Advertisements

မန်ယူအသင်းရဲ့နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားခွင့်လိုင်စင်ဟာ ပယ်ချခံခဲ့ရတယ်လို့ သတင်းများက သိရပါတယ်။

ဖာဒီနန်ဟာ သူဝါသနာပါတဲ့ လက်ဝှေ့သမားဘဝကို ကူးပြောင်းဖို့အတွက် လိုင်စင်လျှောက်ထားခဲ့တာဖြစ်ပြီး ဗြိတိန်လက်ဝှေ့အဖွဲ့အစည်း (BBBofC)က ငြင်းဆန်ကာ ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်လက်ဝှေ့ အဖွဲ့အစည်း(BBBofC)က ဖာဒီနန်လက်ဝှေ့လိုင်စင်နဲ့ ပတ်သတ် ပြီး ဘယ်သူ့အတွက်မှ အကျိုးအမြတ်ရရှိစေနိုင်မှာ မဟုတ်တဲ့ အတွက် လက်ဝှေ့ထိုးသတ် ခွင့်လိုင်စင်ကို ခွင့်မပြုခဲ့တာပါလို့ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ဖာဒီနန်ရဲ့ လက်ဝှေ့သမားဖြစ်လာရေး မျှော်လင့်ချက်ဟာ အဆုံးသတ်ခဲ့ရပြီး ဗြိတိန်မီဒီယာအချို့နဲ့ပရိသတ်တွေက ဖာဒီနန်ကို လက်ဝှေ့သမားဘဝကနေ ရှုံးပွဲမရှိစံချိန်နဲ့ အနားယူ ခဲ့ရတယ်လို့ ကျီစယ်ခဲ့ကြသလို၊ လက်ဝှေ့လောကမှာ ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော် လက်ဝှေ့သမား ဖလွိုက်မေဝယ်လ်သာ၊ ကယ်ဇာဂီ တို့နဲ့လည်း ခိုင်းနှိုင်းကာ နောက်ပြောင်ခဲ့ကြပါတယ်။

အသက် (၃၉) နှစ် အရွယ်ရှိ ရီယိုဖာဒီနန်ဟာ ၂၀၁၅ ခုနှစ်မှာ ဘောလုံးကစားခြင်း ကနေ အနားယူခဲ့ပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား လောကကိုဝင်ရောက်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက WBC စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ရီချီဝုဒ်ဟောလ်အကူအညီနဲ့ အပြင်းအထန် လေ့ကျင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply