Advertisements

မြန်မာနိုင်ငံတွင် ရင်ဆိုနေရသော ရခိုင်ပြည်နယ်၊ မောင်တောအရေး၊ ဘဂါၤလီ(မူရင်းအသုံးတွင် ရိုဟင်ဂျာဟုသုံးနှုန်း) ပြဿနာများနှင့်ပတ်သက်ပြီး ကမ္ဘာ့စာနယ်ဇင်းလောကတွင် သြဇာကြီးမားသော အမေရိကန်နိုင်ငံအခြေစိုက် TIME မဂ္ဂဇင်းက စက်တင်ဘာ ၂၁ ရက်နေ့တွင် Will the Roghingya Exodus Be Aung San Suu Kyi’s Fall From Grace? ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုဖော်ပြခဲ့သည်။ နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ဝေဖန်ကြသည့် အမြင်များကို စာဖတ်သူများသိရှိနိုင်စေရန် ဘာသာပြန်ဆိုဖော်ပြလိုက်ရပါသည်။

 

သြဂုတ်လ ၂၅ က ကျေးရွာများ မီး လောင်နေသည်ကို ဂြိုဟ်တုများကတွေ့ရှိခဲ့ သည်။ မူဆလင် စစ်သွေးကြွများကရခိုင် ပြည်နယ်ရှိ လုံခြုံရေးစခန်းများကို တိုက် ခိုက်ပြီးနောက် နာရီပိုင်းအကြာတွင်မြန်မာ နိုင်ငံအနောက်ပိုင်းတစ်လျှောက်ရှိ မြို့နယ် များတွင် တစ်ခုပြီးတစ်ခုမီးလောင်နေခဲ့သည်။
မကြာမီတွင် ဒုက္ခသည်များအုပ်လိုက် ကျင်းလိုက် ဘင်္ဂလားဒေ့ရှ်ဘက် ရောက် လာသည်။ ထောင်သောင်းချီသောဘင်္ဂါလီ များသည် တပ်မတော်၏ စစ်ဆင်ရေးများ ကြောင့်ထွက်ပြေးလာရသည်။ တပ်မတော် က ၎င်းတို့သွားမည့်လမ်းများတွင် မြေမြှုပ် မိုင်းများထောင်ခြင်း၊ ၎င်းတို့၏ အိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့ကြောင်း ဘင်္ဂါလီများ က ၎င်းတို့အား အကူအညီပေးနေသူများ ကို ပြောကြသည်။ ဘင်္ဂါလီကလေးများနှင့် အမျိုးသမီးများကို စစ်သားများက ပစ်ခတ် ကြသည် ၎င်းတို့ကဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုမှာ ပထမဆုံး အကြိမ်တော့မဟုတ်ပေ။ သို့သော် ပမာဏ ကတော့ ယခင်ကထက် အတော်ပင်ကြီး မားပါသည်။ အကြမ်းဖက်သမားများတိုက် ခိုက်ပြီး သုံးပတ်အကြာတွင် ရွာပေါင်း ၂၀၀ ခန့် မီးရှို့ခံခဲ့ရသည်။ ဘင်္ဂါလီပေါင်း ၄၂၀၀၀၀ ထွက်ပြေးခဲ့ကြပြီး ထွက်ပြေး လာကြသူ သုံးပုံနှစ်ပုံမှာ ကလေးများဖြစ် နေသည်။ ယူနီဆက်ဖ်၊ နယ်စည်းမထား ဆရာဝန်များအသင်းတို့ကဲ့သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေ သော အဖွဲ့အစည်းများလည်း ပဋိပက္ခဖြစ် ပွားနေသောနေရာများသို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံရသည်။ ကုလသမဂ္ဂ လူ့အခွင့် အရေးအကြီးအကဲက ယခုအဖြစ်အပျက် မှာ ‘လူမျိုးသုဉ်းစေခြင်း၏နမူနာ’ ပင်ဖြစ် ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်တော့ အသံတစ်ခုက သိသိသာသာပင် တိတ်ဆိတ်နေခဲ့သည်။ လူအခွင့်အရေးစံပြပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်တွင် တပ်မတော်၏ လုပ်ရပ် များနှင့်ပတ်သက် တပ်မတော်ကို ပြစ်တင် ရှုတ်ချခြင်းမပြုခဲ့ပေ။ အခြားသောနိုဘယ်ဆု ရှင်များကတော့ လျင်လျင်မြန်မြန်ပင် ပြစ် တင်ရှုတ်ချခဲ့သည်။ ပါကစ္စတန်လူ့အခွင့်အရေး လှုပ်ရှားသူမာလာလာကတော့ ဒေါ်အောင် ဆန်းစုကြည်ရှေ့ထွက်ပြီး စကားပြောလာ မည်ကို ကမ္ဘာကြီးက စောင့်နေကြောင်း ပြောဆိုခဲ့သည်။

တောင်အာဖရိကဘာသာ ရေးခေါင်းဆောင် ဒက်စမွန်တူးတူးကတော့ ဒေါ်အောင်ဆန်းစုကြည် ‘ယခင်လို သတ္တိရှိ ရှိ၊ ပြောစရာရှိသည်များ ပြောလာနိုင်ပါစေ’ ဟု ဆုတောင်းကြောင်း ပြောဆိုခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကတော့ ယခုဖြစ်နေသော အရာများမှာ သတင်းအ မှားများ ထုတ်လွှတ်နေမှုကြောင့် ဖြစ်နေရ ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စက်တင် ဘာလတွင်ပြုလုပ်မည့် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက်မည် မဟုတ် တော့ကြောင်းလည်း ကြေညာခဲ့သည်။

