ကယ်လီဖိုးနီးယား မတ် ၃၁

Apple ကုမ္ပဏီအနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ထုတ်လုပ်မယ်လို့ ကြေညာထားခဲ့တဲ့ ကြိုးမဲ့အားသွင်းချက်ချာတွေကို ထုတ်လုပ်တော့မှာမဟုတ်တော့ဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ Apple ကုမ္ပဏီဘက်က Hardwareအင်ဂျင်နီယာဌာနရဲ့ အကြီးအကဲ ဒန်ရိုင်စီရိုက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအထိ ထုတ်ကုန်ကို မမြှင့်တင်နိုင်သေးတာကြောင့် AirPower Chargerထုတ်လုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ပြောထားပါတယ်။

ဒီပျက်ကွက်မှုအတွက် Appleအားပေးသူတွေကို တောင်းပန်ထားပြီး အနာဂတ်မှာတော့ ဝါယာမဲ့စနစ်နဲ့ ထုတ်ကုန်အသစ်တွေက စောင့်ကြိုနေမှာဖြစ်တယ်။ ဒီလိုဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်လို့ ဒန်က ပြောပါတယ်။

Appleဟာ Samsaung နဲ့ ဟွာဝေးတို့က အန်းဒရိုက်စနစ်သုံး ကြိုးမဲ့အားသွင်းစနစ်ကို မိတ်ဆက်ပေးခဲ့တဲ့ ၂၀၁၇ ခုနှစ် အစပိုင်းမှာပဲ AirPower Chargerကို ထုတ်လုပ်တော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ကြေညာပြီး ၂နှစ်ခန့်အကြာမှာ ရပ်ဆိုင်းလိုက်တာဟာ Appleကုမ္ပဏီအတွက် ပထမဆုံးသော ဆုံးရှုံးမှုလည်း ဖြစ်ပါသေးတယ်။

AirPower Chargerထုတ်လုပ်ဖို့ကို ရပ်ဆိုင်းလိုက်ရပေမဲ့ Apple ရဲ့အဓိက ထုတ်ကုန်တွေဖြစ်တဲ့ iphone series တွေကိုတော့ ၂၀၁၇ ခုနှစ်ကတည်းကနေ တစ်နှစ်မော်ဒယ်လ်တစ်မျိုး အဆင့်မြှင့်ထုတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အရည်သွေးမြင့် အိုင်အိုအက်စ်ဖုန်းတွေကို Apple တံဆိပ်အောက်ကနေ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ စီအီးအို တင်ကွတ်ကပြောပါတယ်။

AirPower Chargerကို iPhone Xနဲ့ iPhone 8တို့ရဲ့မိတ်ဆက်ရင်း၂၀၁၈ခုနှစ်မှာထုတ်မှာဖြစ်တယ်လို့ စီအီးအို တင်ကွတ်ကိုယ်တိုင်ပြောခဲ့တာပါ။ ဒါပေမဲ့ ထုတ်လုပ်မှုဟာ ၂၀၁၉ခုနှစ်အထိဖြစ်မလာခဲ့ပါဘူး။ Apple အသုံးပြုသူတွေကတော့ Appleကနေ ထုတ်လုပ်လာမဲ့ ကြိုးမဲ့စနစ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှော်လင့်နေဆဲပဲလို့ သိရပါတယ်။

AirPower Chargerနဲ့ပတ်သတ်တဲ့ကြေညာချက်ကြောင့် Apple ရှယ်ယာတစ်ချို့ ဈေးခဏတန့်သွားခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ပုံမှန်အခြေနေ ပြန်ဖြစ်ခဲ့ပါတယ်။

CNBC

Leave a Reply