ကြွက်တက်ခြင်း

 အလုပ်ကြမ်းများလုပ်သောသူများ  (သို့မဟုတ်)  ကြွက်သားကိုအပြင်းအထန် အသုံးပြုလှုပ်ရှားရသော အလုပ်များတွင် ကြွက်သားဒဏ်ဖြစ်ခြင်းကြောင့်ကြွက်သားများဆက်ခါဆက်ခါကျုံ့ခြင်းဟုခေါ်သော ကြွက်တက်ခြင်းကိုဖြစ်စေသည်။

    အလေ့အကျင့်မရှိသော အားကစားသမားများနှင့် အချိန်ကြာစွာ မတ်တပ်ရပ်ရသောသူများတွင်လည်း ဖြစ်တတ်သည်။ ကြွက်တက်ခြင်းသည်ခန္ဓာကိုယ်၏ပုံမှန်တုံ့ပြန်သောဇီဝကမ္မဖြစ်စဉ်ဖြစ်သည်။ကြွက်သား၏သဘောသဘာဝအရအမြင့်ဆုံးသောကြွက်
သားကျုံ့ခြင်းရှိသည်။ထိုသို့ကျုံ့နိုင်ခြင်းတွင်လည်း အချိန်ကာလတစ်ခုရှိသည်။

ထိုအခြေအနေထက်ကျော်လွန်စွာဖြစ်သောအခါတွင် ကြွက်သားများသည်ဆက်တိုက်တုန်၍ ကြွက်တက်ခြင်းကိုဖြစ်ပေါ်စေသည်။ ကြွက်တက်ခြင်းသည်အရိုးကြွက်သားများတွင်ဖြစ်ပေါ်သည်။ ထိုကြွက်သားတွင် တုံ့ပြန်နိုင်သောအာရုံခံကြော(motor neurone)နှင့်သိမှုထိမှုကိုအာရုံခံနိုင်သောအာရုံခံကြော ( sensory neurone) ပါရှိသည်။ အခြားသောကြွက်သားများတွင်တုံ့ပြန်နိုင်သောအာရုံခံကြောမပါရှိသောကြောင့် ကြွက်တက်ခြင်းကိုသိသာစွာမသိရှိခြင်းဖြစ်သည်။

    သို့သော် နှလုံးကြွက်သားများ ထိုသို့ဖြစ်လျှင်နှလုံးခုန်နှုန်း မူမမှန်ဖြစ်ကာ အန္တရာယ်ရှိသည်။  ကြွက်သားများကျုံ့ခြင်း၊ ဆန့်ခြင်း (muscle contraction and relaxation) တွင် ကယ်လစီယမ်နှင့်  ပိုတက်ဆီယမ် (Calciumand Potassium) တို့သည်အရေးပါ
သည်။
ထိုဓာတ်များနည်းခြင်းများခြင်းသည် ခန္ဓာကိုယ်တွင်ကြွက်သားများပျော့ပျောင်းခြင်း၊ ကြွက်သားများမာတောင့်ခြင်းတို့ဖြစ်စေသည်။ ကယ်လဆီယမ်ဓာတ်နည်းသောသူများသည် ကြွက်သားများတုန်ခါမှုတွင်ကြွက်သားပျော့လျော့မှုမရှိသောအခါတွင် ဆက်
တိုက်တုန်ခါမှုဖြစ်ကာကြွက်တက်ခြင်းဖြစ်စေသည်။ ထိုသို့သောအခြေအနေကိုကြွက်သားများအားနည်းခြင်း သို့မဟုတ် မောပန်းခြင်း (musclefatigue)ဟုခေါ်သည်။

    ကြွက်တက်ခြင်းသည် တစ်ခါတစ်ရံအာရုံကြောထိန်းချုပ်မှုကြောင့်ဖြစ်စေသည်။လေဖြတ်သောလူနာများတွင် ကြွက်သားများတောင့်တင်းခြင်းကိုဖြစ်စေသည်။ တစ်ခါတစ်ရံတွင် ထိန်းချုပ်မှုမရသော အလိုလိုတုန်ခါမှုများကိုတွေ့ရသည်။

   ကြွက်တက်ခြင်းသည် ပြင်းထန်သောကြွက်သားလှုပ်ရှားမှုကြောင့်ဖြစ်သည်ဟုဆိုခဲ့သည်။ ထိုသို့သောဖြစ်ပေါ်မှုများသည် တချို့သောအခြေအနေများတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ ရေကူးသမားသည် ရေကူးနေစဉ်ကြွက်တက်သောကြောင့် ရေနစ်သေဆုံးတတ်ကြသည်။ ဘောလုံးသမားများသည်ဘောလုံးကစားနေစဉ်အတွင်းနှလုံးကြွက်သားတုန်ခါကာ အသက်သေဆုံးတတ်ကြသည်။ မေးခိုင်ရောဂါခံစားနေရသောသူများတွင် အသက်ရှူကြွက်သားများဆက်တိုက်တုန်ခါကာ အသက်သေဆုံးကြ
သည်။

     ကြွက်တက်ခြင်းကို ကျွန်တော်တို့ ကာကွယ်နိုင်ပါသည်။ ကယ်လစီယမ်ကြွယ်ဝသောအစာအာဟာရများကိုစားသုံးခြင်း၊ ကြွက်တက်မှုမဖြစ်အောင် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းနှင့်ပြင်းထန်သောအလုပ်များတွင်အားကိုလိုသလောက်သာအသုံးပြု
ခြင်းတို့ဖြင့်ကာကွယ်နိုင်သည်။   ကြွက်တက်ခြင်းသည် ကလေးလူကြီးအမျိုးသားအမျိုးသမီးမရွေးဖြစ်စေနိုင်သည်။

      ထို့ကြောင့် မိတ်ဆွေများအနေဖြင့် ပုံမှန်နေ့စဉ်ဘဝတွင် ရှင်သန်နေထိုင်ရင်းကြွက်တက်ခြင်းကို သတိပြုသင့်သည်။

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.