Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်တွင် လာမည့်နှစ် ငါးဖမ်းရာသီအတွက် ကျန်ရှိသော ငါးလေလံ ပိုက်ချက် ၃၀ ကို ဇူလိုင် ၁၈ ရက်က လေလံတင် ရောင်းချခဲ့သော်လည်း ကြမ်းခင်းဈေး မရ၍ ရောင်းချမှုကို ရက်ရွေ့ခဲ့ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုုး ဒေါ်လှလှဝေက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ငါးလေလံ ပိုက်ချက် ၁၁၈ ချက်အနက် ပိုက်ချက် ၈၈ ချက်မှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အသီးသီး ရောင်းခဲ့ပြီး ယခု တတိယအကြိမ်တွင်မူ ပိုက်ချက် ၃၀ ကို လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဆွဲဝယ်မယ့်သူမရှိတာမဟုတ်ဘူး ဆွဲဝယ်မယ့်သူရှိတယ် ကြမ်းခင်းဈေးမှီအောင်မပေးတဲ့အတွက် ရောင်းလို့မရဘူး ဒါကြောင့် စတုတ္တအကြိမ်ချိန်းလိုက်တယ်”ဟု ဒေါ်လှလှဝေက ဆိုသည်။

အဆိုပါ ပိုက်ချက် ၃၀ အတွက် ကြမ်းခင်းဈေးနှုန်း သတ်မှတ်ထားသော အခြေအနေကို ဟင်္သာမီဒီယာ မေးမြန်းခဲ့သော်လည်း ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ကြောင်းနှင့် စတုတ္ထအကြိမ် ပြန်လည် ရောင်းချမည့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးဟု ဒေါ်လှလှဝေက ဖြေဆိုသည်။

ငါးလေလံ ပိုက်ချက် ၈၈ ချက်ကို နှစ်ကြိမ်တိုင်တိုင် ရောင်းချခဲ့ပြီးနောက် အခွန်ကျပ် သိန်း ၈၃၀၀ ကျော် ရရှိထားပြီ ဖြစ်သည်ဟု ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ငါးလေလံ ပိုက်ချက်များဖြင့် မော်လမြိုင် ၅၅ချက်၊ မုဒုံ ၆ချက်၊ ကျိုက်မရော ၂၀ချက်၊ ချောင်းဆုံ ၂၅ ချက်နှင့် ပေါင်မြို့နယ် ၁၂ ချက် စုစုပေါင်း ငါးဖမ်းပိုက်ချက် ၁၁၈ ချက် ရှိသည်။

ယမန်နှစ်ကမူ အဆိုပါ ပိုက်ချက် ၁၈၈ ချက်ကို လေလံတင် ရောင်းချခဲ့ရာ အခွန်ကျပ် သိန်း ၆၀၀၀ ကျော်သာ ရရှိထားခဲ့ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

Written by ဂေထော

Advertisements
<

Leave a Reply