ကွတ်ခိုင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ Photo-Than Naing

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖလုံးကျေးရွာအနီး ကလေးငယ်လေးဦး လက်နက်ကြီး ကျည် ထိမှန်ပြီးနောက် ဆေးရုံသို့ရောက်ရှိလာကြောင်း ယင်းဆေးရုံးမှ တာဝန်ကျ သူနာပြုတစ်ဦးက ပြောကြားသည်။

ယမန်နေ့ည ၁၀ နာရီဝန်းကျင်က နမ့်ဖလုံးကျေးရွာအနီးသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကလေးငယ်လေးဦး နှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုမနက် ၁၁ နာရီလောက်က ရောက်လာတယ်။ အားလုံးပေါင်းငါးယောက်။ တာဝန်ခံဆရာဝန်က မလာသေးဘူး။ ကျွန်မတို့လည်း အလုပ်နေလို့နောက်မှ ပြန်ဆက်မေးပါ” ဟုအဆိုပါ သူနာပြုက ဆိုသည်။

အဆိုပါ ကွတ်ခိုင်မြို့နယ်သည် လက်နက်ကိုင်အဖွဲ့များ အခြေပြုလှုပ်ရှားရာ နယ်မြေဖြစ်ပြီး တပ်မတော် နှင့်လည်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ယင်းကြောင့် လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဟု ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများကဆိုသည်။

ကွတ်ခိုင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ Photo-Than Naing
ကွတ်ခိုင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ Photo-Than Naing

Leave a Reply