အနုပညာနဲ့ပတ်သက်လာရင် ဘာမဆိုမြတ်နိုးတယ်ဆိုတဲ့ အဆို တော်ပိုပိုကအနုပညာလှုပ်ရှားမှု အသစ်တစ်ခုဖြစ်တဲ့သူမပါဝင်သ ရုပ်ဆောင်ထားတဲ့“ကြောက်… ကြောက်… ကြောက်”ဇာတ်ကား ကြီးကမကြာခင်ရုံတင်ပြသတော့ မယ်လို့သိရပါတယ်။ အဆိုပါဇာတ်ကားနဲ့ပတ်သက်ပြီး သူမရဲ့ရင်ခုန် စိတ်လှုပ်ရှားမှုတွေကိုလည်းအခုလို ပဲပြောပြခဲ့ပါတယ်။

 “ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော်တော်တော့ရင် ခုန်မိပါတယ်။ ပထမဦးဆုံးပွဲဦး ထွက်ရုပ်ရှင်ဖြစ်တဲ့အပြင် သရဲ ကားလည်းဖြစ်တယ်။ ပြီးတော့ ကိုယ်သရုပ်ဆောင်ထားတာတွေ ကြည့်ပြီးရယ်လည်းရယ်ရတယ်။ ပရိသတ်လည်း ကြောက်မယ်လို့ထင်ပါတယ်။ ပိုပို ပါလို့ပြောတာတော့မဟုတ်ပါဘူး။ ကြောက်လည်းကြောက်စရာကောင်း တယ်၊ ဟာသလေးလဲပါတယ်။

ပို ပိုဆိုလို့ရှိရင်မနန်းခင်ဇေယျာသရဲ လိုသရုပ်ဆောင်တဲ့အခန်းကို အ ရမ်းကြောက်တယ်။ ကြောက်လို့ သူ့အနားတောင်မကပ်ရဲဘူး။ မေ မြို့တောကြီးထဲမှာရိုက်ကြတာ၊ မ နန်းခင်ကိုကြောက်လို့ သူ့အနား မှာတောင်မနေဘူး။ ပိုပိုအကြိုက် ဆုံးအခန်းကတော့နောက်ဆုံးအ ခန်းပါ ကိုယ်ကိုယ်တိုင်သရဲဖြစ်သွား တဲ့အခန်းပါ။ အဲ့ဒီအခန်းကိုသရုပ် ဆောင်နေတုန်း ခံစားမိတဲ့ခံစား ချက်ကသိပ်ကြောက်စရာကောင်း တယ်။ တကယ်လို့သာလူတွေကကု သိုလ်ကောင်းမှုမလုပ်ခဲ့ဘူးဆိုရင် တကယ်တမ်းရုတ်တရက်ဆုံးပါး သွားရင် မကျွတ်မလွတ်တဲ့ဘဝကြီး နဲ့အမြဲနေသွားရမှာ၊ အဲ့ဘဝကြီးက အရမ်းကြောက်စရာကောင်း တယ်””လို့ပြောပြခဲ့ပါတယ်။

 အဆိုပါ ဇာတ်ကားရိုက်ကူးခဲ့စဉ်တုန်းက အမှတ်တရတွေနဲ့ပတ်သက်ပြီး တော့လည်း ““ကိုနေတိုးကပိုပိုတို့ ကိုမိတ်ကပ်လိမ်းပေးတုန်းက သ ချႋုင်းရဲ့သရဏဂုံတင်တဲ့နေရာမှာ မိတ်ကပ်လိမ်းရတယ်။ ပြီးတော့ နာနတ်ခင်းတွေကြားထဲမှာကိုယ်က ပထမဦးဆုံးနေ့ရိုက်ရတာဆိုတော့ ဂါဝန်ကြီးကတစ်ဘက်၊ နာနတ်ခင်း မှာဆူးတွေနဲ့ထိရှမိပြီးသွေးတွေက ထွက်၊ နောက်ဆုံးအမှတ်တရတစ် ခုကတော့အသက်အန္တရာယ်နဲ့နီး စပ်တယ်။ ပိုပိုနဲ့ကိုကျော်နဲ့ကဆိုင် ကယ်စီးပြီးတော့တွေ့ကြတဲ့အခန်း မှာပိုပိုရဲ့အကျႌကဆိုင်ကယ်ဘီးထဲ ဝင်သွားတာ၊ ရိုက်ရတဲ့ရိုက်ကွင်းက ညဘက်ကြီးတွေရိုက်ရတာဆိုတော့ ကိုယ်လည်းကြောက်ပြီးပဌာန်းတွေ ရွတ်တယ်၊ ဘုရားစာတွေရွတ် တယ်။

ဆိုင်ကယ်သာအရှိန်ပြင်း ပြင်းနဲ့မောင်းမယ်ဆိုပိုပိုကြီးကြီးမား မား Accident တစ်ခုခုဖြစ်သွား မှာပါ””လို့ပြောပြခဲ့ပါတယ်။ လက်ရှိ သူမရဲ့လတ်တလောအနုပညာလှုပ် ရှားမှုနဲ့ပတ်သက်ပြီးတော့လည်း ““လက်ရှိမှာတော့ပိုပိုကဗျာစာအုပ် လုပ်နေပါတယ်။ ကိုယ်ပိုင်လုပ် နိုင်ငံတော်ဆိုတဲ့ကဗျာစာအုပ်လေး လုပ်နေပါတယ်။ ပြီးတော့တတိယ Single အခွေလည်းလုပ်နေပါတယ်။ ကိုနေတိုး၊ ဝတ်မှုံရွှေရည်၊ အောင် လေး၊ ကိုခင်လှိုင်နဲ့ပိုပိုကိုယ်တိုင် ပါဝင်ရိုက်ကူးထားပါတယ်””လို့ဖွင့် ဟခဲ့ပါတယ်။

Written by – မွန်မြတ်အောင်

Photo : Credit

Leave a Reply