ခန့်မှန်းဝင်ငွေအောက် လျော့ကျနိုင်ကြောင်း သတင်းထုတ်ပြန်လိုက်၍ Apple ရှယ်ယာဈေးကျဆင်း

 

အမေရိကန် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သော Apple ကုမ္ပဏီက ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွက် ယင်းတို့၏ ဝင်ငွေမှာ ယခင် ခန့်မှန်းထားသည်ထက် ဒေါ်လာ ၉ ဘီလီယံခန့် လျော့နည်းနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများ သိရန် ဇန်နဝါရီ ၇ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်မှုကြောင့် ကုမ္ပဏီ၏ ရှယ်ယာဈေးများ ဆက်တိုက်ကျဆင်းခဲ့ရကြောင်း သိရသည်။

အကြောင်းရင်းမှာ IOSအသုံးပြုသူများက iPhoneအသစ် လဲလှယ်မည့်အစား Battery ကိုသာ လဲလှယ် အသုံးပြုသူ များပြားနေခြင်းကြောင့်ဟု ဆို၏။

တရုတ်ဈေးကွက်တွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် မအောင်မြင်ဖြစ်ရခြင်းများကိုလည်း ကုမ္ပဏီက အကြောင်းပြခဲ့သည်။

သတင်းမထုတ်ပြန်မီတွင် Appleကုမ္ပဏီ၏ ရှယ်ယာရောင်းချမှုကို ခေတ္တ ရပ်ဆိုင်းခဲ့ရာ ထိုစဉ်ကက ရှယ်ယာတစ်စုလျှင် ၁၅၇ ဒေါ်လာအထိ ဈေးမြောက်နေခဲ့သေးသည်။ သို့သော် သတင်းထုတ်ပြန်အပြီးတွင်မူ ၁၄၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။

ယင်းမှာ ရှယ်ယာအမြတ်၏ ၁၀ရာခိုင်နှုန်းခန့် ကျသွားခြင်းဖြစ်သည့်အတွက် Apple ကုမ္ပဏီကြီးအဖို့ ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်နေရကြောင်း သိရသည်။

AFP

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.