးရကြား ဆက် ဆံမှုတွေ ကိစ္စတော်တော်များများကို မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီးခိုင်ခိုင်မာမာ ပြောဆိုဆွေးနွေးထားပါတယ်။ တကယ် တော့ ကျွန်တော်တို့ဟာ တရားဝင်လုပ် ဖော်ကိုင်ဖက်တွေပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လောက်က ကျွန်တော်ရဲ့ သံအမတ်ကြီး မာရှယ်ရယ်ဟာ နေပြည်တော်မှာ ပူး ပေါင်းဆောင်ရွက်ရေးတွေ စတင်ခဲ့ကြပါ တယ်။ အဲဒီမှာ အရပ်သားဘက်ကရော တပ်မတော်ဘက်ကရော ဝန်ကြီး ၂၂ ပါး တက်ရောက်ခဲ့ပါတယ်။ အစိုးရရော တပ်မတော်ရောက သူတို့ရဲ့ လိုအပ်ချက် တွေ စိန်ခေါ်မှုတွေကို ပြောပြခဲ့ကြပါတယ်။
အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ လိုအပ်ချက်တွေကို ပြောရာမှာအစိုး ရကထုတ်ပြောတာတစ်ခုရှိပါတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေက တပ်မတော်ကို ပေးထားတာတွေပါ။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပေးထားတာ၊ အဓိက ဝန်ကြီး ဌာနသုံးခုကို ပေးထားတာ၊ ဒုသမ္မတကို ခန့်အပ်ခွင့် ပေးထားတာတွေပါပဲ။ ဒီမိုက ရေစီပြည့်ပြည့်၀၀ ဖော်ဆောင်ဖို့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်နေတာ ကအစိုးရပါ။ ဒါဟာ သိပ်အားတက်ဖို့ ကောင်းသလို လေးစားဖို့ လည်းကောင်းပါ တယ်။ ကျွန်တော်တို့လည်း တတ်နိုင်သ လောက် ထောက်ပံ့ကူညီသွားမှာပါ။

ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေး တပ်ဖွဲ့တွေက အာဏာတော်တော်များများ ယူထားတာအဓိကပါပဲ။ ကျွန်တော် အဲဒီ ကိုရောက်ပြီးပါပြီး။ ရခိုင်ပြည်နယ် မြောက် ပိုင်းကို ရောက်ပြီးပါပြီ။ အစိုးရသစ် အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံ မှာက ဟိုတုန်းကတည်းက တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ မတူညီတဲ့ လူမျိုးတွေ နေထိုင်နေကြတဲ့အတွက် ဒီ ကိစ္စက ရှိနေပါတယ်။ ဘာသာရေးစိန်ခေါ်မှု တွေရှိနေပါတယ်။ ဒါပေမယ့် လူမျိုးစုဗုဒ္ဓ ဘာသာတွေတင်မဟုတ်ဘူး။ တခြားဘာ သာများစွာလည်း ရှိနေသလို ကိုးကွယ် ကျင့်သုံးနေကြပါတယ်။ ခရစ္စယာန် အဖွဲ့ အစည်းတွေရှိသလို မြန်မာပြည်ကအဓိက မြို့ကြီးတွေမှာလည်း မွတ်စလင်တွေ ရှိ နေပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာကိုး ကွယ်သူတွေ၊ ရန်လိုတဲ့ အုပ်စုတွေလည်း ရှိပါတယ်။

အဓိကအားဖြင့်တော့ ဒါဟာ ရခိုင် ပြည်နယ်က တိုင်းရင်းသားကိစ္စပါ။ ဘင်္ဂါ လီ(မူရင်းတွင် ရိုဟင်ဂျာဟုသုံး)တွေက သီးသန့်ဆက်ဆံခံခဲ့ရတယ်။ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘူး။ စောစောက ပြောခဲ့သလို နှစ်ပေါင်းများစွာ အခြေခံအခွင့်အရေးတွေ မရခဲ့ဘူး။
အစိုးရဖွဲ့ခဲ့တဲ့ ရခိုင်ပြည်နယ်အကြံ ပေးကော်မရှင်ရဲ့ အကြံပြုချက်တွေမှာ လည်း နိုင်ငံသားဖြစ်ခွင့်၊ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေ ပါဝင်ပါတယ်။ ဒီဒေသ ဟာ အစကတည်းက ဆင်းရဲနေတဲ့နိုင်ငံ ထဲက အဆင်းရဲဆုံးဒေသပါ။ အစိုးရကဒီ အကြံပြုချက်တွေကို လက်ခံထားပါတယ်။ အခုတော့ အကောင်အထည် ဖော်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါတွေဟာ ကျွန်တော် တို့ ဦးစားပေးချင်တဲ့ကိစ္စလို့ ကျွန်တော် ထင်ပါတယ်။