နောက်ဆုံးတွင်တော့ ကျေးရွာများ မီးရှို့ခံရပြီး ၂၅ ရက်အကြာတွင် ဒေါ် အောင်ဆန်းစုကြည်သည် ကမ္ဘာကြီးကို မိန့်ခွန်းပြောခဲ့သည်။ တပ်မတော်တာဝန် ရှိသူများနှင့် နိုင်ငံခြားသံတမန်များရှေ့တွင် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်မှနေ ၍ ကမ္ဘာသို့ပြောသော ထိုမိန့်ခွန်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ကို ဝေဖန်ခြင်းမပြုခဲ့ပေ။ ဘင်္ဂါလီများဘက် သို့ လိုက်ရမည့်အစား နိုင်ငံတကာကသော သောညံ ပြောဆိုနေမှုများကို မေးခွန်း ထုတ်ခဲ့သည်။ အစိုးရအနေဖြင့် ရခိုင်ပြည် နယ်တွင် ကျေးရွာများမီးရှို့ခံရသည် ဆို သည့်အပေါ် စိုးရိမ်ကြောင်း၊ သို့သော်တစ်စုံ တစ်ရာမဆောင်ရွက်မီတွင် ယခုပေါ်ပေါက်

နေသော စွပ်စွဲမှုများနှင့် ယင်းစွပ်စွဲမှုများ အပေါ် ပြန်လည်စွပ်စွဲမှုများကို သုံးသပ်ဖို့လို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပဋိပက္ခဖြစ်သော နေရာများ ထက် ငြိမ်းချမ်းမှုရနေသော နေရာများကို လည်း အာရုံစိုက်ကြည့်ရှုကြရန် တိုက် တွန်းခဲ့သည်။
‘ရခိုင်ပြည်နယ်က မူဆလင်အ များစုဟာ အခုလို ထွက်ပြေးတဲ့အထဲမှာ ဝင်မပါကြတာကို တော်တော်လူသိနည်းပါ တယ်’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ဆိုခဲ့သည်။

‘ကျွန်မတို့ သံတမန်အသိုင်းအဝိုင်းနဲ့ ကျွန်မတို့ရဲ့ ပြဿနာတွေထဲက နည်းနည်း ကလေးကိုပဲ အာရုံပြုနေကြတာ ဝမ်းနည်း စရာပါ’ ဟု ၎င်းက ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း က မကျေနပ်မှုများကို ပေါ်ပေါက်လာစေ ပါသည်။

‘သူ့မိန့်ခွန်းက လူမျိုးသုဉ်းသတ်ဖြတ် မှုတွေကို သကာရည်လောင်းဖို့ ကြိုးစား နေတာပါ’ ဟု လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှာ ဒါရိုက်တာ ကန် နက်ရို့သ်က ပြောသည်။

စံနမူနာယူစရာ ပုဂ္ဂိုလ်များကား ဤ သို့ ကျရှုံးတတ်ပါသည်။ အမေရိကန်အ နေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာ နိုင်ငံ၏ ကယ်တင်ရှင်ဖြစ်သည်သာမက အရှေ့တောင်အာရှတစ်ခွင်တွင် အကြမ်း မဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု၏ စံ ပြုအပ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ချီးပခဲ့ ကြသည်။ ကုလသမဂ္ဂအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အောက်က မြန်မာနိုင်ငံအတွက် များစွာ မျှော်လင့်ခဲ့သည်။ ယခုအခါတွင်တော့ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတွင်အခြား သော အလေးပေးလုပ်စရာများရှိကြောင်း ထုတ်ပြခဲ့သည်။

‘အခုအခါမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ လူ့အခွင့်အရေးတွေအတွက် ရပ်တည်ပြီး ပြောပြောနေတဲ့ လူ့အခွင့်အ ရေးသမားအဖြစ်ထက် ပြောင်းလဲနေတဲ့ ဗမာပြည်အတွင်းက နိုင်ငံရေးသမားတစ် ယောက်အဖြစ် သူ့ကိုယ်သူ မြင်နေတယ်’ ဟု အိုဘားမား၏ နိုင်ငံတော်လုံခြုံရေး လက်ထောက်အကြံပေး ဘင်ရုတ်ကပြော သည်။

‘ဗမာပြည်အတွင်းမှာ နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုလုပ်မယ်ဆိုတဲ့ သူ့ရဲ့တစ် ချောင်းတည်းသောစိတ်က ဘက်မလိုက်မှု ကို ပျောက်သွားစေတဲ့ အနေအထားကို ဖန်တီးလိုက်တယ်’ ဟု ၎င်းကပြောသည်။

လူကြိုက်များမှု ဖျက်ဆီးခံနေရရုံမျှ မကပေ။ တက္ကဆက်ပြည်နယ်လူဦးရေ၏ နှစ်ဆခန့်ရှိပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့ကြားညပ်နေသော မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပျက်ပြားသည်နှင့် တပ်မတော် ၏ အာဏာသိမ်းခြင်းကို ခံရနိုင်ကာ လုပ် ခဲ့သမျှသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးများသည် သဲထဲရေသွန် ဖြစ်သွားနိုင် သည်။ အကြမ်းဖက်သမားများက မြန်မာ နိုင်ငံတွင် မူဆလင်များ ဖိနှိပ်ခံရမှုကို လူသစ်စုဆောင်းရမည့် ကိရိယာတစ်ခုအ ဖြစ်မြင်နေကြသည်။ အယ်ကိုင်းဒါး အ ကြမ်းဖက်သမားများဆိုလျှင် ဘင်္ဂါလီများ ဖိနှိပ်ခံရခြင်းအတွက် မြန်မာနိုင်ငံကိုအ ပြစ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့ပြီးဖြစ်သည်။ အမေရိကန်ကတော့ မြန်မာနိုင်ငံကို မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု များ ဖြတ်တောက်ရန် ဖိအားပေးနေသည်။ တစ်ချိန်တည်းတွင်ပင် တရုတ်သည် မဟာ ဗျူဟာကျသော ဘင်္ဂလားပင်လယ် အော် ထွက်ပေါက်ရရေး ဆက်လက်ကြိုးပမ်းနေ သည်။

