Advertisements

မော်လမြိုင်၊ ဧပြီ

မွန်ပြည်နယ်အစိုးရအဖွဲ့က စမ်းသပ်လည်ပတ်ခွင့် ပေးအပ်ထားသည့် မော်လမြိုင် စက်မှုဇုန်ရှိ ခနောက်စိမ်း စက်ရုံများမှ အနံ့ဆိုးများ ထွက်ရှိသည်ဟု ပြောဆိုမှုကြောင့် ၎င်းကိုယ်တိုင် သွားရောက် စစ်ဆေးရာမှ အနံ့ဆိုး ထွက်ရှိမှု မရှိကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဧပြီ ၁၉ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော် ကိုယ်တိုင် သွားစစ်ကြည့်ပြီး ဒေသခံတွေနဲ့ မေးခဲ့တယ်၊ အနံ့ဆိုးရတယ်လို့ ပြောတဲ့သူလည်းရှိသလို မရဘူးလို့ ပြောတဲ့သူတွေလည်းရှိတယ်၊ ကျွန်တော် သွားတော့ ဘာအနံ့မှ မရဘူး”ဟု ဝန်ကြီးက ဆိုသည်။

စက်ရုံ လည်ပတ်သည့် အချိန်တွင် အနံ့ဆိုးများ ထွက်ရှိနေသည်ဟုဆိုသော် ခနောက်စိမ်း စက်ရုံများကို တစ်လ တစ်ကြိမ် အစီရင်ခံစာ တင်ရန်နှင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကို ညွှန်ကြားထားကြောင်း ၎င်းက ပြောဆိုသည်။

“စက်ရုံလည်းပြီဆို အနံ့ရတယ်၊ သူအနံ့တွေက တစ်မျိုးပဲ၊ လာလို့ရှိရင် အသက်ရှုလည်း ကျပ်တယ်၊ ချောင်းလည်းဆိုးလာတယ်၊ လည်းပင်မှာလည်း ယားနေသလို ခံစားရတယ်၊ တအားနံ့တဲ့ အခါကျရင် သူတို့ မနေနိုင်ဘူး”ဟု မော်လမြိုင် စက်မှုဇုန်တွင် We Mon တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်ခင်လေးနွယ်က ဆိုသည်။

ခနောက်စိမ်း စက်ရုံမှ အနံ့ဆိုး ထွက်ရှိမှုနှင့် ပတ်သက်၍ မော်လမြိုင် စက်မှုဇုန်တွင် နေထိုင်နေသည့် ဒေါ်သန်းလှက “အနံ့ရပြီးဆို ခေါင်းတွေ ပါတွေ ကိုက်တယ်၊ ကြာကြာ မခံနိုင်ဘူး”ဟု ပြောသည်။

မော်လမြိုင် စက်မှုဇုန်ရှိ ခနောက်စိမ်း စက်ရုံ ခြောက်ရုံကို ယခင်အစိုးရ လက်ထက်က အနံ့ဆိုးထွက်ရှိ၍ အဆိပ်ငွေ့ ထုတ်လွှင့်မှုကြောင့် ဒေသခံများ ယားယံခြင်း၊ ချောင်းဆိုခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါ စက်ရုံများကို ယာယီ ပိတ်သိမ်းထားခဲ့သည်။

သို့သော် ယခု အစိုးရ လက်ထက်တွင်မူ အဆိုပါ ခနောက်စိမ်း စက်ရုံ ခြောက်ရုံ အနက် စက်ရုံ သုံးရုံမှ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP) အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ သုံးခု တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စ၍ စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသည်။

စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသည့် ခနောက်စိမ်း စက်ရုံများတွင် မြန်မာ ရှင်းရှင်း မက်တယ်၊ မြန်မာ ဆန်းဇော်၊ အရှေ့မြောက် ဆင်ဖြူတော် ခနောင်စိမ်း သတ္တု သန့်စင်ရုံတို့ပဲ ဖြစ်သည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply