ကွမ်းစားသုံးမှုနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများအားလျော့နည်းကျဆင်းပပျောက်ရေးအတွက် ကော်မတီဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Koun

ကွမ်းစားသုံးမှုနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများအားလျော့နည်းကျဆင်းပပျောက်ရေးကော်မတီကိုဇွန်လ ၁၄ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ မေလ ၉ ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်အရဖွဲ့စည်းခဲ့ကြောင်းလူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းကပြောကြားသည်။

အဆိုပါ ကော်မတီကိုအဖွဲ့ဝင် ၂၄ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး၊ ကော်မတီနာယကများအဖြစ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ ဗမာတိုင်းရင်းသားဝန်ကြီးဦးရွှေမြင့်၊ ပအိုဝ်းတိုင်းရင်းသားဝန်ကြီးဒေါ်စံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားဝန်ကြီးဦးအောင်မြင့်ခိုင်၊ ဥက္ကဋ္ဌအဖြစ် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ အတွင်းရေးမှူးအဖြစ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကတို့ကဆောင်ရွက်သွားမည်ဖြစ်ကြောင်းကော်မတီအဖွဲ့ဝင်များကပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ လောလောဆယ်မှာကွမ်းစားခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်မှုတွေကိုပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်၊ ဌာနဆိုင်ရာတွေမှာကွမ်းမစားရ၊ ကွမ်းတံတွေးထွေးမရစတေကာတွေ ကပ်သွားမယ်၊ဒီကိစ္စကိုအတင်းအဓမ္မ လုပ်ဆောင်လို့မရဘူး၊ ပညာပေးလုပ်ငန်းတွေ များများလုပ်ဆောင်မှ ရမယ်”ဟုဒေါက်တာထိန်လင်းကပြောဆိုသည်။

ကော်မတီအနေဖြင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ စည်းရုံးကြပ်မတ်စေခြင်း၊ ဥပဒေများ၊ ဒေသန္တရအမိန့်များရေးဆွဲထုတ်ပြန်ခြင်း၊ ကွမ်းစားသုံးမှုကြောင့် ဖြစ်ပွားစေနိုင်သည့် ရောဂါများနှင့် ပတ်သက်ပြီး ပြည်သူများများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် လူမှုကွန်ရက်ပေါ် များမှ တစ်ဆင့် အသိပေးထုတ်ပြန်ခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဌာနဆိုင်ရာဝန်ထမ်းများတာဝန်အချိန်အတွင်းကွမ်းစားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် ကွမ်းအရောင်းဆိုင်များမရှိရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးရှောင်တခင်စစ်ဆေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ကွမ်းစားသုံးခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များထုတ်ပြန်ပြီး ကျူးလွန်ပါက ပြစ်ဒဏ်များချမှတ်သွားမည်ဖြစ်ကြောင်းကော်မတီအဖွဲ့ဝင်များကပြောကြားသည်။

Leave a Reply