လူ့အသက်ပေါင်းများစွာသည် တစ်ခါက လူလေးစားခံခဲ့ရသော ဒေါ် အောင်ဆန်းစုကြည်က ၎င်းတို့ဘက် ရပ်ပေးမပေးအပေါ် မူတည်လိမ့်မည်။
ဒီမိုကရေစီခရီးလမ်းက မကြာခဏ ပင် ဆူးကြမ်းများနှင့်ပြည့်နေသည်။ ဗဟို အစိုးရနှင့် တိုင်းရင်းသားလူနည်းစုများအ ကြား ကာလရှည်ပေါ်ပေါက်နေသော ပြည် တွင်းပဋိပက္ခများအပြင် ဒေါ်အောင်ဆန်း စုကြည်မှာ ဖွဲ့စည်းပုံပြင်ရေးတွင် ဗီတို အာဏာရထားသော တပ်မတော်ခေါင်း ဆောင်များနှင့် အင်အားကောင်းလာနေ သော ဗုဒ္ဓဘာသာ အမျိုးသားရေးသမား များ၏ဖိအားကို ခံနေရသည်။

အမေရိကန်သာ ပဓာနဟူသော မူ ဝါဒကို ကိုင်စွဲထားသည့် ထရမ့်အစိုးရအနေ ဖြင့် သူမျက်စိရှေ့တွင် ပထမဆုံးပေါ်ပေါက် သော တိုင်းရင်းသားပဋိပက္ခကို ဘယ်လို ကိုင်တွယ်မလဲဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။ အမေရိကန် ကွန်ဂရက်တွင် တော့ လွှတ်တော်အမတ်များသည် အ ရေးယူပိတ်ဆို့မှုများ ပြုလုပ်လိုနေပြီး အို ဘားမားအစိုးရ လက်အောက်တွင် ခွင့်ပြု ပေးခဲ့သော စစ်ရေးဆက်ဆံမှုများကို ကန့် သတ်လိုနေသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကတော့ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း ရှားရှားပါးပါး ကြေညာ ချက်ထုတ်ခဲ့သည်။ သို့သော် တပ်မတော် အပေါ် ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ် ချက်ကတော့ တရုတ်တွင် ဗီတိုအာဏာရှိ နေသဖြင့် မဖြစ်နိုင်ပေ။ တစ်ဖက်တွင်လည်း ဘင်္ဂါလီများမှာ ဆက်လက်ထွက်ပြေးလျက် ရှိနေသေးသည်။

ကမ္ဘာကြီးမှာ မျှော်လင့်ချက်မဲ့နေရာ မှ ဟီးရိုးများကို အားပေးချီးမြှောက်လို သည်။ အသက် ၇၂ နှစ်အရွယ် ဒေါ်အောင် ဆန်းစုကြည်မှာ မြန်မာနိုင်ငံတွင် လူပြော အများဆုံးမိသားစုများထဲမှ ပေါက်ဖွားလာ သူဖြစ်သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်းသည် ခေတ်သစ်တပ်မတော်တစ်ရပ် တည်ထောင်ခဲ့ပြီး ၁၉၄၀ ခုနှစ်ဝန်းကျင်များ တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရန် ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကလေးဘဝမှာ ပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး အာဇာနည်ခေါင်းဆောင်အဖြစ် သတ်မှတ် ခံခဲ့ရသည်။

တိုင်းပြည်သည်လည်း ပြည်တွင်းစစ် မီးတို့ တောက်လောက်ခဲ့ရသည်။ မိခင်ဖြစ် သူမှာ အိန္ဒိယနှင့်နီပေါနိုင်ငံဆိုင်ရာ သံအ မတ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဒေါ် အောင်ဆန်းစုကြည်မှာ လူငယ်ဘဝတွင် ပြည်ပ၌ နေထိုင်ခဲ့ရပြီး အောက်စဖို့ဒ်တက္က သိုလ်တွင် နိုင်ငံရေးဘာသာရပ်ကို လေ့ လာသင်ကြားခဲ့ကာ နယူးယောက်၌ ကုလ သမဂ္ဂတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ်တွင် စစ်အစိုးရကိုဆန့်ကျင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်း ခဲ့ရာ အနောက်နိုင်ငံများ အာရုံစိုက်မှုကို ခံခဲ့ရသည်။ နောက်နှစ်ပေါင်း ၂၁ နှစ် အတွင်းတွင်တော့ ၁၅ နှစ်ကြာ နိုင်ငံရေးအကျဉ်းသားဖြစ်လာခဲ့သည်။ နေအိမ်အ ကျယ်ချုပ်ကျနေစဉ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲတွင်တောင် ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း စစ်အစိုး ရက အသိအမှတ်မပြုခဲ့ပေ။ ဒေါ်အောင် ဆန်းစုကြည်ကား ဆက်လက်ဆန့်ကျင် ရေးတိုက်ပွဲဝင်ခဲ့ကာ ၎င်းကို ကမ္ဘာကြီးနှင့် အဆက်ဖြတ်ခံထားရသော နေအိမ် အတွင်းမှနေ၍ ခြံစည်းရိုးကိုကျော်ကာ  ဒီမိုကရေစီအရေးမိန့်ခွန်းများကို ကမ္ဘာသို့ ပြောခဲ့သည်။ တစ်ခါတွင် ယာယီလွှတ် ပေးခဲ့သော်လည်း သေလုဆဲဆဲ ခင်ပွန်း ဖြစ်သူထံ သွားရောက်တွေ့ဆုံခဲ့ခြင်း မပြု ခဲ့ပေ။ အကြောင်းမှာ စစ်အစိုးရအနေဖြင့် ၎င်းအားနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် ခွင့်ပြုမည်မဟုတ်သည်ကို သိနေသော ကြောင့်ပင်။

