16195543_1081965431929154_8341500226494508699_n

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ။ ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများရပ်ကျေးအဆင့်ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောသည်။

“အခု သင်တန်းကတော့ ဆရာဖြစ်သင်တန်းဖြစ်ပါတယ်၊ ဆင့်ပွားသင်တန်းတွေကိုတော့ နောက်လ(ဖေဖော်ဝါရီ)ဒုတိယအပတ်မှာ စတင်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင် အဖွဲ့တွေ ကို် သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြော သည်။

ယခု ပြုလုပ်သည့် သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်များ အမှားအယွင်း လျော့နည်စွာ ဆောင်ရွက်စေနိုင်မည့် အကြောင်းအရာများကို အဓိ ကထား ပို့ချသွားမည်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ဖြည့်စွက်ပြောသည်။

“သင်တန်းကိုတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ အင်တာနေရှင်နယ် IDEA အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ် တယ်၊ ကော်မရှင်အဖွဲ့တွေ ကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေဖို့၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အမြဲရှိနေ စေဖို့နဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်လာအောင် ရည်ရွယ်ထားတာပါ” ဟု ၄င်းက ဆိုသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ နှစ်သန်းကျော်မှ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့ အ တွက် ၇ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉၅ ထဲမှ ၁၉ ဦးအား မဲပေးရွေးချယ်ရ မည်ဖြစ်သည်။

ကိုပေါက်

Leave a Reply