ကြံများကို အမဲလိုက်သူသုံးဦးအား ခြင်္သေ့ ခြောက်ကောင်က သတ်စား

တောင်အာဖရိကရှိ ကြိုးဝိုင်းတစ်ခုတွင် ကြံအုပ်ကို တရားမဝင် အမဲလိုက်သည့် အဖွဲ့ကို ခြင်္သေ့များက တိုက်ခိုက် သတ်ဖြတ်စားသောက်ခဲ့ကြောင်းသိရသည်။

ဦးခေါင်းပြတ်တစ်ခုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ခြေထောက်များကို အခင်းဖြစ်ပွားသည့်နေရာတွင် တွေ့ရှိခဲ့ရသည်။
ရဲများအထဲသို့ ဝင်ရောက်ကာ ခြင်္သေ့ကိုက်ခံခဲ့ရသည့် လူများ၏ အစိတ်အပိုင်းများကို ရှာဖွနိုင်ရန်အတွက် တိရစ္ဆာန်ဆရာဝန်များက ခြင်္သေ့များကို မေ့ဆေးပေးခဲ့ရသည်။

“ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို ရှာတွေ့ထားပါပြီး ဖိနပ်အလွတ် သုံးရံကိုလည်း ရှာတွေ့ထားတဲ့အတွက် ခြင်္သေ့တွေက သူတို့ သုံးယောက်လုံးကို စားလိုက်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ခြုံထူတဲ့အတွက် နောက်ထပ် တခြားဖြစ်နိုင်ချေတွေ ရှိနေနိုင်ပါသေးတယ်။ သူတို့မှာ ရိုင်ဖယ်သေနတ်တွေ၊ ပုဆိန်တွေနဲ့ လက်နက်ကိရိယာ အစုံအလင်ပါပါတယ်။ သူတို့မှာ စားစရာ ရိက္ခာလည်း လုံလုံလောက်လောက် ပါတာကိုလည်း တွေ့ရတဲ့အတွက် ကျွန်တော်တို့ မွေးထားတဲ့ ကြံ့တွေကို အမဲလိုက်ဖို့ လာတယ်လို့ ယူဆရပါတယ်” ဟု ပိုင်ရှင်ဖြစ်သူ ဖောက်စ်က ပြောသည်။

“သူတို့က ကြံ့တေါကို သတ်ပြီး ကြံချိုဖြတ်ယူဖို့ လာတယ်ဆိုတာ ရှင်ပါတယ်။ ဒါပေမယ့် ခြင်္သေ့တွေက ကျွန်တော်တို့ရဲ့ အစောင့်အရှောက်တွေပါ။ သူတို့ လမ်းမှားသွားပြီး ခြင်္သေ့စာဖြစ်သွားခဲ့ရပါတယ်။ ဒီလို အသက်တွေ ဆုံးရှုံးရတာကို ဝမ်းနည်းပေမယ့် ဒီတရားမဝင် အမဲလိုက်သူတွေဟာ ကျွန်တော်တို့ရဲ့ တိရစ္ဆာန်တွေကို သတ်ဖို့ လာတာပါ။ ဒီအဖြစ်အပျက်ဟာ အမဲလိုက်သူတိုင်းဟာ အမြဲတမ်း အမဲလိုက်သူမဖြစ်ဘဲ သားကောင်ဖြစ်တတ်တယ်ဆိုတာကို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အပတ် အင်္ဂါနေ့ ညနေပိုင်းက ထိုခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဝန်ထမ်းများကတော့ ဗုဒ္ဓဟူးနေ့ရောက်သည့်အခါတွင်မှာ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ယခုတွေ့ရှိခဲ့ရသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ခြင်္သေ့စခန်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
၂၀၁၆ ခုနှစ်ကလည်း ထိုကြိုးဝိုင်းထိန်းသိမ်းရေးတောအတွင်း တရားမဝင်အမဲလိုက်သူများက ခိုးဝင်အမဲလိုက်သဖြင့် ကြံ့သုံးကောင် သေဆုံးခဲ့ရသေးသည်။

ယခုနှစ်တွင်လည်း အရှေ့ပိုင်းအငူ ထိန်းသိမ်းရေးစခန်းတွင် တရားမဝင်အမဲလိုက်သူများက ကြံ့ကိုးကောင်ကိ သတ်သွားသေးသည်။

Source: Mirror

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်