၂၀၁၀ ခုနှစ်တွင် နေအိမ်အကျယ် ချုပ်မှ လွတ်လာသည့်အခါ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီရှင်သန်ရေးမှာ ဖြစ်လာနိုင် သည်ဟု မျှော်လင့်ချက်များ တိုးပွားလာခဲ့ သည်။ အိုဘားမားဆိုလျှင် ဒေါ်အောင် ဆန်းစုကြည်မှာ‘ကျွန်တော့်ရဲ့ သူရဲကောင်း တစ်ယောက်ပါ’ ဟု ပြောဖူးသည်။ ဗြိတိ သျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒင်ဘရောင်း ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် သည် ‘ကမ္ဘာ့အလေးစားရဆုံး၊ သတ္တိအ ရှိဆုံး နိုင်ငံရေးအကျဉ်းသား” ဟု ကင် ပွန်းတပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် ပေး အပ်ထားသော Congressional Gold Medal ဆုကို ပေးအပ်ချီးမြှင့်ပွဲလုပ်ကာ ဂုဏ်ပြုခဲ့သည်။ ဥရောပပါလီမန်ကလည်း ၎င်းအား Freedom of Thought ဆိုင်ရာ ချက်ကရော့ဗ်ဆု ပေးအပ်ခဲ့သည်။ ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရသော ငြိမ်း ချမ်းရေးနိုဘယ်လ်ဆုကို အော်စလိုတွင် တက်ယူပြီးနောက် မိန့်ခွန်းထဲတွင် လူ့အ ခွင့်အရေး ကြေညာစာတမ်းထဲမှာ သူ့အ ကြိုက်ဆုံး စာပိုဒ်ကို ဒေါ်အောင်ဆန်းစု ကြည်က ပြန်ရွတ်ပြခဲ့သည်။

‘နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ကျွန်မကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့် လိုက်တာဟာ ဗမာပြည်က ဖိနှိပ်ခံနေရသူ၊ ခွဲခြားခံထားရသူတွေဟာ ကမ္ဘာကြီးရဲ့ အ စိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို အ သိအမှတ်ပြုလိုက်တာပါပဲ။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုက ကျွန်မ နှလုံးသားတံခါး တစ်ချပ်ကို ဖွင့်လိုက်တာပါပဲ’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့သည်။

သတင်းကောင်းများကြားတွင် မြုပ် နေသော အကျည်းတန်သည့် အမှန်တရား ကရှိနေဆဲပင်။ ဆယ်စုနှစ်များစွာပင် အ ကြမ်းဖက်မှုများ၊ နေရာရွှေ့ပြောင်းနေထိုင်ရမှုများကြောင့် ရခိုင်ပြည်နယ်မှ မူစ လင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရ သည်။ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး ဇစ်မြစ်များကြောင့် ဘင်္ဂါလီများအပေါ် အ ကြမ်းဖက်မှုမှာ ခွဲခြားကြည့်ဖို့ ခက်ခဲသည်။ ဆွန်နီမူဆလင်များဖြစ်သော ဘင်္ဂါလီ များသည် ဗုဒ္ဓဘာသာအများစု နေထိုင် သော ရခိုင်ပြည်နယ်တွင် မျိုးဆက်ပေါင်း များစွာနေထိုင်ခဲ့ကြသည်။ အစိုးရက ဘင်္ဂါလီတစ်သန်းခန့်ကို နိုင်ငံသားဖြစ်ခွင့် ပေးခြင်းမရှိသကဲ့သို့ ၁၃၅ မျိုးသော တိုင်း ရင်းသားများထဲတွင် အပါအဝင်အဖြစ် လည်း အသိအမှတ်ပြုခြင်းမရှိပေ။ မြန် မာနိုင်ငံမှ လူတော်တော်များများကတော့ ဘင်္ဂါလီများမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ခိုး ဝင်လာသူများအဖြစ်သာ မြင်ကြသည်။ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲ ဆုံးသော ပြည်နယ်တစ်ခုဖြစ်သည်။ ဘင်္ဂါ လီများကို မဲပေးခွင့်မပြုခြင်း၊ အစိုးရခွင့် ပြုချက်မရှိဘဲ သွားလာခွင့်မပြုခြင်းစသော ခွဲခြားသောမူဝါဒများကြောင့် ဘင်္ဂါလီများ နှင့် ရခိုင်တိုင်းရင်းသားများအကြား တင်း မာမှုက နက်ရှိုင်းလာသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ကို တက်ရောက်လက်ခံခြင်းမပြုမီကာလ များကလည်း ဆိုးရွားပါသည်။ ဘင်္ဂါလီများ ကို နေရာရွှေ့ပြောင်းချထားရန် ရည်ရွယ် လျက် မူဆလင်ကျေးရွာများကို တိုက် ခိုက်ခြင်း၊ လူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းနှင့် အကူအညီပေးနေမှုများ ကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က ပြောဆိုခဲ့သည်။ Con-gressional Gold Medal ကို ဒေါ်အောင် ဆန်းစုကြည်တက်ရောက်လက်ခံသည့် အခါ တွင်လည်း ဘင်္ဂါလီထောင်ပေါင်းများစွာ ထွက်ပြေးကြ ပြန်သည်။ ထိုနှစ်နွေရာသီက ဥရောပတွင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားများ ဟုတ်ပါသလားဟု ဒေါ်အောင်ဆန်းစုကြည် ကို မေးမြန်းခဲ့ရာ ‘ကျွန်မမသိဘူး’ ဟု ပြန်ဖြေခဲ့သည်။
မှတ်ချက်များက အန္တရာယ်ကို သတိ ပေးနေသည်။

‘လူတွေက အံ့သြကုန်ကြတယ်’ ဟု အိုဘားမားအစိုးရလက်ထက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် တာဝန် ထမ်းဆောင်ခဲ့သူ ဒဲရစ်မစ်ချယ်က ပြော သည်။

“ပြည်ပက လူတွေကျေနပ်အောင် ရိုဟင်ဂျာကိစ္စကို မဖြေရှင်း မကိုင်တွယ်နိုင် ခဲ့ဘူး’ ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အမတ်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်း၌ ပထမဆုံးအကြိမ် လွတ် လပ်သော ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ သည်။ ပါတီအနေဖြင့်လည်း တောင်ပြို ကမ်းပြို အနိုင်ရခဲ့သည်။ ဝန်ကြီးချုပ်ရာထူး နှင့်ဆင်သော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟူသောရာထူးကို ဒေါ်အောင်ဆန်းစု ကြည်အတွက် ဖန်တီးခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ရရှိသော အာဏာမှာ အကန့်အသတ်နှင့် သာရှိနေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီမှာ လည်း မည်သူမျှဝန်မခံလိုသော အနေအ ထားအထိပင် ထိလွယ်ရှလွယ်ရှိနေသည်။ စစ်အစိုးရက ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကား တပ်မတော်ကို လွှတ်တော်အတွင်းတွင် ၂၅ ရာခိုင်နှုန်း နေရာပေးထားရသကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအ တွက်လည်း ဗီတိုအာဏာ အပ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း သား နှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်နေသော ကြောင့် သမ္မတဖြစ်ခွင့်မရှိပေ။ အကယ်၍ သမ္မတဖြစ်နိုင်သည်ဆိုလျှင်ပင် ပြည်ထဲ ရေး၊ နယ်စပ်ရေးနှင့် ကာကွယ်ရေးကဲ့သို့ သော အရေးပါသည့် ဝန်ကြီးဌာနများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက် ထဲတွင် ထည့်ထားရသည်။

‘NLD ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကတိကဝတ်က NLD သည်သာလျှင် တပ်မတော်ကို ရင်ဆိုင်နိုင် တဲ့ တစ်ခုတည်းသောပါတီဆိုတာပဲ’ ဟု မြန်မာနိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ ချယ်ရီဇဟူးက ပြောသည်။

‘သူတို့အနေနဲ့ အဲဒီ ကတိကဝတ်ကို ထိန်းသိမ်းရမယ်’ဟု ၎င်းကပြောသည်။

၂၀၁၆ ခုနှစ် မေလတွင် ထိုစဉ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံအနေဖြင့် ဘင်္ဂါလီပြဿနာကို ဖြေ ရှင်းရာတွင် ‘နေရာ’ လိုကြောင်းပြောခဲ့ သည်။ ထို့အပြင် တာဝန်ရှိသူများကိုလည်း ရိုဟင်ဂျာဆိုသော စကားလုံးကိုမသုံးရန် အကြံပေးခဲ့သည်။ ထိုစကားလုံးမသုံးခြင်း က သဟဇာတကျမှုကို အားပေးကြောင်း ကုလသမဂ္ဂကိုပြောဆိုခဲ့သည်။

‘ဗမာပြည်အပြင်ကလူတွေဟာ (ရို ဟင်ဂျာကိစ္စ)ရဲ့ ရှုပ်ထွေးမှုကို ကောင်း ကောင်းနားမလည်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်ကယူဆတယ်။ သူ ရှင်းပြဖို့ကြိုး စားတယ်။ ဒါပေမယ့် မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးမှာ သူကောင်းကောင်း မ လုပ်နိုင်သေးဘူး” ဟု မစ်ချယ်က ပြော သည်။

အိုဘားမား၏ အစိုးရကတော့ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြည် နယ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီမှုကို လက်ခံရန် တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိုဘား မားနှင့်သော်လည်းကောင်း၊ အစိုးရအကြီး တန်းအရာရှိများနှင့် သော်လည်းကောင်း တွေ့ဆုံသည့်အခါများတွင် လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး ကာကွယ်ရန်လိုအပ် သည်နှင့်ပတ်သက်၍ ‘ယေဘုယျအားဖြင့် ပြောသင့်တဲ့အရာတွေကိုပြောတယ်” ဟု အိုဘားမား၏ နိုင်ငံတော်လုံခြုံရေး လက် ထောက်အကြံပေး ဘင်ရုတ်ကပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က သည် လောက်သာ လုပ်နိုင်သည်ဟုဆိုကြောင်း ၎င်းကပြောသည်။

‘တကယ်လို့ အဲဒီဒေသမှာ နိုင်ငံတ ကာ အသိုင်းအဝိုင်းကို အများကြီးဝင်ခိုင်း ပြီး နေရာကျယ်ကျယ်ပေးလိုက်ရင် တပ်မ တော်အပေါ် အရပ်ဘက်က လွှမ်းမိုးဖို့ကြိုး စားနေတာကို ဖျက်ပစ်လိုက်သလို ဖြစ် သွားလိမ့်မယ်လို့ သူက အမြဲငြင်းပါတယ်။ ကျွန်တော်အနေနဲ့ အထူးသဖြင့် ကျွန် တော်တို့သံရုံးအနေနဲ့ အဲဒီကိစ္စကို အာရုံ စိုက်နေမှာပါ။ အဲဒီကိစ္စဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေလိုမျိုးကိစ္စတွေမှာ အများကြီး တိုး တက်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် ခွဲခြား ထားတဲ့နိုင်ငံရေး အခင်းအကျင်းမှာတော့ ကျွန်တော်တို့ဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ဆိုတာမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အပြောင်းအလဲမလုပ်နိုင် ခဲ့ပါဘူး’ လို့ ရုတ်ကပြောသည်။