မေး ။ ။ ဒီကိစ္စဟာ အရင်ကတည်းက ဆွေးနွေးထားတဲ့၊ ရေရှည်လုပ်ငန်းစဉ်တစ် ခုလို့နားလည်ပါတယ်။ ကျွန်မတို့ တွေ့မြင် နေရတဲ့ အခုပေါ်ပေါက်လာတဲ့ အကြမ်း ဖက်မှုတွေမှာ၊ အမေရိကန်နဲ့ မြန်မာအစိုး ရနဲ့ ဆွေးနွေးမှုတွေထဲမှာ တချို့ကိစ္စတွေကို အလျင်အမြန်ဆောင်ရွက်ဖို့ သူတို့ ဘယ် လောက်လက်ခံပါသလဲ။ ပြီးတော့ ကျွန်မ နောက်တစ်ခု မေးချင်ပါသေးတယ်။ ဒီ ဆွေးနွေးမှုတွေမှာ သူတို့ရဲ့ လက်ခံနိုင်မှုကို ကျွန်မမှန်းကြည့်ပါတယ်။ ဥပမာ ဂျာနယ် လစ်တွေကို အဲဒီကို သွားခွင့်ပြုတာလိုမျိုး တချို့ ချက်ချင်းလုပ်ရမယ့်အလုပ်တွေကို လုပ်ဖို့ လက်ခံပါသလား။

ဖြေ ။ ။ အဲဒီမှာရှိနေတဲ့ စိန်ခေါ်မှုတွေ က အရင်ကတည်းက ရှိခဲ့တာဆိုတဲ့ အချက်ကို ထပ်ပြောချင်ပါတယ်။ အဲဒီကိစ္စ တွေက အရမ်းကိုရှုတ်ထွေးပါတယ်။ အခု တော့ မျက်နှာအသစ်တွေ ပေါ်ပေါက်လာ ပြန်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက် မှုဟာ ပူးပေါင်းပြီး အသေအချာစီမံထား တာပါ။ ဒါဟာအသစ်ပါ။ အဲဒီတိုက်ခိုက် မှုကြောင့် အကျအဆုံးတွေရှိခဲ့ပါတယ်။ စိုးရိမ်မှုတွေအများကြီး ပေါ်ပေါက်ခဲ့ပါ တယ်။ ကြောက်ရွံ့မှုတွေ ပေါ်ပေါက်ခဲ့ပါ တယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်တုံ့ပြန်ဖို့ လိုအပ်ခဲ့ပါတယ်။

ပြန်တုံ့ပြန်တာကို ကျွန်တော်တို့က အာရုံစိုက်တာက သိသာပါတယ်။ အဲဒီလို တုံ့ပြန်ရာမှာ တရားဥပဒေအတိုင်းဆောင် ရွက်ဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက် နာဖို့၊ ဒေသခံတွေကိုကာကွယ်ဖို့ လိုအပ် ပါတယ်။ ပြည်တွင်းမှာရော နယ်စပ်ဖြတ် ပြီးတော့ရော ထွက်ပြေးသူအရေအတွက် က များပြားလွန်းနေတော့ သူတို့တစ်တွေ ဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြတယ် ဆိုတာ သိသာပါတယ်။ ဒီတော့ ကျွန်တော် တို့အနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေက လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေ၊ မီဒီယာတွေချက်ချင်း၊ ရေရှည်ဝင်ခွင့် ရဖို့တင်မဟုတ်ဘူး။ တင်းမာမှုတွေ လျှော့ ချဖို့ပါ ကြိုးစားနေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တာဝန်သိသိဆောင်ရွက်ဖို့၊ ဒေသခံတွေ တာဝန်သိသိ ဆောင်ရွက် ကြဖို့ပါပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အရပ်သားတွေကို တိုက်ခိုက်နေတဲ့ဒေသခံ တွေကြားက စစ်သွေးကြွတွေရှိနေခြင်းက ရခိုင်ပြည်နယ်က မတည်ငြိမ်မှု၊ စိုးရိမ်မှုတွေ ကို ထပ်ပေါင်းပေးသလို ဖြစ်နေလိုပါပဲ။

ကျွန်တော်တို့ရဲ့ ဆွေးနွေးဆောင် ရွက်မှုတွေ အလုပ်ဖြစ်အောင် ကြိုးစားနေ ပါတယ်။ သဘာဝအားဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ၊ မီဒီယာတွေ အဲဒီကိုရောက်သွားရင် ကျွန် တော်တို့ရဲ့ကြိုးပမ်းမှုက အလုပ်ဖြစ်တယ် လို့ ပြောရမှာပါ။ ဒါပေမယ့် အခုလည်း အလုပ်ဖြစ်ပါတယ်။ ဆက်လုပ်နေပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း တင်းမာမှု တွေလျော့ကျအောင် လုပ်လိုသူတွေ၊ လူ သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ မီဒီယာတွေရောက်ခွင့်ရ အောင် လုပ်ပေးချင်နေတဲ့လူတွေရှိနေတာ ကို တွေ့ပါတယ်။
ဒါဟာ ကျွန်တော်တို့ အခုလတ်တ လောဦးစားပေး လုပ်ဆောင်နေတာတွေ ပါ။ ကျွန်တော်ပြောသလိုပါပဲ။ အာနန် ကော်မရှင်ရဲ့ အကြံပေးမှုတွေကို စပြီးအ ကောင်အထည်ဖော်ဖို့ဆိုတာ စောလွန်း တယ်လို့ မရှိပါဘူး။ ။

Written by – မင်းသူအောင်

Leave a Reply