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည်သည် ဘဲဥပုံရုံးခန်း၌ အိုဘားမား နှင့်တွေ့ဆုံခဲ့သည်။ အိုဘားမားသည် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးများနှင့် ပတ် သက်သည့် သတင်းစကား မြန်မာနိုင်ငံသို့ ရောက်ပြီဟု မျှော်လင့်လျက် နှစ်ပေါင်းနှစ် ဆယ်အကြာထားရှိခဲ့သော အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ သည်။

‘မြန်မာနိုင်ငံကို နိုင်ငံတကာ အ သိုက်အဝန်းဆီ ရောက်လာစေမယ့် ရင်းနှီး မြှုပ်နှံမှု အမျိုးအစားတွေကို ပိတ်ပင်ထား တာပဲ။ သူနဲ့ သူ့အစိုးရက ပိုပြီးတည်ငြိမ် နေပြီ၊ အားကောင်းတဲ့အနေအထား ရောက် နေပြီဆိုရင် ရိုဟင်ဂျာတွေကိုယ်စား စွန်းစားမှုတွေယူဖို့ နေရာကောင်းမှာ ရှိ လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည် တယ်’ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများက တော့ အခြေအနေတွေ ပိုဆိုးသွားဖို့သာ ရှိသည်ဟုဆိုကာ စိုးရိမ်နေကြသည်။

‘စစ်တပ်ဆီပေးတဲ့ သတင်းစကားက မင်းတို့အနေနဲ့ ဒီမိုကရေစီအကာအကွယ် ယူပြီး လွတ်အောင်လုပ်လို့ရတယ်၊ ဆက် ပြီး ထိန်းချုပ်ထားလို့ရတယ်၊ ဒေါ်အောင် ဆန်းစုကြည်ကိုသာ ရှေ့ကတင်ထားလိုက် တိုင်းရင်းသား အစုအဖွဲ့တွေအပေါ် ကျူး လွန်တာတွေကို ရပ်စရာမလိုဘူး၊ အရေး ယူ ပိတ်ဆို့မှုတွေဆိုတာလည်း ဖယ်ပြီး သွားပြီဆိုတာမျိုးပဲ’ ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ရို့သ်က ပြောသည်။

‘အိုဘားမားအစိုးရက အောင်ပွဲလို့ သတ်မှတ်တာမြန်လွန်းတယ်။ ဒီတော့ အ ခုဖြစ်တာတွေနဲ့ပတ်သက်ပြီး သူတို့အပြစ် လည်းမကင်းဘူး’ ဟု ၎င်းက ဆိုသည်။
ထရမ့်အစိုးရကတော့ ယခုကိစ္စတွင် သိပ်ဝင်မပါပေ။ အမေရိကန်နိုင်ငံတော်လုံခြုံ ရေးကောင်စီ(NSC)၏အဆိုအရ ထရမ့် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည် ကို တစ်ခါမျှ စကားမပြောခဲ့ပေ။ မြောက် ကိုရီးယားဆိုင်ရာမူဝါဒ အထူးကိုယ်စား လှယ်ဂျိုးဆက်ယွန်းသည်ပြီးခဲ့သည့် ဇူလိုင် က မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ တို့နှင့်တွေ့ဆုံခဲ့သည်။ သို့သော် သူ့ခရီးစဉ် က မြောက်ကိုရီးယားနှင့်အမေရိကန်၏ဆက် ဆံရေးကိုသာ ရည်ရွယ်ထားပြီး ဘင်္ဂါလီ ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာကိစ္စများနှင့် ပတ်သက်ခြင်းမရှိ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

မကြာသေးခင်က ဖြစ်သွားသော ဘင်္ဂါလီပြဿနာများသည်လည်း ထရမ့်ကို ဝင်ပါလာအောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကတော့ ဝါရှင်တန်တွင် ထရမ့် သည် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် နှင့်အဆိုပါကိစ္စအား ဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံအနေဖြင့် အဆိုပါပြဿနာကို ရပ် တန့်ရန်လိုကြောင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန်လိုကြောင်း သဘောတူခဲ့ကြ သည်ဟုဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာ ဆန်ကတော့ အစိုးရနှင့် တပ်မတော်အနေ ဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင် ရာ အကူအညီများပေးရေး ပူးပေါင်းပေး ရန် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း ခဲ့သည်။ နောက်နေ့တွင် နိုင်ငံခြားရေးဝန် ကြီးဌာနသည် ဘင်္ဂါလီများကို ကူညီရန်အ တွက် အမေရိကန်ဒေါ်လာ ၃၂ သန်း အကူအညီပေးသွားမည်ဟု ကြေညာခဲ့ သည်။ အရှေ့တောင်အာရှဆိုင်ရာ လက် ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီသည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်းကိုနားထောင်ရန် နေပြည်တော်သို့ သွားရောက်ခဲ့ကာ ရှေ့ဆုံးခုံမှထိုင်၍ နား ထောင်ခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် မြို့တော် စစ်တွေသို့သွား ရောက်ခဲ့သည်။ သို့သော် လုံခြုံရေးကြောင့်ဟုဆိုကာ ၎င်း အား ပြည်နယ်အစိုးရတာဝန်ရှိသူများက ပဋိပက္ခ ဖြစ်ပွားရာနေရာများသို့ သွားရောက်ခွင့်မပြုခဲ့ပေ။

မြန်မာနှင့်အမေရိကန်အကြား စစ်တပ်ချင်းဆက်ဆံမှုမှာ စတင်အခြေတည် နေပြီဖြစ်ကာ ရှေ့ဆက် အလားအလာ များရှိနေပြီး ရှေ့ဆက်တိုးမြှင့်လိုလျှင် အ ကြမ်းဖက်မှုများနှင့် နေရာရွှေ့ပြောင်း ချ ထားမှုများကို ရပ်ပစ်ဖို့လိုကြောင်း အမေရိကန်၊ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက တိုင်းမ်မဂ္ဂဇင်းသို့ပြောသည်။

‘ဘေးကင်းသွားတာနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိကဝတ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့လဲ စုံစမ်းစစ်ဆေး မှုတွေပြု လုပ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းပါတယ်’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဂျပ်စတင်ဟစ်ဂင်စ်ကပြောသည်။

ကွန်ဂရက်တွင်တော့ တုံ့ပြန်မှုက အမျိုးမျိုးရှိနေသည်။ ဒေါ်အောင်ဆန်းစု ကြည် ဆယ်စုနှစ်များစွာ အားပေးထောက် ခံခဲ့သော မစ်ချ်မက်ကော်နဲလ်ကတော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမပြောမီ အရင်အပတ်က သူမအနေဖြင့် ရှေ့ထွက် စကားပြောရန်တောင်းဆိုခဲ့သည်။ ထို့ နောက် လွှတ်တော်တွင် ဒေါ်အောင်ဆန်းစု ကြည်ကိုကာကွယ်ပေးခဲ့သည်။

‘သူဟာ အရင်တုန်းက ဒေါ်အောင် ဆန်းစုကြည်ပါပဲ။ အခြေအနေတွေ တိုး တက်အောင် ကြိုးစားနေတယ်’ ဟု ၎င်း ကပြောသည်။
အရီဇိုးနားပြည်နယ်မှ ဂျွန်မက်ကိန်း ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ လူ့အခွင့်အရေးကောင်စီကို ဝင်ခွင့်ပြုရန် ငြင်းပယ်ခဲ့သည့်ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သည်။ မက်ကိန်းနှင့် အခြား ဆီးနိတ်အမတ်များကတော့မြန်မာ့ တပ်မတော်နှင့် အမေရိကန်စစ်တပ်တို့အ ကြား စစ်တပ်ချင်းဆက်ဆံမှုကို တိုးမြှင့် ပေးမည့် နိုင်ငံတော်ကာကွယ်ရေး အာ ဏာပိုင် အက်ဥပဒေကို ထောက်ပြပြော ဆိုခဲ့သည်။ ၂၀၁၂ ခုနှစ်က ဒေါ်အောင် ဆန်းစုကြည်ကို Congressional Gold Medal ပေးပွဲတွင် ပါဝင်ခဲ့သော ကယ်လီ ဖိုးနီးယားမှာ ဆီးနိတ်အမတ် ဒီယန်းဖိန်း စတိန်းကတော့ ကွန်ဂရက်အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်အစိုးရ၊ တပ်မတော် တို့နှင့် ဆက်ဆံမှုကို ပြန်လည်သုံးသပ်စေ လိုသည်။

‘အနည်းဆုံးတော့ ဒီလူမျိုးသုဉ်း သတ်ဖြတ်မှုကို ဦးဆောင်စီမံနေတဲ့ ခေါင်း ဆောင်တွေကို အရေးယူပိတ်ဆို့တာတွေ လုပ်သင့်တယ်။ စစ်တပ်ချင်း ဆက်ဆံတာ တွေရပ်သင့်တယ်။ ကုန်သွယ်ခွင့် အကျိုး ပေးထားတာတွေကို ရပ်ပစ်သင့်တယ်’ ဟု ၎င်းက တိုင်းမ်မဂ္ဂဇင်းကိုပြောသည်။

ဤအကူး အပြောင်းကာလတွင် တပ်မတော်ကို စီမံခန့်ခွဲခြင်းက အရေးပါ နေကြောင်း မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်း ချုပ် ကာဒီနယ်ချားလ်စ်မောင်ဘိုက ပြော သည်။

‘ဒေါ်အောင်ဆန်းစုကြည်က ကြိုး တန်းပေါ်လမ်းလျှောက်နေရတာ။ အမှောင် စွမ်းအားတွေက စစ်အုပ်ချုပ်ရေးဆီကို ပြန် သွားအောင်တွန်းပို့နေတယ်’ ဟု ၎င်းက ပြောသည်။

စက်တင်ဘာလလယ်က ကျင်းပခဲ့ သော ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင်ကား ဘင်္ဂါလီများကို ကူညီရေးကအ များဆုံးဆွေးနွေးသည့် အကြောင်းအရာ ဖြစ်နေခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမှသည် အမေရိကန် ဒုတိယ သမ္မတမိုက်ပန့်မှ၊ ဥရောပ၊ အာရှဝန်ကြီး များအထိ အသီးသီးသော ကမ္ဘာ့ခေါင်း ဆောင်များသည် ဆွေးနွေးပွဲများ၊ မိန့်ခွန်း များတွင် ထိုအကြောင်းကို ဆွေးနွေးခဲ့ကြ သည်။ ထရမ့်ကတော့ သူ့မိန့်ခွန်းထဲတွင် မြန်မာနိုင်ငံ အကြောင်းကိုသော်လည်း ကောင်း၊ ဘင်္ဂါလီပြဿနာကိုသော်လည်း ကောင်း တစ်ခွန်းမဟခဲ့ပေ။

မြန်မာနိုင်ငံတွင်တော့ ဒေါ်အောင် ဆန်းစုကြည်က ကမ္ဘာကြီးအနေဖြင့် အ ခြားရှုထောင့်မှ ရှုမြင်စေလိုနေသည်။ မြန် မာနိုင်ငံ၏ ဒီမိုကရေစီက နုနယ်သေး ကြောင်း၊ အစိုးရအနေဖြင့် အာဏာရပြီး တိုတောင်းသော ၁၈ လတာအတွင်း ပြ ဿနာတွေ၊ စိန်ခေါ်မှုတွေ အားလုံးကို ကျော်လွှားအောင် ဆောင်ရွက်နိုင်လိမ့်မည် ဟု ကမ္ဘာကြီးက မမျှော်လင့်သင့်ကြောင်း ပြောဆိုခဲ့သည်။ လူ့အခွင့်အရေး အဖွဲ့ အစည်းများ ပြောဆိုသကဲ့သို့ မဟုတ်ဘဲ ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအား လုံး ‘ခွဲခြားဆက်ဆံမှုမရှိဘဲ’ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ပညာသင်ကြားခွင့်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ ရခိုင်ပြည်နယ်သို့ လာရောက်လေ့လာ ကြရန် နိုင်ငံတကာသံတမန်များကို သူက ဖိတ်ခေါ်ခဲ့သည်။ သို့သော် ပြဿနာ များဖြစ်သော်လည်း ထွက်ပြေးခြင်းမပြု သည့် မွတ်ဆလင်များနေထိုင်ရာ နေရာ များသို့သာဖြစ်သည်။ ထိုသို့ သွားရောက် မေးမြန်းမှ နိုင်ငံတကာအသိုင်းအဝိုင်းအ နေဖြင့် လူအများစုသည် ‘ဘာကြောင့် ရွာမှာပဲဆက်ပြီးနေ ထိုင်ဖို့ဆုံးဖြတ်ခဲ့ကြ သလဲ’ ဆိုတာကို သိနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မ ပြောမီတွင် ၎င်းအား ထောက်ခံသူများ သည်ထောက်ခံကြောင်း စာသားများရေး ထားသည့် ဆိုင်းဘုတ်များကိုင်ကာ မြို့ ကြီးများတွင် စုဝေးခဲ့ကြသည်။

‘သူက ကျွန်တော်တို့ရဲ့စံပြပဲ။ ခေါင်း ဆောင်ပဲ။ သူ့ရဲ့တန်ဖိုးတွေကြောင့် ကျွန် တော်တို့ သူ့ကိုချစ်တယ်။ တချို့လူတွေက ပြောတယ်။ သူကလက်တွေ့ကျကျ လုပ် နေတာတယ်။ ဒါပေမယ့် ဘာကြောင့်ဒီ လိုလုပ်နေရသလဲဆိုတာ ကျွန်တော်မသိ ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ချစ်မင်းလေးက ပြောသည်။

နောင်နှစ်လအကြာတွင် စာရိတ္တ ခေါင်းဆောင်သစ်တစ်ဦးသည် ဘင်္ဂါလီများ ကိစ္စနှင့်ပတ်သက်၍ ကမ္ဘာကြီး၏ အာရုံ စိုက်မှုကို ဆွဲဆောင်ဦးမည်ဖြစ်သည်။ ပုပ် ရဟန်းမင်းကြီး ဖရန်ဆစ်သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး ထိုနောက်တွင် ဘင်္ဂါလားဒေ့ရှ် သို့ သွားရောက်မည်ဖြစ်သည်။ ဗာတီကန် သည် လွန်ခဲ့သည့် လေးလလောက်ကမှ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး စ တင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် မတူသည်ကတော့ ပုပ်ရဟန်း မင်းကြီးသည် ဘင်္ဂါလီများကို နာမည်ခေါ်၍ ကာကွယ်နေခြင်းဖြစ်သည်။ သူ့ခရီးစဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ မျှော် လင့်ချက်များကား စိန်ခေါ်မှုများနည်းတူ မြင့်မားလျက်ရှိသည်။

‘ပုပ်ရဟန်းမင်းကြီးအနေနဲ့ အမုန်းတ ရားတွေ ဖန်တီးတာမျိုးမဟုတ်ဘဲ ပျောက် ကင်းစေမယ့် အနေအထားမျိုးနဲ့ မြန်မာ နိုင်ငံက ပြည်သူတွေရဲ့ ပြဿနာများစွာကို ပြောဆိုလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်။ ဒီမှာတချို့တွေက ငြိမ်းချမ်း နေတာကို မမြင်ချင်ကြတာရှိတော့ ဒါက လည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ’ ဟု ချားလစ် မောင်ဘိုက ပြောသည်။

ယခုကာလတစ်လျှောက် ဘင်္ဂါလီ များ ဒုက္ခရောက်ရသည်။ ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာလ ၅ ရက်နေ့က တည်းက နယ်မြေရှင်းလင်းရေးများမရှိ တော့ကြောင်း ပြောဆိုခဲ့သော်လည်း လူ့ အခွင့်အရေး အဖွဲ့အစည်းများကတော့ ရခိုင်ပြည်နယ်တွင် တပ်မတော်က စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ် ကြောင်းပြောဆိုကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ ပြီးခဲ့သည့်လက ရောက်လာ ခဲ့သော ဒုက္ခသည် ငါးသိန်းခန့်နေထိုင်ရန် အတွက် ယာယီတဲစခန်းပေါင်း ၁၄၀၀၀ ခန့် ဆောက်လုပ်ရန် စီစဉ်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသ မဂ္ဂဋ္ဌာနေကိုယ်စားလှယ် ရောဘတ်ဝက် ကင်စ်ကတော့ မြန်မာနိုင်ငံအတွင်းတွင် နတ်မြစ်ကို ဖြတ်ရန်အတွက် စောင့်ဆိုင်း နေသူ လူပေါင်းတစ်သိန်းခန့် ရှိနေနိုင် ကြောင်းခန့်မှန်းသည်။

‘သူတို့ပြောတာတွေ အားလုံးက တစ်ပုံစံတည်းပဲ။ သူတို့ရွာတွေ မီးရှို့ခံရ တယ်။ အဓမ္မကျင့်ခံရတယ်။ မိသားစုဝင် တွေ အသတ်ခံရတယ်ဆိုတာတွေပါ။ ဝမ်း နည်းစရာက ဘယ်မိသားစုရဲ့ ဒုက္ခကမှ တခြားမိသားစုရဲ့ ဒုက္ခထက် ပိုမကြီးတာ ပါပဲ’ ဟု ၎င်းကပြောသည်။ ။

Source: Will the Rohingya Exodus Be Aung San Suu Kyi’s Fall From Grace? By Elizabeth Dias/ Time

 

Written by – မင်းသူအောင်

Leave a Reply